မရ်ကဇ်စေအေလ်မိုအမလ်ကရာချီ၏ဥယျောဇဉ်
أَحَسِبَ النَّاسُ أَنْ يُتْرَكُوا أَنْ يَقُولُوا آمَنَّا وَهُمْ لَا يُفْتَنُونَ ﴿2﴾ وَلَقَدْ فَتَنَّا الَّذِينَ مِنْ قَبْلِهِمْ ۖ فَلَيَعْلَمَنَّ اللَّهُ الَّذِينَ صَدَقُوا وَلَيَعْلَمَنَّ الْكَاذِبِينَ ﴿3﴾ أَمْ حَسِبَ الَّذِينَ يَعْمَلُونَ السَّيِّئَاتِ أَنْ يَسْبِقُونَا ۚ سَاءَ مَا يَحْكُمُونَ (4)
سوره عنکبوت آیت 2 ،3 ، 4
အဓိပ္ပာယ်စကားပြေ
(( လူထုမနုဿ၊ပုထုဇဉ် အပေါင်း အနေဖြင့်ကျွန်ုပ် တို့မြတ် အလ္လာဟ် အပေါ်အီမာန် သက်ဝင် ယုံကြည်ပါသည်ဟုပြောလိုက် ရုံလေးဖြင့်ပြီးသွား မည်ဟု ထင်နေကြပါ သနည်း၊၎င်းတို့သည်( မြတ်အလ္လာဟ်ဖက်မှစမ်းစစ်၊စမ်းသပ်မှုပြုခြင်းကိုခံရမည် မဟုတ် ပါလော၊ ပြီး နောက်(ငါအလ္လာဟ် ဟို အရှင်မြတ် သခင်သည်)ဧကန်မုချ၊၎င်းတို့ ထက် အရင်ကပုထုဇဉ်လူသား အပေါင်းကို လည်းစမ်းသပ်စိစစ်တော်မူခဲ့ လေသည်။
အကြောင်း မှာအလ္လာဟ်ဟိုအရှင်မြတ်သခင် သည်မည်သို့ပင်ဆို စေ၊မည်သူသည်စစ်မှန်သည့်ပုဂ္ဂိုလ်ဖြစ်ကြောင်း(လက်တွေ့) သိလိုတော်မူ ၍ဖြစ်ချေ သည်။ထို့ပြင် မည်သူသည်လည်းလူလိမ်လူညာဖြစ်ကြောင်း (လက်တွေ့၊သက်သေပြ)ရန်အရေးကြီး လိုအပ်တော်မူလေသည်။
ကျွန်ုပ် တို့တွေ (စမ်းသပ်စိစစ်မှု ပြုခြင်းခံရမှုများမှ) လွတ်မြောက် သွား ကြ မည်ဟုမကောင်းမှုဒုစရိုက် သမားများအနေဖြင့်ထင်နေပါသ လော?ဤ ကဲ့ သို့ထင်မြင်ဆုံးဖြတ်မှု သည်မည်မျှပင်မကောင်းသည့်ဆုံးဖြတ် မှုပင် တည်း။ဤ (မကောင်းမှု ဒုစရိုက် သမား များ) ပြု လုပ်နေကြပေ သည်။ ))
.....................................................................................
မနုပုထုဇဉ် လူသား၏ ဘ၀သည်သီးသန့် အထူးရည် ရွယ်ချက် တစ်ခု အတွက်ဖန်ဆင်း တော်မူခြင်းခံရ လေသည်။ ဆိုလိုသည် မှာတစ်ဦး တစ် ယောက်တည်းဘ၀တည်ဆောက်၍၎င်း၊၎င်းအပြင် အများနှင့် စုပေါင်း နေထိုင် ၍ဘ၀ ကိုလျှောက်လှမ်းပြီးထိုမြတ်အလ္လာဟ်၏သီးသန့်အထူးရည် ရွယ်ချက်ကိုဆွတ်ခူးနိုင်သည့် အခြေ အနေကိုဆိုက်ရောက်မှသာလျှင်အင်စာန်မနုဿလူသား သည်ဒွနွယာ လောကီနှင့်အာခေ ရတ်(သ)လောကုတ္တရာနှစ်ဌာနတွင်အောင်မြင်မှုကိုပိုင်ဆိုင်မှာဖြစ်လေ သည်။
ရည်မှန်းချက် ပန်းတိုင်တိုင်း အတွက်သီးသန့်၊အထူး ရှယ်လမ်းစဉ် တစ်ခု၊နည်းစနစ်တစ်ခုကိုရွေးချယ် လျှောက်လှမ်း မှသာလျှင်ဆိုက်ရောက် နိုင်ပါသည်။ထိုနည်းတူစွာမြတ်အလ္လာဟ်၏ရည်မှန်းထားမှု၊ပန်းတိုင် ဆီ လျှောက်လှမ်းဖို့သည် လည်းအထူး နည်းလမ်းတစ်ခုအပမဖြစ်နိုင်ချေ။ထိုလမ်းစဉ်နည်းစနစ်ကို လည်းမအ်စူးမီး(မ်)ပြစ်မဲ့၁၄ပါး(အ.စ) အနေဖြင့်မိမိတို့ ၏ဆိုဆုံးမသြ၀ါဒမွန်များ၊လက်တွေ့လုပ်ဆောင်ပြမှု များဖြင့်ကောင်းမွန် စွာရှင်းလင်းတင်ပြထားပြီး ဖြစ်ပါသည်။
မအ်စူးမီး(မ်)ပြစ်မဲ့ ၁၄ပါး (အ.စ) ၏ဆိုဆုံးမမှုများအပေါ်လက်တွေ့ လိုက်နာ ကျင့်သုံးသူ၊ ၎င်းတို့လုပ်ဆောင်ချက်များကိုထောက်ခံပြီးပြန်လည် ကျင့်သုံးပြသူကိုရှီအာဟုခေါ်ဆို ပေသည်။မိုဟေဗ်(ခ) အချစ်မေတ္တာထားသူဆိုသည်မှာချစ်တတ်၊မေတ္တာထားတတ် သူတိုင်းအဖို့ဖြစ်နိုင်ပေသည်။သို့သော်ရှီအာဆိုသည်မှာလက်တွေ့လိုက်နာ ကျင့်သုံး ပြသူမှ အပမဖြစ်နိုင်ချေ။
ဤ အတွက်ကြောင့်ခေတ်တိုင်း၊ကာလတိုင်းမှာရှီအာ၏ဂုဏ်သိက္ခာထူးနေရာ တစ်ခုရှိလေသည်။
အသန့်ရှင်းဆုံး၊အစင်ကြယ်ဆုံးစာရိတ္တပိုင်ရှင်၊အလ္လာဟ်ဟို အရှင်မြတ် သခင်၏ကျေးကျွန်ပီသမှုတွင်အတု မဲ့မှု၊ကောင်းမွန် မြင့်မြတ် သည့်အကျင့် စရိုက် ပိုင်ရှင် ၊ တရားလည်းသိပြီးတရားရှိသူ၊အပြောနှင့် အလုပ် ညီမျှ သူအဖြင့်သီးခြား ဂုဏ်နေရာ ရရှိထား သူ ဆိုသည်မှာရှီအာဖြစ်ချေ သည်။
သို့သော်ဝမ်းနည်းကြေကွဲစရာပင်တည်း။ အကြိမ်တစ်ရာဝမ်းနည်းစရာ။ယနေ့မျက် မှောက်တွင်ရှီအာဟုခံယူထားသူအများစုဟာလက်တွေ့ လိုက်နာကျင့်သုံးမှုနှင့်ဝေးနေ ကြလေသည်။အချို့ ရှီအာဆိုလျှင်ငါတို့ ကြိုက်တာလုပ်ငါတို့ကိုမအ်စူးမီး(မ်)(အ.စ)က အသနား ခံပေးလိုက်မည်ဟုပြောနေသည်ကိုလည်း (စိတ်မကောင်းစွာ) တွေ့ရ လေသည်။
ကျွန်ုပ်တို့ရှီအာများ အနေဖြင့်မြတ်အလ္လာဟ် ၏အေဗာဒသ်လည်းမလုပ်၊ကောင်း မြတ်မွန်မြတ်သည့်အကျင့်စရိုက်လည်းမပိုင်ဆိုင်၊မကောင်းမှု ဒုစရိုက်ပြဿနာ လုပ် သည်မှာလည်းခေါင်းကနေခြေ အထိမလွတ်၊မိမိ ထက်ကြီးရင့်သူ(အသက် အရ ဖြစ် စေ၊၀ါပညာ အရဖြစ်စေ) ကိုမလေးစား၊ဂါရ၀ တရားမထား၊ဤအရာတွေကိုကျနော် တို့ လုပ်နေ လည်း ပဲမအ် စူးမီး(မ်) ပြစ်မဲ့(၁၄) ပါး (အ.စ) မှအသနားခံ လျှောက်ထား ပေးကြ မည် လော။နအူဇို ဗစ်လ္လာဟ်၊ဘယ်လိုရှိုင်တွာန်၏အကြောင်းပြချက် ပါလဲ။
ကျွန်ုပ်တို့ အနေဖြင့်အေမာမ်(၁၂)ပါး (အ.စ) ထံဖက်မှတရားတော် ကို လက်တွေ့၊လိုက်နာကျင့်သုံးဖို့၊ဟဒီးစ်တော်အမြောက်အများမိန့်ကြား ခံသည်ကိုလေ့လာမှတ်သား နိုင် ပါသည်။
သို့သော် (နအူဇိုဗစ်လ္လာဟ်) မင်းတို့ကြိုက်တာ လုပ်ကြ၊ငါတို့( မြတ် အလ္လာဟ် ထံ) အသနားခံလျှောက်ထားပေမည်ဆိုသည့် သဘော ဆောင် သည့် တရားသိပြီး တရားရှိဖို့မလိုဟုအဓိပ္ပါယ် ကိုဖော်ပြသည့်ဝါကျ တစ်ကြောင်း ကိုမည်သည့်နေရာတွင်မိန့်ကြား ခဲ့ကြောင်းတွေ့ဖူးပါသလား?
အဟ်လေဘိုက်(သ)(အ.စ) အနေဖြင့်အလ္လာဟ်ဟိုအရှင်မြတ်၏အမိန့် ကိုနာမခံကြနှင့် (နအုဇိုဗစ်လ္လာဟ်) ဟုမိန့်ခဲ့ပါသလော သို့မဟုတ်အမြဲတမ်းမြတ်အလ္လာဟ်၏အေဗာဒသ်ပြုကြပါ၊အမိန့်တော်ကိုလက်တွေ့လိုက်နာကျင့်သုံးကြပါဟုတိုက်တွန်းနှိုးဆော်၍မမိန့်တော်မူခဲ့ ပါသလော ?
ဤအတွက်ကြောင့်အေမာမ်ဟိုစိန်(န)(အ.စ)သခင် အနေဖြင့်ဤကဲ့သို့မိန့် တော်မူခဲ့လေသည်။
رضا الله رضانا اهل البیت (ع)
))အလ္လာဟ်ဟို အရှင်မြတ်သခင် ၏ကျေနပ်နှစ်မြို့ မှုသည်ကျွန်ုပ်တို့ အဟ်လေ့ ဘိုက်(သ)(အ.စ) ၏ကျေနပ်နှစ်မြို့ တည်း။ ((ကြိုက်တာ လုပ်အဟ်လေ့ဘိုက်(သ) (အ.စ) အသနားခံ ပေးလိမ့် မည် ဟုအတွေးအခေါ် ရှိသူစဉ်းစားသူတိုင်းသည်မောင်လာ အလီ(အ.စ) ၏ ရှီအာ (ရှီအာအေမာမ်မီယာ) (အစစ်) တော့မဖြစ်နိုင် ချေ။
တစ်နည်းဆို ရလျှင်မသူတော် သူယုတ်တို့၏တရားသာ သိပြီးတရား မရှိသူ အပြော နှင့် အလုပ်မညီသူများ၏ရှီအာ(နောက်လိုက်) သာဖြစ်ပေ မည်။
မောင်လာ အလီ (အ.စ) ၏ရှီအာ(ရှီအာ အေမာမ်မီယာ) ဆိုတာ ဘယ်သူ ကိုခေါ်တာ လဲ၊ဤအတွက်မအ်စူးမီး(မ်)(အ.စ) ၏ဟဒီးစ်တော် များ ကမည် ကဲ့သို့မီးမောင်းထိုးပြထားပြီးမည်ကဲ့သို့မိန့်တော်မူထား သည် ဆိုသည့် အကြောင်းရှုစားကြပါမည်။လေ့လာမှတ် သား ကြပါမည်။
အမီးရွလ် မိုမေနီ မောင်လာအလီ(အ.စ) သခင်ကြီးအနေဖြင့်မိမိ၏ရှီအာ (နောက် လိုက်) အဖြစ်မည်သို့သော် ပုဂ္ဂိုလ်များ ကို သတ်မှတ် ခဲ့ကြောင်းထို့ ပုဂ္ဂိုလ်များကဲ့သို့ စာရင်းဝင်ရန် အတွက် မည်သည့် ဂုဏ်ရာထူးသိက္ခာ (ရှိရမည်ဖြစ် ကြောင်း) ရှိကြောင်းမိန့်ကြားချက်များကိုနှလုံးသွင်းကြပါ စို့ ...
အိုအလ္လာဟ်ဟိုအသျှင်မြတ်သခင်ကြီးလောကီဒွန္နယာနှင့်လောကုတ္တရာ အာခေရတ်(သ)တွင်ကြီးကျယ်မြင့်မြတ်သည့်အဖွဲ့ဝင်၊ဟဇရသ်အလီ(အ.စ) ၏ရှီအာ (ရှီအာ မေမာမ်မီယာ) စာရင်းဝင်ရန်ကျွန်တော်တို့ကိုလည်းနဖူး စာကံဖြင့်သတ်မှတ်ပေးသနား တော်မူပါ။အာမီးန်
ပုံနှိပ်မှုဆိုင်ရာဌာန
မရ်ကဇ်စေအေလ်မိုအမလ်ကရာချီ
E 31 ရဇ၀ီးယာ- စိုဆိုက်တီ
နဇင်(မ်)အာဗါဒ်၊ကရာချီမြို့
ပါကစ္စတန်
ရှီအာများ၏ဖြစ်ပေါ်ဖန်တီးမှု
ဟဒီးစ်တော်(၁)
قال الصَّادِقِ ع : قَالَ: شِيعَتُنَا جُزْءٌ مِنَّا، خُلِقُوا مِنْ فَضْلِ طِينَتِنَا، يَسُوؤُهُمْ مَا يَسُوؤُنَا، وَ يَسُرُّهُمْ مَا يَسُرُّنَا، فَإِذَا أَرَادَنَا أَحَدٌ فَلْيَقْصِدْهُمْ فَإِنَّهُمْ الَّذِينَ يُوصَلُ مِنْهُ إِلَيْنَا.
