အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ကြာသပတေးနေ့

၆ ဧပြီ ၂၀၂၃

၀၄:၃၆:၁၄
1356387

မြောက်ဥက္ကလာ င ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲ

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ င ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဧပြီ ၅ ရက် ဒီနေ့မနက် ၅ နာရီခွဲက ဗုံးနဲ့အပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ င ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဧပြီ ၅ ရက် ဒီနေ့မနက် ၅ နာရီခွဲက ဗုံးနဲ့အပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ရပ်ကွက် နေသူတွေ ဆီက သိရပါတယ်။

င ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ စစ်ကောင်စီတပ် ရောက်ရှိနေချိန် လမ်းမပေါ်ကနေ ဗုံးနဲ့ပစ်သွားတာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“တယောက်ထိတယ်လို့ ကြားတယ်။ စစ်တပ်ကထိတာလား၊ အုပ်ချုပ်ရေးဘက်က ထိတာလား မသိဘူး။ အခု လမ်းကိုပိတ်ပြီး စစ်နေတယ်။”

ဗုံးပေါက်ပြီးနောက် စစ်ကောင်စီတပ်က ရုံးနဲ့အနီးတဝိုက်လမ်းတွေကို ပိတ်ဆို့စစ်ဆေးခဲ့ပြီးနောက် ဆိုင်ကယ် ကယ်ရီသမားတချို့ကို ခေါ်ယူမေးမြန်းခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

င ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ မကြာခဏ ဗုံးနဲ့အပစ်ခံရလို့ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး အခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်မှာ ဗုံးပေါက်ခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ခဏခဏဗုံးပေါက်တော့ CCTV တော့ တပ်ထားတယ်။ မီးပျက်တဲ့အချိန် လာပစ်တော့ ဖမ်းလို့မရဘူး။ ဘယ်နေ့ ဘယ်သူတွေ ဗုံးနဲ့အပစ်ခံရလို့ သေမလဲ တော့ မသိဘူး။”

မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးရုံး၊ စရဖရုံးနဲ့ EPC ရုံးတွေ မကြာခဏ ဗုံးနဲ့အပစ်ခံရပြီးနောက် စောင့်ကြည့်လုံခြုံရေးအဖွဲ့ ဖွဲ့ထားပေမဲ့ ပစ်ခတ်မှုတွေဖြစ်ပြီးနောက် အဆိုပါအဖွဲ့မှာ ပါဝင်သူမရှိတော့ဘူးလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

****************************************************************
END / 251