امالی شیخ طوسی ره جلد1
စကားပြေအဓိပ္ပာယ်
အေမာမ်ဂျအ်ဖွာရ်ဆွာဒစ်(အ.စ)မိန့်တော်မူလေသည်။
ကျွန်ုပ်တို့၏ရှီအာသည်ကျွန်ုပ်တို့၏အစိတ် အပိုင်းဖြစ်ချေ သည်။၎င်းတို့အားကျွန်ုပ်တို့၏သန့်စင်သန့်ပြန်သည့်မြေမှဖန်ဆင်း ထားခြင်းဖြစ်ပေသည်။ကျွန်ုပ်တို့ကိုဒုက္ခ၊သောကဖြစ်စေသောအရာသည်၎င်းတို့အဖို့ လည်းဒုက္ခ၊သောကကိုဖြစ်စေ လေ သည်။ကျွန်ုပ်တို့ကိုပီတိ၊၀မ်းမြောက်ဝမ်း သာဖြစ်စေသည့်စကားသည်လည်း၎င်းတို့အဖို့ပီတိဝမ်းမြောက်ဝမ်းသာကိုဖြစ်စေပေသည်။အကြင်မည်သူမဆိုကျွန်ုပ်တို့နှင့် နီးစပ် နီးကပ်ရင်းနှီးလို လျှင်၎င်းတို့ထံချည်းကပ်ပါလေ။အကြောင်းမှာ၎င်းတို့သည်ကျွန်ုပ် တို့နှင့်သာမန်မနုဿ၊ပုထုဇဉ်လူသားများအကြားအမှီခံ၊ဆက်နွယ်ပေးသူများ ဖြစ် ချေ သည်။
ညွှန်း - အမာလီရှိက်ခ်သူစီ(ရ.ဟ)ကျမ်းအတွဲ (၁)
စဉ်းစား၊မှတ်သား၊ပညာယူစရာနှင့်ပြုပြင်စရာများ
အထက် ဖော်ပြပါဟဒီးစ်တော်အားလေ့လာသုံးသပ်ခြင်းဖြင့်အထင် အရှား သိမြင် ရမည့်အချက်မှာအဟ်လေ့ဘိုက်(သ)(အ.စ)၏နှစ်သက် သည့် အရာများသည်၎င်းတို့၏စစ်မှန်သောရှီအာများ၏နှစ်သက်ပေမည်။ထို့ အတူမုန်းတီးရွံရှာသော အရာများ သည် လည်းရှီအာအစစ်အမှန်များမုန်းတီးရွံရှာလေ၏။
ဤအတွက်ကြောင့်အလ်လေ့ဘိုက်(သ)(အ.စ)မည်သည့် အရာများ ကိုနှစ်သက် မြတ်နိုး တန်ဖိုးထားကြောင်း၊မည်သည့်ကိစ္စများကိုမုန်းတီး၊မနှစ် မြို့ ကြောင်း အသေအချာ သိရှိထားဖို့၊လေ့လာလိုက်စား၊ကျင့်သုံး နာယူရန် ရှီအာ စစ်ရှီအာ မှန်ဖြစ်လိုသူတိုင်း၏သမိုင်းပေးတာဝန်တစ်ရပ်ဖြစ်ပေသည်။
ဤအတွက်ကြောင့်အဟ်လေ့ဘိုက်(သ)(အ.စ) သည်အလ္လာဟ်ဟို အ ရှင် မြတ် သခင်၏လမ်းစဉ်တွင်လှူဒါန်းပေးကမ်းခြင်းကိုနှစ်သက်မြတ်နိုး၏။
ကျွန်ုပ်တို့သည်မိမိကိုယ်ကိုရှီအာဟုလည်းကြွေးကြော် ၏။သို့သော်အလ္လာဟ်ဟိုအရှင် မြတ်လမ်းစဉ်တွင်လှူဒါန်းဖို့စိတ်မပါဆိုလျှင်….? စဉ်း စား စရာ ....?
၎င်းတို့သည်နမာဇ်၊ရိုဇာ၊ခွမ်းစ် စသည်ဖြင့်ကိုနှစ်သက်၏။လက်တွေ့ လုပ် ဆောင် ခဲ့ကြလေ၏။ကျွန်တော်တို့ကမူ…...!!!???.
၎င်း တို့သည် မာန်မာန၊အတင်း အဖျင်း ၊ကောက်ကျစ် ခြင်း ၊စကား အပေး အယူ ပြု မှုခြင်း စသည့်မကောင်း မှုဒုစရိုက်များကိုရွံမုန်း၍ လုံးဝ ရှောင် ကြဉ် ကြ လေ ၏။ကျွန်တော်တို့ ကရှင်းပြဖို့ ပင်မလို ၊ လက်ရှိ အခြေအနေအမှန် ကို အများစု အသိပင် ......!!!???
သင်ခန်းစာများ
(၁) ရှီအာများသည်အဟ်လေ့ဘိုက်(သ)(အ.စ) ၏ အစိတ် အပိုင်းဖြစ် လေရာရှီအာ များကိုပုတ်ခတ်စွပ်စွဲမတရားပြော သူများ၊ယုတ် စွကာဖေရ်ဟုပြောသူများ သည်ကိုယ်တော်မြတ်(ဆွ) ၏အနွယ် တော် မွန် များ (အ.စ) ကိုပြောဆိုခြင်း မည်သွား လေ၏။
(၂)ရှီအာများသည်ကိုယ်တော်မြတ်(ဆွ)နှင့်အဟ်လေ့ ဘိုက်(သ) (အ.စ)တို့၏အကြိုက်ကိုသာကြိုက်ပြီးး၊မနှစ်မြို့ လည်းမနှစ်မြို့ ကြ ချေ။အေးအတူ ပူ အမျှဝမ်းသာ အတူဝမ်းနည်းမလွဲပင်တည်း။
(၃)အလ္လာဟ်ဟို အရှင်မြတ်ထံရောက်ဖို့နီးစပ်ဖို့ချည်းကပ်နိုင်ရန်တမန်တော် မြတ်ကြီး(ဆွ)၏၀ဇီလာလိုလေ၏။ကိုယ်တော် ထံ ရောက်နိုင်ရန်အဟ်လေ့ ဘိုက်(သ)(အ.စ) ၏၀ဇီလာလိုပြန် လေ သည်။အနွယ်တော်မွန်များ ထံရောက် ရန်တစ်ခါရှီအာအစစ် အမှန်တို့လိုပြန်ကြောင်းထင်ရှားနေလေ၏။ဤအတွက် ကြောင့်အ ဆင့် မကျော်နိုင်ကြောင်းဆိုသည့်အချက် ကိုမေ့မရ ချေ။
ဝမ်းနည်းစရာ ၊ ဤမျှအဆင့်သရ်ဂျာကြီး ကျယ်မြင့်မြတ်သည့်ရှီအာအားယနေ့မိမိ ကိုယ်မိမိမွတ်စလင်မ်ဟုခံယူထားသူအရေခြုံအတုများ အနေဖြင့်သူခိုးကလူပြန်ဟစ်ဆိုသည့်အခြေအနေသို့ရောက်နေလုပ်နေကြလေသည်။
ဝမ်းသာမှုနှင့်ဝမ်းနည်းမှု၏စံမှတ်ကျောက်
ဟဒီးစ်တော်(၂)
قال علی ع : إِنَّ اللَّهَ سُبْحَانَهُ وَ تَعَالَى اطَّلَعَ إِلَى الْأَرْضِ فَاخْتَارَنَا وَ اخْتَارَ لَنَا شِيعَةً يَنْصُرُونَنَا وَ يَفْرَحُونَ لِفَرَحِنَا وَ يَحْزَنُونَ لِحُزْنِنَا وَ يَبْذُلُونَ أَنْفُسَهُمْ وَ أَمْوَالَهُمْ فِينَا فَأُولَئِكَ مِنَّا وَ إِلَيْنَا وَ هُمْ مَعَنَا فِي الْجِنَانِ.
غررالحکم
စကားပြေအဓိပ္ပာယ်
အေမာမ်အလီ(အ.စ)မိန့်ချွေတော်မူလေသည်။
အလ္လာဟ်ဟို အရှင်မြတ်သခင်အနေဖြင့်မြေပထ၀ီပေါ်သို့ဂရုပြုတော် မူ ၍ကျွန်ုပ် တို့အားရွေးချယ်မြောက်စားလေ၏၊ ပြီးနောက် ကျွန်ုပ် တို့ အတွက်ကျွန်ုပ် တို့ အားကူညီ ဖေးမသည့် အုပ်စုရှီအာ၊ကျွန်ုပ်တို့ဝမ်းသာလျှင်လိုက် ၍၀မ်း သာ သည့်အုပ်စု(ရှီအာ)၀မ်း နည်းကြေကွဲလျှင်လိုက်၍၀မ်းနည်းကြေ ကွဲ သည့်အုပ်စု(ရှီအာ) အားဖန်ဆင်း ချီးမြှင့် တော်မူခဲ့လေသည်။ထို(ရှီအာများ သည်)မိမိတို့၏အသက်ဇီဝိန်၊ပစ္စည်းဥစ္စာအားကျွန်ုပ်တို့ အတွက်စ တေးကြ လေ သည်။ဤ(ရှီအာ)များသည်ကျွန်ုပ်တို့မှဖြစ် ချေသည်။၎င်းတို့ သည်ကျွန်ုပ် တို့ ဖက်မျက်နှာမူထားလေသည်။ဂရုစိုက် လေသည်။ ပြီးနောက်ဂျန္နတ်၊အမတ သုခဘုံ၌လည်းကျွန်ုပ်တို့နှင့် အတူစံမြန်းကြပေလိမ့်မည်။
ညွန်း - ဂိုးရရိုဟေကမ်း(မ)ကျမ်း
သင်ခန်းစာများ
(၁)ရှီအာအစစ်အမှန်ဖြစ်လိုလျှင်မိမိတို့၏၀မ်းသာမှု၊၀မ်းနည်းမှုကိုအဟ်လေ့ ဘိုက်(သ)နှင့်တူမတူစိစစ်ရပေမည်။
(၂)ကိုယ်တော်(ဆွ)နှင့်ကိုယ်တော်(ဆွ)၏အနွယ်တော်မွန်၊အိမ်တော် သူအိမ်တော်သား (အ.စ) များအတွက်အသက် ဥစ္စာ ပစ္စည်း အချိန်စသည်တို့ကိုရှီအာစစ်လျှင်စတေးရဲ ပေမည်။မိမိကိုယ်မိမိရှီအာဟုကြေငြာပြီးအမှန်တကယ်ရိုးသားပြီးအတိ အကျ၊ပေး သည့်သူတော်စင်၊သူတော်ကောင်းလူကြီးလူကောင်းတို့ အနေ ဖြင့်မဂျလစ်ပြုရန်စာအုပ်ထုတ်ဝေရန်၊မဟော်ရမ်ထမင်းကျွေးရန်အလှူ ငွေ တောင်းခံချိန်၌လက်တွန့်သူများ၊မသိချင်ယောင်ဆောင်နေ သူ များသတိပြ၊ုပြု ပြင်သင့်ပေသည်။အင်ရှာအလ္လာလ် - မြတ်အလ္လာဟ် ပြုပြင် နိုင်စွမ်းပေးသနားတော်မူပါစေ။
(၃)အမြဲ တစေကိုယ်တော်နှင့်အနွယ်တော်မွန်တို့အပေါ် ဂရုစိုက် စိတ် ၀င် စားဖို့ လိုပေသည်။
(၄)ရှီအာသည်ကိုယ်တော်မြတ်(ဆွ) နှင့်အလ်လေ့ဘိုက်(သ) (အ.စ) နှင့်အတူဂျန္နတ် တွင်စံမြန်းရမည်ဟုသာဝကတော်များတွင်အမှန် ကန်ဆုံးပညာအရှိဆုံး၊အကြီးကျယ်၊အမြတ်ဆုံးဖြစ်သည့်မောင်လာ အလီ(အ.စ)၏ဟဒီးစ်တော် မှန် ရှိလျှက်ရှီအာ(၇) ဦးကိုသတ် လျှင်ဂျန္နတ်ရောက် မည်ဆို သည့်စလ်ဖီ၊၀ဟာဘီ တို့၏ဖသ်ဝါမှာရယ် စရာ၊ သနားစရာပင်တည်း။
ရှီအာများ၏ဂုဏ်ရည်များ
ဟဒီးစ်တော်(၃)
قَالَ الصَّادِقُ ع : شِيعَتُنَا أَهْلُ الْوَرَعِ وَ الِاجْتِهَادِ وَ أَهْلُ الْوَفَاءِ وَ الْأَمَانَةِ وَ أَهْلُ الزُّهْدِ وَ الْعِبَادَةِ أَصْحَابُ إِحْدَى وَ خَمْسِينَ رَكْعَةً فِي الْيَوْمِ وَ اللَّيْلَةِ الْقَائِمُونَ بِاللَّيْلِ الصَّائِمُونَ بِالنَّهَارِ يُزَكُّونَ أَمْوَالَهُمْ وَ يَحُجُّونَ الْبَيْتَ وَ يَجْتَنِبُونَ كُلَّ مُحَرَّمٍ.
بحارالانوار جلد 65 ص 167 (ط .بیروت )
စကားပြေအဓိပ္ပာယ်
အေမာမ်ဂျအ်ဖရ်ဆွာစ်(အ.စ)မိန့်တော်မူလေသည်။
ကျွန်ုပ်တို့၏ရှီအာဆိုသည်မှာသီလသမာဓိဆောက်တည်သူ၊ကုသိုလ် ကောင်းမှုအတွက်ကြိုးပမ်းအားထုတ်သူ၊သစ္စာ၊ကတိတည်သူ၊အလွဲသုံးစား မပြုသူ၊လောက မမက်မောသူနှင့်အေဗာဒသ်ပြုသူဖြစ်ချေသည်။နေ့နှင့်ည တွင်(၅၁) ရကတ်နမာဇ်ဖတ် လေသည်။တစ်ညလုံး(အေဗာဒသ်ပြု၍နိုးထ နေပေသည်။နေ့၌ရိုဇာ ဥပုသ် သီလ ဆောက်တည်လေသည်။မိမိ၏ဥစ္စာ ပစ္စည်းမှဇကာသ်ပေးဆောင်ပေသည်။မြတ် အလ္လာဟ် အိမ်တော် သို့သွား ရောက် ပြီး ဟဂ်ျပြုလေသည်။ဟရမ်လုပ်ရပ်မှန်သမျှမှရှောင်ကြဉ် ပြီးနေထိုင် လေ၏။
ညွှန်း- ဘေဟာ(ရ)ရွလ် အန်န၀ါရ်ကျမ်း အတွဲ၆၅၊စာမျက်နှာ၁၆၇၊ ပုံနှိပ် - ဘေရွတ်မြို့
သင်ခန်းစာများ
(၁)ရှင်းပြရန်ပင် မလိုအပ် တော့ချေ။
(၂)၅၁ရကတ်ဆိုသည်မှာနမာဇ်(၅)ကြိမ်နှင့်နာဖေလာများအပါအ၀င်နမာဇ် စေရှဗ် (ခ) နမာဇ်စေသဟ်ဂျွဒ်(၁၁) ရကတ် ကိုပေါင်း၍ဆို လို ထား ပေသည်။(၅၁) ရကတ်ကိုမဆိုထားပဲနေ့စဉ်နမာဇ်(၅) ကြိမ် မမြဲ သူများမိမိကိုယ်ရှီအာဟုထင်နေကြွေးကျော်နေ သည် မှာရှက်စရာပင်တည်း။
(၃)ကျွန်တော်တို့ တတွေ တစ်ညလုံး အေဗာဒသ် အတွက်ဆို နိုးမနေပဲ၊ညတစ်ဝက် (သို့မဟုတ်) ညနက် သည်အထိ ရုပ်ရှင်ကြည့် နေ ၊လက်ဖက် ရည်ဆိုင်ထိုင်နေစ သည်ဖြင့်အလုပ်များ လုပ်နေပြီး ၊ကိုယ့်ကိုရှီအာဟုထင်နေသည်မှာလည်းတွေးစရာရှက်စရာပင်။
(၄)ရှီအာမှန်လျှင်ဇကာသ်လည်းပေးဆောင်ရ မည်ဟုဟဒီးစ်တော် ကညွှန်းထား ရာတရားသည့်နည်းဖြင့်ငွေချမ်းသာဖို့လိုပြန်ပေသည်။ငွေအသပြာပစ္စည်းဥစ္စာမရှိလျှင်မည်သို့ ဇကာသ် ပေးကြမည် နည်း?တရားသည့်နည်းဖြင့် ရှာမှ သာလျှင်ဟဒီးသ်တော် နောက်တစ်ချက် အဆိုဖြစ်သည့်ဟရမ်လုပ်ရပ်မှန် သမျှ မှရှောင် ကြဉ် ခြင်း နှင့်ညီ ပေမည်။
ရှီအာများ၏လက္ခဏာ(၁)
ဟဒီးစ်တော် (၄)
قَالَ الصّادق ع : امْتَحِنُوا شِيعَتَنَا عِنْدَ ثَلَاثٍ عِنْدَ مَوَاقِيتِ الصَّلَاةِ كَيْفَ مُحَافَظَتُهُمْ عَلَيْهَا وَ عِنْدَ أَسْرَارِهِمْ كَيْفَ حِفْظُهُمْ لَهَا عِنْدَ عَدُوِّنَا وَ إِلَى أَمْوَالِهِمْ كَيْفَ مُوَاسَاتُهُمْ لِإِخْوَانِهِمْ فِيهَا.
الخصال ج 1 ص 103
စကားပြေအဓိပ္ပာယ်
အေမာမ်ဂျအ်ဖွရ်ဆွာဒစ်(အ.စ)မိန့်တော်မူလေသည်။
ကျွန်ုပ်တို့၏ရှီအာဟုတ်မဟုတ်လက္ခဏာအချက်(၃) ချက်ဖြင့်စိစစ် နိုင် ပေသည်။
(၁)နမာဇ် အချိန် ကိုမည်ကဲ့သို့ ထိန်းသိမ်း စောင့်ရှောက် မှုပြု ကြောင်းနမာဇ် ကိုနမာဇ် ၏ပထမအချိန်နှင့်ဝတ်ပြုခြင်း
(၂)မိမိတို့၏လျှို့ဝှက်ချက်များကိုအဟ်လေ့ ဘိုက်(သ)၏ရန်သူများ ထံ မရောက်ရန်မည်ကဲ့သို့ဖုံးကွယ်ထားကြောင်း
(၃)မိမိတို့၏သာသနာ့ညီနောင်မိုမင်များကိုမိမိတို့၏ဥစ္စာပစ္စည်းအသပြာဖြင့်မည်ကဲ့သို့ပေးကမ်းလှူဒါန်းကြောင်းတို့ဖြစ်လေသည်။
ညွန်း - အလ်ခေဆွာလ်ကျမ်း အတွဲ ၁ စာမျက်နှာ ၁၀၃
သင်ခန်းစာများ
(၁)ရှီအာစစ်၊ရှီအာမှန်ဖြစ်လိုလျှင်အထက်ဖော်ပြပါ အချက် လက္ခဏာ သုံးရပ်အားမိမိအတွင်းသရုပ်ပေါ်လာအောင်ပြုပြင်ကြိုးပမ်း အား ထုတ်ရ ပေမည်။
(၂)သာသနာ့ညီနောင်များကိုကူညီဖးမရန်ညွှန်းထား လေ၏။ဒုက္ခပေး၊ကောက် ကျစ်ရန်မဆိုထားချေ။ဤ အတွက်မိမိတို့၏သာသနာ့ညီ နောင်တို့၏အလုပ် ကိစ္စမှန်သမျှအတွက်မိမိတို့၏ပစ္စည်းဥစ္စာ အသပြာစသည်ဖြင့်မကူညီနိုင် လျှင်လည်းအနည်းဆုံးမနှောက် ယှက်သင့်ချေ။
ရှီအာများ၏လက္ခဏာများ(၂)
ဟဒီးစ်တော်(၅)
عَنِ الصَّادِقِ ع : فِي وَصِيَّتِهِ لِعَبْدِ اللَّهِ بْنِ جُنْدَبٍ يَا ابْنَ جُنْدَبٍ إِنَّمَا شِيعَتُنَا يُعْرَفُونَ بِخِصَالٍ شَتَّى بِالسَّخَاءِ وَ بِالْبَذْلِ لِلْإِخْوَانِ وَ بِأَنْ يُصَلُّوا الْخَمْسِينَ لَيْلًا وَ نَهَاراً الْخَبَرَ.
مستدرک الوسائل و مستنبط المسائل ج 3 ص 52
စကားပြေအဓိပ္ပာယ်
အေမာမ်ဂျအ်ဖွရ်ဆွာဒစ်(အ.စ)မိန့်တော်မူလေသည်။
ကျွန်ုပ်တို့၏ရှီအာအားအချို့ကောင်းမြတ်သည့်လက္ခဏာများနှင့် သိရှိနိုင်ပေ သည်။
(၁)ရက်ရော၊ပေးကမ်း၊စွန့်ကြဲမှုဖြင့်
(၂)မိမိ၏ညီအစ်ကိုများအပေါ်အကျိုးပြုလုပ်ငန်းပြုပေးခြင်းဖြင့်
(၃)နေ့နှင့်ညနမာဇ်ရကတ်ပေါင်း(၅၀)၀တ်ပြုခြင်းဖြင့်တို့ဖြစ်လေသည်။
ညွှန်း-မွစ်သဒရကိုလ်ဝစာ အေလ် ဝါ မွစ်သန်ဗေသွလ်မစာအေလ်ကျမ်း အတွဲ၃ ၊စာမျက်နှာ ၅၂
သင်ခန်းစာများ
(၁)စေးနဲတွန့် တိုသူများ ရှီအာအစစ် အမှန်မဖြစ်နိုင် ချေ။
(၂)မိုမင်များကိုအကျိုးယုတ်စေသည့်လုပ်ငန်းများကိုလုပ်ဆောင်နေ သူများ အထူးသတိပြုသင့်ပေသည်။အထူးသဖြင့်မိမိတို့ခုံနေရာ စသည်ဖြင့်ပိုင်ဆိုင် ရေးအတွက်မိုမင်များ၏စုစည်းမှု၊ စည်းရုံးမှု ကိုပင်အသိအမှန်မပြုတော့ပဲထင်ရာဆိုင်းသူများပြုပြင်ရန်မီးမောင်း ထိုးပြ နေလေသည်။
(၃)နမာဇ်မည်မျှပင်အရေးကြီးအရာရောက် လေစွ ....
ရှီအာများ၏အမှတ်အသားများ
ဟဒီးစ်တော်(၆)
عن السندی بن محمد رفعه قال ع : تَبِعَ قَوْمٌ أَمِيرَ الْمُؤْمِنِينَ فَالْتَفَتَ إِلَيْهِمْ فَقَالَ مَنْ أَنْتُمْ قَالُوا شِيعَتُكَ يَا أَمِيرَ الْمُؤْمِنِينَ قَالَ مَا لِي لَا أَرَى عَلَيْكُمْ سِيمَاءَ الشِّيعَةِ فَقَالُوا وَ مَا سِيمَاءُ الشِّيعَةِ قَالَ صُفْرُ الْوُجُوهِ مِنَ السَّهَرِ خُمْصُ الْبُطُونِ مِنَ الصِّيَامِ ذُبُلُ الشِّفَاهِ مِنَ الدُّعَاءِ عَلَيْهِمْ غَبَرَةُ الْخَاشِعِينَ.
صفات الشیعه
စကားပြေအဓိပ္ပာယ်
စင်ဒီဘင်န်မိုဟမ္မဒ် အနေဖြင့်ဟဒီးစ်စေမရ်ဖူအ်တော်အားတင်ပြထား လေသည်။
တနေ့၌အမီးရွလ်မိုမေနီမောင်လာအလီ(အ.စ) သည်(တစ်နေရာရာသို့)ကြွမြန်းတော်မူနေ လေ ၏။အချို့ ပုဂ္ဂိုလ်များ အနေဖြင့်ကိုယ်တော်၏နောက်သို့လိုက်လာကြလေ၏။ကိုယ်တော်အနေဖြင့်၎င်းတို့ မျက်နှာပြု ၍မေးတော်မူလေ၏။အသင်တို့ဘယ်သူတွေလဲ။၎င်းတို့မှအဖြေပေးလျှောက် ထားလေ၏။အိုအမီးရွလ်မိုမေနီသခင်ကျွန်တော်တို့ဟာကိုယ်တော်၏ရှီအာတွေဖြစ်ပါတယ်ခင်ဗျား၊အေမာမ်ဆက်ပြီးမိန့်လေ၏။အဘယ် အတွက်ကြောင့်အသင်တို့မောင်ရင်တို့မျက်နှာတွေမှာရှီအာ၏ အမှတ် အသားများကိုမတွေ့ရပါသနည်း။၎င်းတို့အနေဖြင့်ဆက်၍မေးလျှောက် ပြန်၏။ရှီအာများ၏ အမှတ် အသားများသည်အဘယ်အရာများဖြစ်ပါ သနည်း? အေမာမ်(အ.စ) အနေဖြင့်အဖြေပေး တော်မူလေ၏။
ညလုံးပေါက်မအိပ်စက်သည့်အတွက်၎င်းတို့၏မျက်နှာ အရောင် ဟာအ၀ါရောင်ဖြစ်နေလေ၏။ ရိုဇာ၊ဥပုသ်သီလဆောက်တည်မှုများကိုပြု လုပ် သည့်အတွက်ကြောင့်၎င်းတို့၏၀မ်းဗိုက်များသည်ကျောနှင့်တပြေး တည်းဖြစ် နေလေ၏။ဒိုအာတောင်းဆိုမှု ပြုသည့်အတွက်၎င်းတို့၏နှုတ်ခမ်း များသည်ခြောက်သွေ့နေလေ၏။ထိုပြင်၎င်းတို့ အပေါ်(မြတ်အလ္လာဟ်) အားကြောက်ရွံ့၊ကျိုးနွံ့မှုအချင်းလက္ခဏာဖိစီး နေပေသည်။
ညွှန်း -စေဖာသွရှ်ရှီအာကျမ်း
သင်ခန်းစာများ
(၁)ည မအိပ်စက်ဘဲ၊အေဗာဒသ်ပြုမှု၊ရိုဇာ၊ဥပုသ်သီလဆောက် တည် မှု၊ဒိုအာနှင့်မြတ်အလ္လာဟ်ကြောက်တရားမည်မျှအရေးကြီး ကြောင်း သိနိုင်ပေသည်။
(၂)အေဗာဒသ်မပြုဘဲညလုံးပေါက်ရုပ်ရှင်ထိုင်ကြည့်၍လက်ဖက်ရည် ဆိုင် ထိုင်၍ လျှောက်လည်နေ၍မျက်နှာအရောင်ဝါနေခြင်း၊ရိုဇာ အမြောက် အမြား ထားသော်လည်းဗိုက်နှင့်ကျောတပြေးတည်းမဖြစ်နေခြင်း(မပိန်ခြင်း)ဒိုအာ ကြောင့်မဟုတ်ဘဲအပူရှိန်ကြောင့်နှုတ်ခမ်းခြောက် သွေ့နေခြင်းတို့သည်ဤ ဟဒီးစ် တော်၏ ဆိုလို ချက် များမဟုတ်ချေ။အထူးသတိပြုသင့်ပေ သည်။
ရှီအာများ၏အမျိုးအစား(၁)
ဟဒီးစ်တော်(၇)
قال الصادق ع : الشِّيعَةُ ثَلَاثٌ مُحِبٌّ وَادٌّ فَهُوَ مِنَّا وَ مُتَزَيِّنٌ بِنَا وَ نَحْنُ زَيْنٌ لِمَنْ تَزَيَّنَ بِنَا وَ مُسْتَأْكِلٌ بِنَا النَّاسَ وَ مَنِ اسْتَأْكَلَ بِنَا افْتَقَرَ.
خصال جلد 1 ص 103
စကားပြေအဓိပ္ပာယ်
အေမာမ်ဂျအ်ဖွရ်ဆွာဒစ်(အ.စ)မိန့်တော်မူလေသည်။
ကျွန်ုပ်တို့၏ရှီအာသုံးမျိုးသုံးစားရှိပေသည်။
ပထမအမျိုးအစား - ကျွန်ုပ်တို့အားအချစ်မေတ္တာ ထားနှစ်သက်မြတ်နိုး တန်ဖိုး ထား လေ၏။ဤအုပ်စုအမျိုးအစားသည်ကျွန်ုပ်မှဖြစ်လေသည်။
ဒုတိယအမျိုးအစား -ကျွန်ုပ်တို့၏အမည်နာမကိုယူ၍မိမိကိုယ်ကိုသိက္ခာ ပေးသူ၊ပြင်ဆင်သူ၊ကျွန်ုပ်တို့အနေဖြင့်ဤအုပ်စုကြောင့်ဂုဏ်သိက္ခာ ရှိလေ၏။(အမည်မဖျက် လေ၏)
တတိယအမျိုးအစား - ကျွန်ုပ်တို့ကိုစားပေါက်အဖြစ်အလွဲ သုံးစားပြု သည့်အုပ်စု ဖြစ်ပေသည်။အကြင်မည်သူမဆိုကျွန်ုပ်တို့ကိုပြပြီးဝမ်းရေးပြု မည်ဆိုလျှင်ဆင်းရဲဒုက္ခ ရောက်ခြင်းကိုခံရပေလိမ့် မည်။
ညွှန်း - အလ်ခေဆွာလ်ကျမ်း အတွဲ ၁ စာမျက်နှာ ၁၀၃
သင်ခန်းစာများ
(၁)ယူတတ်လျှင်အမြောက်အမြားပင် တည်း။
(၂)ကိုယ်တော်(ဆွ)နှင့်အတ်လေ့ဘိုက်(သ)(အ.စ) ဂုဏ်သိက္ခာ မညှိုး နွမ်း စေဖို့၊ပြထား မမိဖို့မည်မျှ အရေးကြီးကြောင်းထင်ရှား နေပေ သည်။
ရှီအာများ၏အမျိုးအစား(၂)
ဟဒီးစ်တော်(၈)
قال الباقر ع : شِيعَتُنَا ثَلَاثَةُ أَصْنَافٍ صِنْفٌ يَأْكُلُونَ النَّاسَ بِنَا وَ صِنْفٌ كَالزُّجَاجِ يَتَهَشَّمُ وَ صِنْفٌ كَالذَّهَبِ الْأَحْمَرِ كُلَّمَا أُدْخِلَ النَّارَ ازْدَادَ جَوْدَةً.
بحارالانوار جلد 78
စကားပြေအဓိပ္ပာယ်
အေမာမ်ဘာကေရ်(အ.စ)မိန့်လေ၏။
ကျွန်ုပ်တို့၏ရှီအာသုံးမျိုးသုံးစားရှိလေ၏။
ပထမအမျိုးအစား - ကျွန်ုပ်တို့ကိုအကြောင်းပြပြီး လူထုထံမှစားသောက်ကြ လေသည်။
ဒုတိယအမျိုးအစား - မှန်ကဲ့သို့ကြည် လင်တောက်ပနေ သူများဖြစ် ကြ လေ၏။အတွင်း၌ ရှိသည့်အတိုင်းအပြင်၌လည်းမြင်နေလေ၏။(ဟန်ဆောင်မှုကင်းမဲ့ကြလေ၏။)
တတိယအမျိုးအစား - ရွှေကဲ့သို့ပင်တည်း၊မည်မျှပင်မီးပေးလေလေ၊ပိုပြီး အရောင်ထွက်လာလေလေ ၊၊ စစ်လာလေလေ၊ အရည်အသွေးပြည့် ၀လာ လေလေ ပင်ဖြစ်ပေ သည်။
ညွှန်း- ဘေဟာ(ရ)ရွလ်အန်န၀ါကျမ်းအတွဲ၇၈
သင်ခန်းစာများ
(၁)ကျွန်တော်တို့ကိုယ်ကျွန်တော်တို့မည်သည့်အုပ်စုတွင်ပါဝင် နေ ကြောင်းလေ့လာစိစစ်ရ ပေမည်။
(၂)ဆောင်ရန်ကိုဆောင်ရှောင်ရန်ကိုရှောင်မြင်သင့်သည် ကိုမြင်ရ ပေမည်။
လေးခုသောအရာပေါ်အီမာန်သစ်ဝင်ယုံကြည်ခြင်း
ဟဒီးစ်တော်(၉)
قَالَ الصَّادِقُ ع : لَيْسَ مِنْ شِيعَتِنَا مَنْ أَنْكَرَ أَرْبَعَةَ أَشْيَاءَ الْمِعْرَاجَ وَ الْمُسَاءَلَةَ فِي الْقَبْرِ وَ خَلْقَ الْجَنَّةِ وَ النَّارِ وَ الشَّفَاعَةَ.
میزان الحکمه ج 6
စကားပြေအဓိပ္ပာယ်
အေမာမ်ဂျအ်ဖရ်ဆွာဒစ်(အ.စ)မိန့်တော်မူလေ၏။
ကျွန်ုပ်တို့၏ရှီအာသည်အရာလေးခု အပေါ် အီမာန်သက်ဝင် ယုံကြည် ခြင်း မှမငြင်းပယ်ကြချေ။
(၁)မေအ်ရာဂ်ျ
(၂)ကဗရ်အတွင်း၌အမေးနှင့်အဖြေ
(၃)ဂျန္နတ်အမတသုခဘုံ နှင့်ဂျဟန္နမ်ငရဲဘုံတို့ အားဖန်ဆင်ထားခြင်း
ညွှန်း - မီးဇာန်းနိုဟေက်မသ်(အ)ကျမ်းအတွဲ၆
သင်ခန်းစာများ
(၁)သာမန် လူသားပင်နားလည်သဘောပေါက်နေသည်။
(၂)ဤ အရာ လေးခု သည်ရှီအာမှန်ရှီအာစစ်ဖြစ်လိုသူတိုင်း အ တွက်မ လွဲ မ သွေသက်ဝင်ယုံကြည်ထား ရမည့်အရာ လေးခု ပင်ဖြစ် ပါသည်။
မကောင်းသည့်ဒုစရိုက်သုံးခုမှဝေးခြင်း
ဟဒီးစ်တော်(၁၀)
قَالَ الصّادق ع : مَا كَانَ فِي شِيعَتِنَا فَلَا يَكُونُ فِيهِمْ ثَلَاثَةُ أَشْيَاءَ لَا يَكُونُ فِيهِمْ مَنْ يَسْأَلُ بِكَفِّهِ وَ لَا يَكُونُ فِيهِمْ بَخِيلٌ وَ لَا يَكُونُ فِيهِمْ مَنْ يُؤْتَى فِي دُبُرِهِ.
خصال جلد 1 ص 131
စကားပြေအဓိပ္ပာယ်
အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ)မိန့်တော်မူလေ၏။
ကျွန်ုပ်တို့ ၏ ရှီအာများအတွင်း၌အရာရာတိုင်းရှိကောင်း ရှိနိုင် လေ ၏။သို့ သော်သုံးခုသောချွတ်ယွင်းချက်အပြစ်အနာအဆာမှမရှိနိုင်ချေ။
(၁)၎င်းတို့အထဲ၌တောင်းရမ်းစားသောက်သူဟူ၍မရှိချေ။
(၂)၎င်းတို့အထဲ၌စေးနဲ၊တွန့်တိုသူဟူ၍မရှိချေ။
(၃)၎င်းတို့အထဲ၌လိင်တူခြင်းဆက်ဆံမှုကိုခံသူ၊သဘောတူသူဟူ၍မရှိချေ။
ညွန်း - အလ်ခေဆွာလ်ကျမ်း အတွဲ ၁ စာမျက်နှာ ၁၃၁
သင်ခန်းစာများ
(၁)ရှီအာအဖြစ် လုပ်လို သူတိုင်းအထူးသတိပြု စရာ(သုံးချက်) ပင် တည်း။
(၂) တောင်း ရမ်းခြင်း ဆိုသည်မှာခွက်ကိုင်ပြီးတောင်းရမ်းမှတောင်းရမ်း သည် မဟုတ်ပါ ၊အလုပ်မလုပ်ဘဲမကြိုးစားဘဲ၊အပင်ပန်းမခံဘဲသူတစ်ပါးဆီမှငွေကိုအခမဲ့လိုခြင်းသူများလည်းတောင်းရမ်းခြင်း ဆိုသည့်စက်ကွင်းမှမလွတ် နိုင်ကြောင်း သတိချပ် သင့်ပေ သည်။
(၃) လိင်တူခြင်း ဆက်ဆံမှုသည်ရွံ့ စရာ အကောင်းတကာ အကောင်း ဆုံးနှင့် ခသာနတ်ပြုခြင်းတစ်မျိုးလည်းဖြစ်ပေ သည်။
ရှီအာဆိုတာဘယ်သူလဲ
ဟဒီးစ်တော်(၁၁)
قال الأمام الباقر ع : لبعض اصحابه لما َ لَكَثِيرَةٌ الشیعه فَقَالَ هَلْ يَعْطِفُ الْغَنِيُّ عَلَى الْفَقِيرِ وَ يَتَجَاوَزُ الْمُحْسِنُ عَنِ الْمُسِيءِ وَ يَتَوَاسَوْنَ فَقُلْتُ لَا فَقَالَ لَيْسَ هَؤُلَاءِ شِيعَةً الشِّيعَةُ مَنْ يَفْعَلُ هَذَا.
بحارالانوار جلد 74
စကားပြေအဓိပ္ပာယ်
အေမာမ်မိုဟမ္မဒ်ဘာကေရ် (အ.စ)မိန့်ကြားတော်မူလေသည်။
အေမာမ် (အ.စ) ၏ ထံတော် ၀ယ်ရှီအာ နှင့် ပတ်သက်ပြီးအလွန်တရာ ပြောဆိုမှုပြုလာကြသည့်အခါကိုယ်တော်အနေဖြင့်သာဝကတော်များအားမေးမြန်း လေ၏။
ဘာလဲ၊အဆင်ပြေ၊ဥစ္စာ ပစ္စည်းရှိသည့်(ရှီအာများ)အနေဖြင့်ဆင်းရဲ သားများကိုကြည့်ရှုကူညီပါသလော?
ဘာလဲကောင်းမှု ကုသိုလ်သုစရိုက်ပြု လုပ်ကြသည့်(ရှီအာများ) အနေဖြင့်ကောင်းမှု ၏ အဖြေအားမကောင်းမှုဒုစရိုက်ဖြင့် ပေးသူများကိုခွင့်လွှတ် နားလည်ပေးပါသလော?
ဘာလဲ(ရှီအာများဟာ)တစ်ဦးနှင့်တစ်ဦး ကိုယ်ချင်းစာတရား ရှိကြ ပါကုန်သလော?
ရ၀ီ အနေဖြင့်တင်ပြလျှောက်ထားလေ၏။ဟုတ်ကဲ့၊ဤကဲ့သို့မဟုတ်ကြ ပါ။
ထိုအချိန်အေမာမ်(အ.စ) မိန့်တော်မူလေ၏။၎င်းတို့သည် ရှီအာ မဟုတ်ကြပေ။ရှီအာဆိုသည်မှာ(အထက်) ဖော်ပြပါအတိုင်းပြု သူများ ဖြစ်ကြလေသည်။
ညွှန်း- ဘေဟာ (ရ) ရွလ်အန်န၀ါကျမ်းအတွဲ ၇၄
သင်ခန်းစာများ
(၁) ငွေရေး ကြေးရေးဥစ္စာ ပစ္စည်းကြွယ်ဝ ပြီးဆင်းရဲသား များကို မ ထောက် ပံ့ လျှင် ရှီအာ အစစ်မဖြစ် နိုင်ချေ။ငွေရေး၊ကြေး ရေးချမ်းသာရာ၌လည်းတရားသည့် နည်း၊သမာအာဇီဝကျသည့်လမ်းဖြင့်ချမ်းသာအဆင်ပြေသူဖြစ်ရပေမည်။(သို့မဟုတ်)ပါ ကအိတ်ပေါက်နှင့်ဖားကောက်ဖြစ်နေပေ မည်။မပြောကောင်း၊မဆိုကောင်း ရှီအာနာမည်ပါ ပျက်နေရ ပေမည်။
(၂)အငြိုး အတေးကြီးသူများ ထားသူများကလဲ့စားချေတတ် သူများ အထူးသတိပြု သင့်ပေသည်။မတော်တဆကိုယ်ကျေးဇူးပြုခဲ့သူများကျေးဇူးကန်းခဲ့လျှင် လည်းမြတ်အလ္လာဟ်ဖို့ဟုနီယသ်ဖြင့်ခွင့်လွတ် ပေးရပေမည်။ဤလုပ်သည် ပြောလျှင်ရေးလျှင်အလွန် လွယ်ကူသောလည်းလက်တွေ့အတွက်ခက်ပေ သည်။သို့သော် မဖြစ်နိုင်သည့်အရာမဟုတ်ပေ။
(၃)ကိုယ်ချင်းစာတရားရှိဖို့လိုလေသည်။ငါအိမ်ပဲလာရမည်။သူ့အိမ် ကိုမသွားရ၊ ငါနှင့်ပဲပေါင်းသင်းဆက်ဆံရမည်။သူနှင့် မပေါင်းသင်းမဆက်ဆံရ။ငါအတွက်ငါအဖွဲ့အတွက်လှူရ၊ဒါန်းရ၊ ကူရမည်။အခြားအဖွဲ့အခြားသူအတွက်ယုတ်စွရှီအာ အကျိုးပြု အလုပ်ပင်လုပ်နေပါစေ။မလှူဒါန်းရ၊မကူရ။ငါတို့အတွက် ဆိုလျှင်နိုင်ငံခြား၏ မတည်ငွေဖြင့်စာအုပ်ထုတ်နိုင်သည်။အဆောက်အဦး ၀ယ်နိုင်သည်။အသက်မွေးဝမ်းကျောင်းပြုအရာများဖန်တီးနိုင် လေသည်။သူများအတွက်ဆိုNo ၊ No စသည်စိတ်ပုပ်၊စိတ်ယုတ်၊စိတ်ရိုင်းထားပြီး ရှီအာဟုကြေငြာနေသူများ အထူးသတိပြုအရှက် ရပြီး သောင်ဗာပြုကာပြုပြင်သင့် ပေပြီး။
ဤကဲ့သို့အထက်ဖော်ပြပါစိတ်ပုပ်၊စိတ်ယုတ်။စိတ်ရိုင်းထားသည့် အမည်ခံ ရှီအာများကိုယ်ချင်းစာတရားမရှိသည့်ရှီအာများသည်သူတို့ ကိုယ်တိုင်ရော၊သူတို့ အပေါင်းအသင်း အသိုင်းအ၀ိုင်းရော၊ယုတ်စွ အမြင်မှန်သည့်ဂျမာအတ်သူ၊သားများမှ သိနေလေ၏။အထက်၌သာဓကအဖြင့်အနည်းငယ်ဖော်ပြထားခြင်းဖြစ်ပေသည်။စာရူသူ၊ချစ်ပရိတ် သတ် အနေ ဖြင့်ဤထက်ပို၍အတွေ့အကြုံများပေ မည်။
အမိန့်နာခံခြင်း
ဟဒီးစ်တော်(၁၂)
قال الرِّضَا ع قَالَ: شِيعَتُنَا الْمُسَلِّمُونَ لِأَمْرِنَا الْآخِذُونَ بِقَوْلِنَا الْمُخَالِفُونَ لِأَعْدَائِنَا فَمَنْ لَمْ يَكُنْ كَذَلِكَ فَلَيْسَ مِنَّا.
صفات الشیعه
စကားပြေအဓိပ္ပာယ်
အေမာမ်ရေဇာ(အ.စ)မိန့်တော်မူလေ၏။
ကျွန်ုပ်တို့၏ရှီအာသည်ကျွန်ုပ်တို့၏အမိန့်ပညတ်ချက်တော်များ ကိုလိုက်နာ၊နားခံလေ၏။ကျွန်ုပ်တို့၏အဆိုအမိန့်များ အပေါ် လက်တွေ့ကျင့် သုံးပြလေ၏။ကျွန်ုပ် တို့၏ရန်သူများကိုဆန့်ကျင်လေ၏။မည်သူ မဆိုဤကဲ့သို့မပြုလုပ်လျှင်ကျွန်ုပ်တို့မှ(ကျွန်ုပ်တို့၏) ရှီအာစစ်ရှီအာမှန်မဟုတ်ချေ။
ညွှန်း-ဆွေဖာသွရှ်ရှီအာကျမ်း
သင်ခန်းစာများ
(၁)ရိုးပြီး ၊ရှင်းနေလေ၏။
(၂)ကိုယ်တော်မြတ်(ဆွ)နှင့်အဟ်လေ့ဘိုက်(သ)(အ.စ) ၏အဆို အမိန့် များ သည်ဘာလဲဆိုတာလဲမသိ၊သိအောင်လည်းမကြိုး စား၊ သိ အောင်ပြုပေး နေသူများကိုလည်းအားမပေးသည့်ရှီအာဆိုသည့်ဆိုင်းဘုတ်ကိုင်ထားသူများ အတွက် ရင်လေးစရာပင်။
(၃) ဟဒီးစ်ပါ အချက်များကိုလက်တွေ့မလိုက်နာသူသည်သာမန်၊အပြစ်ရှိလူသား များ၏အမြင်၌ရှီအာဖြစ်ကောင်းဖြစ်နိုင်လေ၏။သို့သော်ပြစ်မဲ့မအ်စူးမီး(မ်) ၏အမြင်၌ မဖြစ်နိုင် ချေ။
ရှင်မြတ်အားကြောက်လည်းကြောက်ပြီးမျှော်လလင့်ချက်အပြည့်လည်း ထား၏
ဟဒီးစ်တော်(၁၃)
قَالَ الصّادق ع : وَ اللَّهِ مَا شِيعَةُ عَلِيٍّ ع إِلَّا مَنْ عَفَّ بَطْنُهُ وَ فَرْجُهُ وَ عَمِلَ لِخَالِقِهِ وَ رَجَا ثَوَابَهُ وَ خَافَ عِقَابَهُ.
بحارالانوار جلد 65
စကားပြေအဓိပ္ပာယ်
အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ)မိန့်တော်မူလေသည်။
အလ္လာဟ်ဟိုအသျှင်မြတ်၏ကစမ်၊ထိုပုဂ္ဂိုလ်သည်သာလျှင်အလီ (အ.စ) ၏ ရှီအာဖြစ်ပေ သည်။ထိုပုဂ္ဂိုလ်သည်မိမိ၏၀မ်းနှင့်လိုအင်ဆန္ဒကို(ဟရမ် နည်း လမ်းများနှင့် ဖြည့်ခြင်း မှ)ရှောင်ကြဉ်လေ၏။မြတ်အလ္လာဟ်၏နှစ်သက် နှစ်မြို့ ကျနပ်မှုရရန်အလိုငှာအလုပ် များကိုလုပ်ဆောင်လေ ၏။မြတ် အလ္လာဟ်ချီးမြှင့်မည့်အကျိုးဆုလာဒ်စ၀ါးဗ်ကိုမျှော် လင့်ထားပြီးမြတ် အလ္လာဟ်၏ အဇားဗ် ပြစ်ဒဏ်ငရဲပေးခြင်းခံရမည်ကိုလည်း ကြောက် လေ ၏။
ညွှန်း-ဘေဟာ(ရ)ရွလ်အန်န၀ါရ်ကျမ်းအတွဲ(၆၅)
သင်ခန်းစာများ
(၁)ရှီအာဆိုတာပြောရ၊ရေးရ၊ဟောရတာလွယ် သလောက် အမှန် ရှီအာအဖြစ် ရောက်ဖို့ရိုးရိုးလေးနှင့်မရ ချေ။
(၂)စ၀ါးဗ် အပေါ်မျှော်လင့်ချက်မရှိ၍ကောင်းမှု၊ကုသိုလ်မပြုသူများ၊အဇားဗ်ကို မယုံ၍ကိုယ်ထင်ရာကိုယ်လုပ်ချင်ရာလုပပ်နေသူများမိမိကိုယ်ကိုရှီအာဟုမပြောနှင့်လူထုပင်မဆိုသင့် တော့ချေ ။
ပညာရှင်များနှင့်ဒေါသမြိုသိမ့်သူများဖြစ်လေ၏
ဟဒီးစ်တော်(၁၄)
قَالَ الصّادق ع : إِنَ شِيعَةَ عَلِيٍ ع كَانُوا خُمْصَ الْبُطُونِ ذُبُلَ الشِّفَاهِ أَهْلَ رَأْفَةٍ وَ عِلْمٍ وَ حِلْمٍ يُعْرَفُونَ بِالرَّهْبَانِيَّةِ فَأَعِينُوا عَلَى مَا أَنْتُمْ عَلَيْهِ بِالْوَرَعِ وَ الِاجْتِهَادِ.
بحار انوار جلد 65 ص 188
စကားပြေအဓိပ္ပာယ်
အေမာမ်ဂျအ်ဖရ်ဆွာဒစ်(အ.စ)မိန့်တော်မူလေသည်။
ဧကန်မုချအလီ(အ.စ)၏ရှီအာ၏၀မ်းဗိုက်သည်ပိန်လေ၏။နှုတ် သည် ခြောက်သွေ့ နေလေ၏။ထိုသူများသည်သနားကြင်နာညာတာပြီးမေတ္တာရှိ သူများဖြစ်လေ၏။ပညာတတ်သူများနှင့်ကျိုးနွံသူများဖြစ်လေ သည်။၎င်းတို့ ၏လောကမမက်မောမှု ကြောင့်သီးသန့်၎င်းတို့ကိုသိရပေ သည်။ဤ အတွက်ကြောင့်(ဂိုနာအပြစ်ဒုစရိုက် များမှ)သန့်စင်ပြီးလွန်မြောက် ရန်ကောင်း မှုသုစရိုက်များပြုနိုင်ရန်ကြိုးပမ်းမှုများ ထားရှိရပေ မည်။ဤနည်းဖြင့်မိမိတို့၏ယုံကြည်မှုများ (ဝေလာယသ်သေအလ်လေ့ ဘိုက်(သ)(အ.စ)) အားကူညီဖေးမရပေမည်။
ညွှန်း - ဘေဟာ (ရ) ရွလ်အန် န၀ါရ်ကျမ်း အတွဲ (၆၅) စာမျက်နှာ၁၈၈
သင်ခန်းစာများ
(၁)စားတိုင်းလည်းမ၀သူများ၊(ဗိုက်မပူသူများ)၊မစားလည်းဝနေသူများ (ဗိုက်ပူနေသူများ)ဤဟဒီးစ် ၌ အကျုံးဝင်မ၀င်နောက်ဗိုက်မပူပဲ၊ပိန်နေရမည်ဆိုသည့်သဘောတရား အဖြစ်အမှန်၊နှုတ်ခမ်းခြောက် သွေ့နေရမည့်ဆိုသည် ဆိုလိုချက်ကိုဟဒီးစ်ပါရဂူပညာ ရှင်ဆရာ တော် များထံတိုက်ရိုက်(သို့မဟုတ်)တဆင့်ဖြစ်မေးမြန်းပြီး သိရန် ကြိုး စားရပေမည်။
(၂)ရှီအာစစ် ရှီအာမှန်တစ်ယောက်ဖြစ်ရန်ထား ရမည့် အရည် အသွေး နှင့် ဆောင် ရန်ရှောင်ရန်ကိုလည်းမြင်နေရပေပြီး။
သေခြင်းတရားကိုကြိုဆိုခြင်း
ဟဒီးစ်တော်(၁၅)
قال الأمام العسکری ع : شِيعَةُ عَلِيٍّ هُمُ الَّذِينَ لَا یبالون فی سبیل اللَّهِ أَوْقَعَ الْمَوْتُ علیهم أَوْ وَقَعُوا علی الْمَوْتِ وَ شیعة علی هُمْ الذین یوئوثرون اخوانهم علی أَنْفُسِهِمْ ولوکان بِهِمْ خَصاصَةٌ وَهْمُ الَّذِينَ لَا يَرَاهُمْ اللَّهُ حَيْثُ نَهَاهُمْ ، وَ لَا يفقدهم حَيْثُ أَمْرَهُمْ ؛ وَ شِيعَةُ عَلِيِّ هُمُ الَّذِينَ يَقْتَدُونَ بِعَلِيٍّ « ع » فِي إِكْرَامِ إِخْوَانِهِمُ الْمُؤْمِنِينَ
بحارانوار جلد 8
စကားပြေအဓိပ္ပာယ်
အေမာမ်ဟစန်အစ္စကရီ(အ.စ)မိန့်တော် မူလေ သည်။
အလီ(အ.စ) ၏ရှီအာများသည်အလ္လာဟ် ဟို အရှင်မြတ်၏လမ်းစဉ် ၌သေခြင်း တရား သည်သူတို့နောက်လိုက်လိုက် (သို့မဟုတ်) ၎င်းတို့ မှသေခြင်း တရားနောက် သို့ လိုက်ရ လိုက်ရဂရု မပြုချေ။အလီ(အ.စ) ၏ရှီအာဆို သည် မှာမိမိ လိုအပ် နေသည့်အခြေ အနေမှာ တောင်မိမိ ညီအစ်ကို ၏လိုအပ်မှု ကိုအ လေးပေးလေ၏။၎င်းတို့ကိုမြတ် အလ္လာဟ် တားမြစ် ပိတ်ပင်ထားသည့် နေရာများတွင်တွေ့ရမည်မဟုတ်ချေ။အမိန့် ပေးထား သည့်နေရာ များတွင် လည်းမ ပျောက် ကွယ် ဘဲရှိနေကြ လေသည်။အလီ(အ.စ)၏ ရှီအာ ဆိုသည်မှာမိမိ သာသနာ့ ညီနောင်မို မေနီ များကိုရိုသေလေးစားဂါရ၀ပြုရာတွင်အလီ၏လမ်းစဉ်ကျင့် စဉ်အတိုင်း ကျင့်သုံး လိုက်နာ လေ သည်။
ညွှန်း-ဘေဟာ(ရ) ရွလ်အန်န၀ါရ်ကျမ်းအတွဲ(၈)
သင်ခန်းစာများ
(၁)မြတ် အလ္လာဟ်၏လမ်းစဉ်တွင်အသက်ရှင်နေထိုင် နေရပြီး သေရ မည် ကိုရှီအာမှန်ရှီအာဖြစ်လျှင်မကြောက်ချေ။သေခြင်း တရားသည်တနေ့မလွဲ ဧကန်ရောက်လာမည်ဖြစ်ပေသည်။သိက္ခာ ရှိရှိ သေရခြင်း ကိုပိုနှစ်သက်လေ သည်။
(၂)မိမိလိုအင်ဆန္ဒထက်အခြားသာသနာညီနောင်များ၏လိုအင်ဆန္ဒ ကို အလေး မပေးသည့်အပြင်အမြတ်လိုက်ထုတ်နေသည့်ပုဂ္ဂိုလ် များ သတိပြုသင့် ပေ သည်။
(၃)ရှီအာလို့ လည်းဆို သေးတယ်၊အရက်ဆိုင် ၊လောင်းကစားဆိုင်၊နှိုက်ကလပ် စသည့် ဒုစရိုက်စခန်းများမှတွေ့ရပြီးဗလီ၊အေမာမ် ဘာရာ သို့မလာသူများ အတွက်ရင်လေးစရာပင် တည်း။
အေမာမ် ဘာရာ တွေ ကရှုပ်တယ်၊ပြဿနာများ တယ်၊ဗလီတွေ လည်းဤ အတိုင်းပဲရှီအာတွေလည်းဒီလိုဘာပဲဆိုသည့်မခိုင်လုံသည့်ဆင်ခြေပေးမှုဖြစ်လွတ်မြောက်နိုင်မည်မဟုတ်သလို၊အလုပ်မရှိဗလီလာ၊အေမာမ်ဘာရာလာပြီး ဟိုလူအပြစ်၊ဒီလူအပြစ်ဟို လူမကောင်းကြောင်း၊ဒီလူမကောင်းကြောင်းစသည် ဖြင့်အချိန် ကုန်ခံအတင်းတုတ်နေများ သည် လည်းပျက်စီးရခြင်း ဆိုသည့်စက်ဝိုင်း မှလွတ်မည်မဟုတ်ပေ။
(၄)မိမိထက်အသက်၊၀ါ၊ပညာကြီးသူကိုမဆိုထား နှင့် မိုမင်ကို တောင် အရိုအသေပြုရမည်ဟုဟဒီးစ်တော်မှတင်ပြထားရာမိမိ ကိုယ် ရှီအာအဖြစ် ခံယူ ထားသူများသတိချပ်သင့်လေသည်။
ညလုံးပေါက်နိုးထခြင်း
ဟဒီးစ်တော်(၁၆)
قال الباقر ع : يَا أَبَا الْمِقْدَامِ إِنَّمَا شِيعَةُ عَلِيٍ ع الشَّاحِبُونَ النَّاحِلُونَ الذَّابِلُونَ ذَابِلَةٌ شِفَاهُهُمْ خَمِيصَةٌ بُطُونُهُمْ مُتَغَيِّرَةٌ أَلْوَانُهُمْ مُصْفَرَّةٌ وُجُوهُهُمْ إِذَا جَنَّهُمُ اللَّيْلُ اتَّخَذُوا الْأَرْضَ فِرَاشاً وَ اسْتَقْبَلُوا الْأَرْضَ بِجِبَاهِهِمْ كَثِيرٌ سُجُودُهُمْ كَثِيرَةٌ دُمُوعُهُمْ كَثِيرٌ دُعَاؤُهُمْ كَثِيرٌ بُكَاؤُهُمْ يَفْرَحُ النَّاسُ وَ هُمْ يَحْزَنُونَ.
بحارالنوار جلد 65 منقول از خصال صدوق ره
စကားပြေအဓိပ္ပာယ်
အေမာမ်ဘာကေရ်(အ.စ) မိန့်တော်မူလေ၏။
အို အဗူလ်မစ်က်ဒါမ်၊ဧကန်မုချအလီ(အ.စ) ၏ ရှီအာများ၏မျက်နှာ သည်အ၀ါရောင်သန်းနေလေ၏။ကိုယ်ခန္ဓာသည်အားနည်းပြီး နှုတ်ခမ်းများ သည်ခြောက်သွေ့နေလေ၏။ရိုဇာဥပုဒ်သီလ ဆောက်တည်ခြင်းများကြောင့်၎င်းတို့ ၏နှုတ်ခမ်းများသည်ခြောက်သွေ့နေပြီး ၊ဗိုက်သည်ပိန်နေလေ၏။ အရောင် မှာအ၀ါ ရောင် အသားဖြစ်နေပြီး မျက်နှာတွင်(မြတ်အလ္လာဟ်) အားကြောက် စိတ် ပေါ်နေလေ၏။ညအချိန်ရောက်လျှင်မြေပထ၀ီအားမိမိ အတွက် အခင်းအဖြစ်သုံးလေ ၏။မိမိ၏နဖူးပြင်အားမျက်ရည်များ နှင့်စိုစွတ် နေသည့် မျက်လုံး နှစ်ခုနှင့် မျက်ရည်ပေါင်း များစွာ(ခ) အလွန်တရာ ငိုကြွေး မှုဖြင့် စဂ်ျဒါ ပြုနေလေ၏။
၎င်း၏နမာဇ်ဝတ်ပြုမှု နှင့် ဒိုအာတောင်းဆိုမှုအမြောက် အများဖြစ်လေ သည်။မြတ်အလ္လာဟ်၏ကျမ်းတော်၊ကုရ်အာန်အားအလွန်တရာ ဖတ်ရွတ် လေ သည်။လူအများဒုစရိုက်များဖြင့်ပျော်ရွှင်မြူးထနေချိန်၎င်းတို့ သည် ၀မ်းနည်း ကြေကွဲနေလေ၏။
ညွှန်း- ဘေဟာ(ရ) ရွလ်အန်န၀ါရ်ကျမ်းအတွဲ(၆၅)ခေဆွာလေ ဆဒူဟ်(ရဟ)မှ
သင်ခန်းစာများ
(၁)ဟဒီးစ်၏ဆိုလိုချက်မှာအလွန်နက်ရှိုင်းလေ၏။မိမိနားမလည် မရှင်းသည့် အချက်အလက်များကိုဟဒီးဆ်ပါရဂူများ၊အိုလမာ အစစ်အမှန် နှင့်အာလင်မ် အစစ်အမှန်တို့ ထံတိုက်ရိုက် (သို့) တဆင့် ခံ ဖြင့်မေးမြန်းပညာယူသင့်လေသည်။
(၂) ဟဒီးစ်တော်မှတညလုံးမြတ်အလ္လာဟ်၏အေဗာဒဟ်ပြုဖို့ ဆိုထား လေသည်။ကျွန်တော်တို့တတွေဟာမိမိကိုယ်မိမိ ရှီအာလို လည်း ခံယူထား သည်။ပြီး နောက်ညလုံးပေါက် တညလုံးအေဗာဒသ်ပြု မပြု ကိုမဆိုနှင့်ရမ်ဇန်လမြတ် ည(၁၉)၊(၂၁)(၂၃) ရက်ညများ၊မဟော် ရမ်လမြတ် ၉ရက် ည စသည်ဖြင့်အတွက်ပင်အားထုတ် ခြင်းမရှိ ကြချေ။
(၃)ကျွန်တော်တို့ တတွေနမာဇ်ဝတ်ပြုမှု၊ဒိုအာတောင်းဆိုမှု၊ကျမ်းမြတ် ကုရ်အာန်ဖတ်ရွတ်မှုများတွင် မိမိတို့ကိုယ်တိုင် သိကြ ပေ သည်။အခြား သူ တပါးအားမေးမြန်းရန်မလိုအပ် ချေ။
ဤ နေရာ၌ ကျမ်းတော်မြတ်ကုရ်အာန်အားဖတ်ရွတ်သရဇ္ဈာယ်၍မည်မျှ အရေးကြီးအလေးပါသည်ကိုသိနိုင်ရန်ဗဟုသုတသတင်းမှန်တစ်ခုအဖြစ်တင်ပြလိုပါသည်။
ယခုလက်ရှိအီရန်နိုင်ငံ ကွမ်းမြို့ ရှိနိုင်ငံခြားကျောင်းသား အများ ဆုံး တက် ရောက်ပညာသင်ယူဆည်းပူး နေသည့်အေမာမ်ခိုမေနီ (ရ.ဟ) တက္ကသိုလ်၏လက်ရှိကျောင်းအုပ်ကြီးဆရာတော် ဟွဂ်ျဂျသွလ် အစ္စလာမ် ၀လ်မွတ်စလေမီဆရက်ဒ်စဂျာဒ်ဟာရှေမီးရန်း(န)အနေဖြင့်မိမိကျောင်း၏ကျောင်းသားတိုင်းသည်တစ်နေ့မိနစ်၂၀ခန့်ကျမ်းမြတ် ကုရ်အာန်ဖတ်ရွတ် ရန် မပြုမနေ အမိန့်အဖြစ်ထုတ်ပြန်ခဲ့ပြီး၊မလိုက်နာသောကျောင်းသားများ အတွက်ကောလိပ်၏ရေမီးအခန်းစသည်ဖြင့်အသုံးပြုခြင်းသည်ဟရမ်ဟုကြေငြာထားလေ၏။
အကျင့်စရိုက်၌မြတ်နဘီ(ဆွ) ၏နောက်လိုက်ခြင်း
ဟဒီးစ်တော်(၁၇)
قال رسول الله ص : ، إِنَ شِيعَتَنَا مَنْ شَيَّعَنَا، وَ اتَّبَعَ آثَارَنَا، وَ اقْتَدَى بِأَعْمَالِنَا.
میزان الحکمه ج 6
စကားပြေအဓိပ္ပာယ်
မဟာ တမန်တော်မြတ် ကြီးဟဇရတ် (သ) မိုဟမ္မဒ်(ဆွ) မိန့်တော်မူလေ၏။
ဧကန်မလွဲကျွန်ုပ်၏ရှီအာ(နောက်လိုက်နောက်ပါ)ဆိုသည်မှာကျွန်ုပ်၏ အမိန့်ကိုဖ၀ါးခြေထပ်မကွာလိုက်နာကျင့်သုံးလေ၏။ကျွန်ုပ်တို့၏ခြေ လှမ်းများ အတိုင်းလှမ်း၍ကျွန်ုပ်တို့၏အကျင့်စရိုက်အတိုင်းမိမိ အကျင့် စရိုက် ကိုပြုလေသည်။
ညွှန်း - မီးဇန်နိုဟ်လောက်မဟ်ကျမ်းအတွဲ၆
သင်ခန်းစာများ
(၁)ဤ အတွက်ကြောင့်လည်းကမ္ဘာအကျော်အမော် တူနီးရှား နိုင်ငံ သားရှီအာအာလင်မ် (ယခင်စွန်နီ အာလင်မ်) ဒေါက်တာသေ ဂျာနီ စမာဝီ မှရှီအာသာလျှင်စစ်မှန်သောစွန်နီအစစ် ဖြစ်သည်ဆိုသည့် ကျမ်း အားပြုစု ရေးသားသီကုံးခဲ့ခြင်းဖြစ်လေသည်။
(၂)မိမိတို့ကိုယ်မိမိ ငါတို့ ဟာတမန်တော်မြတ်ကြီး(ဆွ) ၏စွန္နတ် တော် များ၊ကျင့်သုံးသူနောက် လိုက်စွန်နီများဟုကြွေး ကျော် နေခံယူ ထားပြီး ရှီအာများကိုပုတ်ခတ် နေသူစော်ကား နေသူများ အထူး သတိ ပြုပြုပြင် သင့်ပေသည်။
(၃)ကိုယ်တော်မြတ် (ဆွ) သည်အထက်ပါဟဒီးစ်မွန်၌ရှီအာများ ဆိုသည့်စကားလုံးကိုသုံးပြီးမိန့်တော် မူထား လေသည်။အခြား စကားလုံးကိုမမိန့်ထားတော်မူချေ။
ရှီအာဆိုသည့် စကားကိုကြား တိုင်းမြင် တိုင်းနေမရထိုင်မရကိုယ်လက် မအီမသာဖြစ်တတ်သည့်ရှိုင်တွာန် စိတ်ဓါတ် ပိုင်ရှင်မော်လ၀ီများ ၎င်းတို့ ၏ နောက်လိုက် နောက်ပါများ အထူးသတိပြု စဉ်းစားသင့် ပေသည်။
ဤနေရာ၌ကိုယ်တော်မြတ် (ဆွ) ပြောသည့်ရှီအာနှင့် ယနေ့ရှီအာမတူ ဟုစောဒကတက်မည်ဆိုလျှင်ယနေ့စွန်နီဖြစ်ဖြစ်မွတ်စ လင်မ်ဖြစ်ဖြစ် ×× ၎င်းတို့၏ကျမ်းလာအဆို အရစွန်နီ နှင့် မွတ်စလင်ဖြစ်ပါသလား၊ကျွန်တော် အနေဖြင့်အခြားဖေရ်ကာများကိုပုတ်ခတ် စော်ကားနေခြင်း မဟုတ် ပါ။နှမ်းစေ့မျှ ရှိ သည့်သူတစ်ပါးအားနည်းချက်အပြစ်ကိုမြင်တတ်ကြပြီး၊မြင့်မိုရ် လောက်ကြီးသည်မိမိတို့၏ဖေရ်ကာသူ၊ဖေရ်ကာသားများနှင့်မိမိတို့ ကိုယ်တိုင်၏အားနည်းချက် အပြစ်အနာအဆာများကိုမမြင်တတ်ကြ ကုန်သည့် အချို့ အစွန်းရောက်သူယုတ်မာများ ၊အကျင့်ဆိုးများ ကိုအကျဉ်း ချုပ် ဖော်ပြရေးသားလိုက်ရခြင်းဖြစ်ပါသည်။ရှီအာအား မမုန်းသူ၊လက်ခံသူစွန်နီ ညီနောင်များကို အထူးတောင်းပန်ပါသည်။နားလည်ပေး မည်ဟုလည်းမျှော် လင့်ယုံကြည် မိပါသည်။
အမည်မဖော်လိုသူများ
ဟဒီးစ်တော်(၁၈)
قال علی ع : شِيعَتِي وَ اللَّهِ الْحُلَمَاءُ الْعُلَمَاءُ بِاللَّهِ وَ بِدِينِهِ الْعَامِلُونَ بِطَاعَتِهِ وَ أَمْرِهِ الْمُهْتَدُونَ لِحُبِّهِ وَ أَنْصَارُ عِبَادِهِ جُلَّاسُ زُهَّادِهِ صُفْرُ الْوُجُوهِ مِنَ التَّهَجُّدِ عُمْشُ الْعُيُونِ مِنَ الْبُكَاءِ ذُبُلُ الشِّفَاهِ مِنَ الذِّكْرِ خُمْصُ الْبُطُونِ مِنَ الطَّوَى تُعْرَفُ الرَّبَّانِيَّةُ فِي وُجُوهِهِمْ وَ الرَّهْبَانِيَّةُ فِي سَمْتِهِمْ مَصَابِيحُ كُلِّ ظُلْمَةٍ وَ رَيَاحِينُ كُلِّ قَبِيلَةٍ لَا يَشْنَئُونَ مِنَ الْمُسْلِمِينَ سَلَفاً وَ لَا يَقِفُونَ لَهُمْ خَلَفاً سُرُورُهُمْ مَكْنُونَةٌ وَ قُلُوبُهُمْ مَحْزُونَةٌ وَ أَنْفُسُهُمْ عَفِيفَةٌ وَ حَوَائِجُهُمْ خَفِيفَةٌ وَ أَنْفُسُهُمْ مِنْهُمْ فِي عَنَاءٍ وَ النَّاسُ مِنْهُمْ فِي رَاحَةٍ فَهُمُ الْكَاسَةُ الْأَوْلِيَاءُ وَ الْخَالِصَةُ النُّجَبَاءُ وَ هُمُ الرَّاغِبُونَ الرَّوَّاعُونَ قَرَاراً بِدِينِهِمْ إِنْ شَهِدُوا لَمْ يُعْرَفُوا وَ إِنْ غَابُوا لَمْ يُفْتَقَدُوا أُولَئِكَ مِنْ شِيعَتِيَ الْأَطْيَبُونَ وَ إِخْوَانِيَ الْأَكْرَمُونَ الْأَتْقِيَاءُ أَلَا هَاهْ شَوْقاً إِلَيْهِمْ.
امالی طوسی ره حدیث 1189
စကားပြေအဓိပ္ပာယ်
ဟဇရတ်(သ)အေမာမ်အလီ(အ.စ)မိန့်တော်မူလေ၏။
အလ္လာဟ်ဟို အရှင်မြတ်၏ကစမ်၊ကျွန်ုပ်၏ ရှီအာသည်မြတ် အလ္လာဟ် နှင့် ၎င်း ၏ သာသနာနှင့် ပတ်သက်သည့်ပညာရှင် အာလင်မ်ဖြစ် ပေ သည်။မြတ်အလ္လာဟ် ၏အမိန့်ကိုနာခံပြီး၎င်း၏ ဥပဒေများ အပေါ် လက် တွေ့ လိုက် နာကျင့်သုံးလေသည်။မြတ်အလ္လာဟ်၏အချစ်မေတ္တာကြောင့်တရား လမ်းမှန်ရပြီး သူများဖြစ်ပါသည်။အေဗာဒသ်တွင်ကြိုးပမ်းပြီး လောကမမက်မော မှု ပျော်မွေ့လေသည်။သဟ်ဂျွဒ် ကြောင့်၎င်း၏ မျက်နှာသည်အ၀ါ ရောင်သန်းနေလေသည်။(ရှရီအီ)ငိုကြွေးတမ်းတမှုကြောင့်၎င်း၏ မျက်စိ များ ၏အလင်းမမြင်ရမှုနည်းသွားလေ၏။မျက်လုံးများမှမျက်ရည်ကျနေ သည်။မြတ်အလ္လာဟ် အားအလွန်တရာ တမ်းတမှုကြောင့်၎င်း၏ နှုတ်ခမ်းခြောက် သွေ့နေသည်။ဆာလောင်မွတ် သိပ်မှုကြောင့်ဝမ်းဗိုက်နှင့် ခါးတ ထပ် တည်းဖြစ်နေလေ၏။ဘာသာ တရားကိုင်းရှိုင်းမှု၎င်း ၏မျက်နှာ တွင်တွေ့ရလေ သည်။ဖြူစင် သန့်စင်မှု၊သန့်ရှင်းမှုနှင့်ရှင်မြတ် အားကြောက် ရွံ့ ရိုသေ မှုတို့ အား၎င်း၏မျက်နှာ ကိုကြည့် သိနိုင်လေသည်။အမှောင် ထုတိုင်း(မကောင်း မှုတိုင်း) အတွက်အလင်းပြဆီမီးခွက်ဖြစ်ပါ သည်။အ ကယ် ၍(ရှရီအီ)ပျော်ပွဲ တစ်ခုခုတွင်၎င်းရှိ မည်ဆိုလျှင်လည်းမည်သူ မျှ ၎င်းကို မှတ်မိမည် မဟုတ်ပေ။အကယ်၍မရှိခဲ့လျှင်လည်းမည်သူမျှ၎င်း၏ မရှိကြောင်း မသိရှိကြပေ။ဤသည် ကျွန်ုပ်၏သန့်စင် စင်ကြယ် သန့်ပြန့်သန့်ရှင်း သည့် ရှီအာပင် တည်း။ ကျွန်ုပ်မြတ်နိုး ချစ်ခင်ရ သည့်ညီနောင် တော်ပင် တည်း။ အိုကျွန်ုပ် သည်၎င်းအား မည်မျှမည် သည့်အတိုင်း အတာ အထိလိုအပ်ပေ သနည်း။
ညွှန်းအမာလီသူစီ(ရဟ)ကျမ်းဟဒီးစ်တော်အမှတ်၁၁၈၉
သင်ခန်းစာများ
(၁)မာရှာအလ္လာဟ့် ဟဒီးစ်တော် မှအကျယ်တ၀င့်နီးပါးရှင်းပြထားပြီး ဖြစ်လေသည်။
(၂)မောင်လာအလီ(အ.စ) အနေဖြင့်မိမိ၏ရှီအာသည်မြတ်အလ္လာဟ် နှင့် ပတ်သက်၍သော် လည်းကောင်း၊ဒီးန် အစ္စလာမ့် ( မြတ် အလ္လာဟ် ၏ သာသနာတော်) နှင့် ပတ်သကပြီး တသွင်အာလင်မ်ပညာရှင်ဖြစ်ကြောင်းကစမ်စားထားလေသည်။ဤအတွက်ရှီအာ အစစ်ရှီအာ အမှန်စာရင်းဝင်ရန်အာလင်မ် အဆင့် ရောက်ရန်ကြိုး ပမ်းသင့်ပေသည်။ဤအတွက် ကြောင့်ဟုယူဆ ရပေသည်။မဟာ တမန်တော်မြတ်ကြီး (ဆွ)အနေဖြင့် ကိုယ်တိုင် အာလင်မ်ဖြစ်ရန်(သို့)ဆည်းပူးနေသူ(သို့) အာလင်မ်ကိုမြတ်နိုးသူဖြစ်ရန်မိန့်တော် မူထားသည့်အဓိပ္ပာယ်ကိုဆောင်နေသည့်ဟဒီးစ် တော် အား လေ့လာနိုင်ပေ သည်။
(၃)ကျွန်ုပ်တို့သည်ရှီအာစစ်ရှီအာမှန်အဖြစ်သို့မြတ်အလ္လာဟ် ၏ အလ္လာဟ် အမြင်တွင်ဖြစ်နိုင်ရန်လို အပ်သည့်အရည် အသွေး များ အရည် အချင်း များကိုမအ်စူမီး၏သြ၀ါဒတော် များနှင့်အညီကြိုးပမ်း ပုံဖော်ရပေမည်။မလုပ်မနေရသမိုင်းပေးတာဝန်ပင်ဖြစ်ပါသည်။
(၄) ရှီအာ စစ်ရှီအာမှန်ဖြစ်ရင်ဈေးထဲသွား၍ဟင်းရွက်ကဇွန်း ရွက် ၀ယ်ရသ လောက်ဝယ်သည်ဟုထင်နေသူသူများသတိ ထားသင့် ပေသည်။ ထင်လိုလည်းနမာဇ်ရိုဇာခွမ်းဗ်စသည်တို့ကိုမထီ မျက်မြင် ပြုခြင်း အထင်သေးခြင်းဂရုမပြုခြင်းတို့ကိုပြုနေကြ လေ ၏။
ကျက်သရေမင်္ဂလာ၏အကြောင်းတရားပင်တည်း
ဟဒီးစ်တော်(၁၉)
قال علی ع : شِيعتنا الْمُتَبَاذِلُونَ فِي وَلَايَتِنَا الْمُتَحَابُّونَ فِي مَوَدَّتِنَا الْمُتَزَاوِرُونَ لِإِحْيَاءِ أَمْرِنَا إِنْ غَضِبُوا لَمْ يَظْلِمُوا وَ إِنْ رَضُوا لَمْ يُسْرِفُوا بَرَكَةٌ لِمَنْ جَاوَرُوا وَ سِلْمٌ لِمَنْ خَالَطُوا.
الکافی جلد 2
စကားပြေအဓိပ္ပာယ်
မောင်လာ အေကာ အေနာသ်ဟဇရတ်(သ) အလီ(အ.စ) မိန့်တော်မူ လေ ၏။
ကျွန်ုပ်တို့ ၏ ဝေလာယသ် လမ်းစဉ်အတွက်ကျွန်ုပ်တို့၏ရှီအာသည်တစ် ဦး နှင့်တစ်ဦး ခွင့်လွတ် ပလပ်ခြင်းနှင့်ရက်ရောမှုဖြင့်ဆက်ဆံကြ လေ ၏။ကျွန်ုပ် တို့ ၏ အချစ်မေတ္တာကြောင့်အချင်းချင်း အချစ်မေတ္တာ ထားကြ လေ သည်။ကျွန်ုပ် တို့ ၏အမိန့်တော်များကိုရှင်သန်ရန်အလိုငှာတစ်ဦးနှင့် တစ်ဦး တွေ့ ဆုံကြလေသည်။ဤသူများ သည်အမျက် ဒေါသထွက် နေချိန် ၌ လည်းမတရား၊ညှဉ်းပန်း၊နှိပ်စက်မှုကိုမပြုကြပေ။ပျော်ရွှင်ချိန်လည်း (ရှရီအီ) လည်း ကို မကျော်၊မဖောက်ကြချေ။မိမိတို့၏အိမ်နီးချင်းများ အတွက်မင်္ဂလာ တရားကိုဖြစ်စေပါသည်။ပြီးနောက်မိမိတို့၏မိတ်ဆွေ အပေါင်း အသင်း များနှင့်ငြိမ်းချမ်း အေးဆေး ငြိမ်ဝပ် စွာနေကြလေသည်။
ညွှန်း-အလ်ကာဖီ ကျမ်းအတွဲ၂
သင်ခန်းစာများ
(၁)ရှီအာစစ်၊ရှီအာမှန်ဆိုလျှင်တစ်ဦးနှင့်တစ်ဦးခွင့် လွတ် ပလပ်ပြီး ရက်ရောသည်ဆိုကြောင်း ဟဒီးစ်တော်မှမီးမောင်း ထိုးပြထား ရာရုံးရောက်၊ဂတ်ရောက်၊တရားရုံးရောက်ပြီးပြဿနာကိုမကြီးကြီး အောင်လုပ်ရန်၊ဖြေရှင်းရန်မလိုချေ။အကယ်၍ဆုံးမ မရ သည့် အခြေအနေ၊ညှိမရတော့ သည့်အခြေအနေတွင်မိမိတို့ ၏သက် ဆိုင် ရာမရ်ဂျာထံအကျိုးအကြောင်းပြောပြတင်ပြရန်ရှေ့ ဆက် ဆောင်ရွက် သင့်ပေသည်။ရက်ရောရာ၌လည်းကိုယ်လူသူလူ ဟုကျောသားရင် သားမကွဲခြား ဘဲဆက်ဆံသင့်ပေးသည်။
(၂)ကိုယ်တော်မြတ် (ဆွ) နှင့်အဟ်လေ့ဘိုက်(သ) (အ.စ) ကိုအ ချစ် မေတ္တာ ထား လျှင်၎င်းတို့၏ရှီအာများကိုလည်းအချစ်မေတ္တာထား ဖို့အရေးကြီး ပေ သည်။
(၃)ဟဒီးစ်တော်အရရစူလ်နှင့်အာလေရစူလ်၏အမိန့်တော်များကို ရှင်သန်ရန်အလိုငှတစ်ဦးနှင့် တစ်ဦးတွေ့ဆုံကြ သည် ဟုဆိုထား သဖြင့်အမိန့်တော်များကိုအမှန်တကယ်တင်ပြသည့်မဂျလစ် အစီအစဉ်၊ စာစောင်မဂ္ဂဇင်း၊စာအုပ် စသည် ကိစ္စရပ်များ အတွက်နီးလျှင်အနီးကပ်တွေ့ ၍ဝေးလျှင်လည်းဖုန်း၊မေးလ် စ သည်ဖြင့် တွေ့ဆုံညှိနှိုင်း ဆောင်ရွက်သင့်ပေသည်။
(၄)အမျက် ဒေါသထွက်ချိန်၌ရှီအာစစ်၊ရှီအာမှန်သည်မတရား မနှိပ် စက်၊မညှဉ်းပန်း၊သည်ကိုဟဒီးစ်တော်မှထောက်ပြထားရာမိမိ တို့ အကြောင်းအမျိုးမျိုးကြောင့်မကျေနပ်သည်နှင့်ဘာသာတူ၊ဖေရ် ကာတူအချင်းချင်းကိုမတရားပုတ်ခတ်စွပ်စွဲပြောဆိုသူများ အထူး သတိပြုသင့်ပေသည်။ဤနေရာ ၌ မတော်တဆရှီအာ အချင်းချင်း မပြေ လည်မှု၊သဘောထား ကွဲလွဲမှု၊ဖြစ်လာလျှင်တစ်ဖက်တည်း၏ စကားကိုနားထောင်ပြီး အဆုံး အဖြတ်ပေးသူများ သတိကြီး သင့် ပေသည်။
(၅)ပျော်ရွှင်ချိန်၌လည်းတရားတော်မှခွင့်မပြုထားသည့် လုပ်ရပ်များကိုမကျူးလွန်ချေ။ မိမိ၏ အိမ်နီးချင်းအတွက် မင်္ဂလာတရားတော် ကိုဖြစ်ထွန်းစေသည့် အတွက်ရှီအာအေမာမ်မီယာဖေရ်ကတ်ရှရီအီအိမ်နီးချင်းဆိုသည်မှာမိမိနေအိမ်မှပတ်လည်အိမ်ခြေ(၄၀) အထိ အကျုံးဝင်နေလေသည်။အိမ်နီးချင်းသည်မည်သည့် ဘာသာ ၀င်ပင်ဖြစ်နေပါစေ၊မိမိ ကြောင့်ပင်ပန်းဆင်းရဲသောကဒုက္ခရောက်မှု ကိုမဖြစ်စေဖို့ရှီအာစစ်ရှီအာမှန်ဖြစ်လိုသူတိုင်းသတိထားရပေမည်။
(၆)မိတ်ဆွေ အပေါင်းအသင်းအတွက်ပြဿနာကိုဖြစ်စေသူ၊အန္တရာယ် ရောက်စေသူ လည်းမဖြစ်ဖို့လိုအပ်ရာ၊မိမိ၏မိဘနှစ်ပါး ဇနီး ခင်ပွန်း ညီအစ်ကို မောင်နှမစသည်တို့ အတွက်ဆိုလျှင်ပြောစရာပင်လိုမည်မဟုတ်တော့ချေ။
မကောင်းမှုကိုတားမြစ်သူ၊ကောင်းမှုကိုလမ်ညွှန်သူ
ဟဒီးစ်တော်(၂၀)
الامام الحسن ع :فی جواب رَجُلٌ قال له إنی مِنْ شِيعَتِكُمْ فَقَالَ الْحَسَنُ بْنُ عَلِيٍّ يَا عَبْدَ اللَّهِ إِنْ كُنْتَ لَنَا فِي أَوَامِرِنَا وَ زَوَاجِرِنَا مُطِيعاً فَقَدْ صَدَقْتَ وَ إِنْ كُنْتَ بِخِلَافِ ذَلِكَ فَلَا تَزِدْ فِي ذُنُوبِكَ بِدَعْوَاكَ مَرْتَبَةً شَرِيفَةً لَسْتَ مِنْ أَهْلِهَا لَا تَقُلْ أَنَا مِنْ شِيعَتِكُمْ وَ لَكِنْ قُلْ أَنَا مِنْ مَوَالِيكُمْ وَ مُحِبِّيكُمْ وَ مُعَادِي أَعْدَائِكُمْ وَ أَنْتَ فِي خَيْرٍ وَ إِلَى خَيْر.
میزان الحکمه ج 6
စကားပြေအဓိပ္ပာယ်
တစ်ဦးတစ်ယောက်သောပုဂ္ဂိုလ်မှအေမာမ်ဟစန်(အ.စ) ထံ ကျွန်တော် ဟာ ကိုယ်တော် ၏ရှီအာဖြစ်ပါသည်ဟုလျှောက်ထားရာအေမာမ် (အ.စ) အနေဖြင့်၎င်းအားအဖြေမိန့်တော်မူလေ၏။
အိုမြတ်အလ္လာဟ်၏ အဖန်ဆင်းခံအသင့်အနေဖြင့်ကျွန်ုပ်တို့၏အဟ်ကာမ်(ခ) ဥပဒေသများကိုလက်တွေ့ကျင့်သုံးသူကျွန်ုပ်တို့တားမြစ်ပိတ်ပင်ထား သည့် အရာများ မှရှောင်ကြဉ်သူမှန်လျှင်အသင့်ပြောသည့်စကားမှန်ပေ သည်။အကယ်၍အသင့်အနေဖြင့်ဤကဲ့သို့မဟုတ်ဘဲ ဆန့်ကျင် ဖက်ဖြစ် နေမည်ဆိုလျှင်ကြီးကျယ်မြင့်မြတ် သည့်(ရာထူး-ရှီအာဖြစ်ကြောင်း) ကိုထွက် ဆို ကြေငြာခြင်းဖြစ် မိမိ၏အပြစ်ဂိုနာများတွင်ပိုများ အောင်မလုပ်ပါ လေ နှင့်။အသင့်အနေဖြင့် ထိုနေရာရာထူး(ရှီအာ)နှင့်မထိုက်တန် ပေ။(ဤ အ တွက် ကြောင့်) ကျွန်တော်သည်ကိုယ်တော်၏ရှီအာဟုမပြော လေ နှင့်။တစ် နည်း အားဖြင့်ကိုယ်တော် ကိုလိုလားနှစ်သက်မြတ်နိုးသူကိုယ် တော် ၏ ရန်သူ များ ၏ ရန်သူပါဆိုပါလေ။ဤသို့ပြောဆိုခြင်းဖြင့်အသင် သည်ကောင်း မြတ် ကောင်းမွန် သည့်လူကောင်း တစ်ယောက် မည်လေ မည်။ကောင်းမှု သူစရိုက် ဖက် အား သန်စိတ်ဝင်စားသူမြည်လေ မည်။
ညွှန်း - မီးဇာန်နိုလ်ဟေက်မအ်ကျမ်းအတွဲ( ၆ )
သင်ခန်းစာများ
(၁)လူတွေ၏အမြင်၌ရှီအာဖြစ်နေဖို့ထက်အေမာမ်(အ.စ) ၏အမြင်၌ ရှီ အာ ဖြစ်ဖို့အလွန်တရာအရေးကြီးကြောင်းပြောဆိုနေပေ သည်။
(၂)ရှီအာဟုစက္ကန့် အနည်းငယ်ပြောလိုက်ရုံဖြင့်မလုံလောက် သေးပဲ လက်တွေ့ သက်သေပြဖို့လိုအပ်ကြောင်းထင်ရှားနေလေ သည်။
(၃)ကျွန်တော်တို့လည်းဤပုဂ္ဂိုလ်ကဲ့သို့ဖြစ်နေပါကမိမိကိုယ် မိမိ ရှီအာဟုပြောဆိုကြွေးကြော်နေမည့်အစားမိုဟစ်ဗ် ဟုပြော ဆို ကြေငြာ သင့် လေသည်။
(၄)ရှီအာ အကြောင်း အသေအချာ မသိဘဲရှီအာဟာကာဖေရ် ပါ။မိုရှ်ရက် ပါ၊အစ္စလာမ်အနာကိုဆားသိပ်နေသူတွေပါ။ရဟူဒီများကိုအပြင်ပိုင်း ၌ရန်သူ အဖြစ်ကြေငြာပြီး အတွင်းပိုင်းနှင့်ပေါင်းနေသူပါ။ဒီကောင်တွေကိုရှင်းသင့်တယ်။သာဝက (ရ.သွေ) တွေကို စော်ကားတယ်၊ စသည်ဖြင့်အကြောင်းအမျိုးမျိုးပြီး ရှီအာများ နှင့် ဗိုင်ကောဒ်လုပ်ကြ၊သတ်ကြသည့်အစ္စလာမ်အတုအယောင်များအထူးသတိထားသင့်နေပေပြီး၊ဤကဲ့သို့ပြုကျင့်နေသည့်သူများ၏ အ ပြစ်ဂိုနာ သည်မသေးချေ။ကိုယ့်ခြေကိုပုဆိန်ဖြင့်ပေါက်နေ သည့်လူ့ငနွား တိရစ္ဆာန်များ ပင်တည်း။ကိုယ်တော်မြတ်(ဆွ) ထက် (မအာဇလ်လ္လာဟ်) တစ်လကြီး နေသူများ ပင်တည်း။ဤနေရာ၌မိမိအနေဖြင့်ရှီအာဖေရ်ကာ၌ နေခွင့်ဖြစ်ခွင့်ရနေ လျှက် စည်းစိမ်း တဏှာစသည်ကိုမက်ပြီးဘာသာခြားများနှင့်အိမ် ထောင် ပြုသူ များ၊ ဖေရ်ကာမတူသူများနှင့်အိမ်ထောင်ပြုသူများလည်းသတိ ပြု သင့်ပေသည်။ဆင်ခြင်သင့်ပေသည်။
မိမိတို့၏တဏှာ၊ရာဂ၊တပ်မက်မှုကိုဖြူစင်လှသည့်အချစ် ဆိုသည့်အရောင်နှင့်ချယ်နေသူများအတွက်ရင်လေး စရာပင်ရှက်စရာပင်။
ကြီးကျယ်မြင့်မြတ်သူများ
ဟဒီးစ်တော်(၂၁)
قال علی ع : شِيعَتُنَا هُمُ الْعَارِفُونَ بِاللَّهِ الْعَامِلُونَ بِأَمْرِ اللَّهِ أَهْلُ الْفَضَائِلِ النَّاطِقُونَ بِالصَّوَابِ مَأْكُولُهُمُ الْقُوتُ وَ مَلْبَسُهُمُ الِاقْتِصَادُ وَ مَشْيُهُمُ التَّوَاضُعُ ... تَحْسَبُهُمْ مَرْضَى وَ قَدْ خُولِطُوا وَ مَا هُمْ بِذَلِكَ بَلْ خَامَرَهُمْ مِنْ عَظَمَةِ رَبِّهِمْ وَ شِدَّةِ سُلْطَانِهِ مَا طَاشَتْ لَهُ قُلُوبُهُمْ وَ ذَهَلَتْ مِنْهُ عُقُولُهُمْ فَإِذَا اشْتَاقُوا مِنْ ذَلِكَ بَادَرُوا إِلَى اللَّهِ تَعَالَى بِالْأَعْمَالِ الزَّكِيَّةِ- لَا يَرْضَوْنَ لَهُ بِالْقَلِيلِ وَ لَا يَسْتَكْثِرُونَ لَهُ الْجَزِيل.
بحارالانوار جلد 78
စကားပြေအဓိပ္ပာယ်
အေမာမ်အလီ(အ.စ) မိန့်လေ၏။
ကျွန်ုပ်၏ရှီအာဆိုသည်မှာမြတ်အလ္လာဟ်မအ်ရေဖသ် ( မြတ်အလ္လာဟ် အားအသေအချာ သိရှိ၊နားလည်၊ သဘောပေါက်ခြင်း)ရှိလေသည်။မြတ် အလ္လာဟ်အမိန့်ဥပဒေသများကိုလက်တွေ့ကျင့်သုံးသူဖြစ်ပေသည်။ကြီး ကျယ် မြင့်မြတ်သူများဖြစ်လေသည်။၎င်းတို့၏အင်္ကျီသည်အလယ် အလတ်ဖြစ်လေ သည်။ပြီးနောက်နေထိုင်မှုကျိုးနွံလေသည်။အသင် အနေဖြင့်၎င်းတို့ကိုရောဂါဝေဒနာရှင်နှင့်အရှုးလိုထင်လေသည်။အမှန် တကယ်၎င်းတို့သည်ဤကဲ့သို့မဟုတ်ချေ။တနည်းဆိုရလျှင်မြတ်အလ္လာဟ် ၏ကြီးကျယ်မြင့်မြတ်မှုနှင့်စွမ်းအင်များ၏အနိသင်သက်ရောက်မှုကြောင့်၎င်းတို့၏နှလုံးသားများသည်ရူးသွပ်သူပမာဖြစပြီး၎င်း၏ အသိဥာဏ် ဦး နှောက် များသည်အလ္လာဟ်ဟိုအရှင်မြတ်သခင်၏ရှေ့တော်မှောက်၌အံ့သြ မှုနှင့်အလုပ်မလုပ်တော့ချေ။မိမိတို့၏လိုလားတောင်းတမြတ်နိုးမှုကြောင့်၎င်းတို့ သည်မနေထိုင်သည့်အခြေအနေဖြင့်ရှင်မြတ်ဖက်သိုပလှမ်းလေ ၏။မြတ်အလ္လာဟ်အတွက်မိမိတို့၏အနည်းငယ်သောကောင်းမှု ကုသိုလ် အလုပ် များကိုမကျေနပ်နိုပ်ပေ။ပြီးနောက်မြောက်များစွာသောကောင်းမှု ကုသိုလ် သုစရိုက်များ ကိုလည်းအများကြီးဟုမထင် လေချေ။
ညွှန်း- ဘေဟာရရွလ်အန်န၀ါရ်ကျမ်းအတွဲ၇၈
သင်ခန်းစာများ
(၁)ရှီအာအစစ်အမှန်ဖြစ်လိုလျှင်မြတ်အလ္လာဟ်၏မအ်ရေသ်အတွက်ကြိုးပမ်းအားထုတ်ရပေမည်။
(၂)အလ္လာဟ်ဟိုအရှင်မြတ်၏အမိန့်တော်များကိုယ်ဖိ၊ရင်ဖိ၊လက်တွေ့ ကျင့်သုံးလေသည်။
(၃)မာရှာအလ္လာဟ်ကျန်အချက်အလက်များမှာဟဒီးစ်တော်အတွင်းအ ထင် အရှားတွေ့နေရလေပေသည်။
(၄) ကျွန်တော်တို့အနေဖြင့်ကောင်းမှုကုသိုလ်အနည်းငယ်လေးမရှိဆင်း ရဲသားများကို ပေးကမ်းခြင်း၊ကူညီပေးခြင်း၊မုဆိုးမများကိုလှူဒါန်းခြင်း၊ခေတ်ပညာကျောင်းသား/သူများနှင့်သာသနာကျောင်းသား/သူများ ထောက်ပံ့ခြင်း၊စသည်ဖြင့်ပြုလုပ်ပြီးမကျေနပ်လက်ပိုက်မထိုင် သင့်ချေ။အများကြီးပြုပြီး လျှင်လည်းမြတ် အလ္လာဟ် သဘောတူလက်ခံဖို့ သာကြိုးပမ်းအားထုတ်ပြီး သောကထားရပေမည်။ကုသိုလ်တစိတ်ကိုတအိတ်၊တပဲကိုတကျပ်သား မထင်မိဖို့အထူးလိုအပ်ပေသည်။
(၅) ရှီအာစစ်ရှီအာမှန် တစ်ယောက်ဖြစ်ဖို့မည်မျှအရည်အသွေးကောင်း များလိုအပ်ကြောင်းခက်ခဲကြောင်းအပီအပြင်သိနိုင်ပေသည်။
ဒေါသကိုထိန်းချုပ်နိုင်ခြင်း
ဟဒီးစ်တော်(၂၂)
قال الصّادق ع : َ يَا شِيعَةَ آلِ مُحَمَّدٍ اعْلَمُوا أَنَّهُ لَيْسَ مِنَّا مَنْ لَمْ يَمْلِكْ نَفْسَهُ عِنْدَ غَضَبِهِ وَ مَنْ لَمْ يُحْسِنْ صُحْبَةَ مَنْ صَحِبَهُ وَ مُخَالَقَةَ مَنْ خَالَقَه.
تحف العقول
စကားပြေအဓိပ္ပာယ်
အေမာမ်ဆွာဒစ် (အ.စ) မိန့်တော်မူလေသည်။
အိုအာလေ့မိုဟမ္မဒ်(ဆွ) ၏ ရှီအာအပေါင်းတို့အကြင်မည် သူမ ဆိုမိမိ ၏ဒေါသ မောဟကို မထိန်းချုပ် နိုင်မည်မိမိသူငယ်ချင်း မိတ်ဆွေများ အပေါ် ကောင်း မွန်စွာ ဆက်ဆံခြင်းမိမိ၏လုပ်ဖော်ကိုင်ဖက် များ အပေါ်ကောင်းမွန် စွာပြုမှု ဆက်ဆံခြင်းငြိမ်းချမ်း ရေးပြုသူများအတွက်ကောင်းမွန်စွာ ငြိမ်းချမ်း မှုပြု လုပ်ခြင်းနှင့်မိမိ၏ဆန့်ကျင်ဖက်များကိုကောင်းမြတ်သည့် ဆန့်ကျင် မှုမပြု မခြင်းကျွန်ုပ်တို့မှမဟုတ်ချေ။
ညွှန်း - သိုအ်ဖိုလ်အိုကုလ်ကျမ်း
သင်ခန်းစာများ
(၁)ကျွန်တော်တို့ကိုကျွန်တော်တို့ဆင်ခြင်သင့်ပေသည်။စိစစ် သင့် ပေသည်။
(၂)ရှီအာဆိုတာပြောရတာလွယ်သလောက်၊လက်တွေ့ ခက်ပါလားဟုထင်ရှားလာလေသည်။
(၃) ဟဒီးစ်တော်၌ ငြိမ်းချမ်းရေး ဆိုသူများကိုကောင်းမွန်စွာ ငြိမ်းချမ်းရေးဆိုရမည်ဟုဖော်ပြထား ရာ အလကား နေရင် မနာလိုဝန်တိုမှုကြောင့် သူတစ်ပါးကိုရန်လိုသူ များ၊သူတစ်ပါး အကျိုး ကိုဖျက်စီးနေ သူများမိမိကိုယ့်ကိုရှီအာဟုမပြောသင့်ချေ။အထူးအရှက်ယူသင့်ပေသည်။
(၄)မိမိ၏ဆန့်ကျင်ဖက်သူများကိုကောင်းမွန်စွာဆန့်ကျင်ရ မည်ဟုလမ်းညွှန်းချက်ရှိလျက်မိမိဆန့်ကျင်ဖက်များကိုမတရားစွပ်စွဲခြင်း၊မဟုတ် မတရားပြောခြင်းစသည်တို့ကိုပြုလုပ်သူသည် ရှီအာ စစ် ရှီအာ မှန်ဖြစ်နိုင်မည်လော။
တစ်ဦးတည်းနေထိုင်ချိန်မြတ်အလ္လာဟ်ဟိုအရှင်မြတ်အားကြောက်ရွံရိုသေလေးစားခြင်း
ဟဒီးစ်တော်(၂၃)
الأمام الکاظم ع قال : لَيْسَ مِنْ شِيعَتِنَا مَنْ خَلَا ثُمَّ لَمْ يَرْعَ قَلْبَهُ.
بصائر الدرجات
စကားပြေအဓိပ္ပာယ်
အေမာမ်ကာစင်(မ်)(အ.စ)မိန့်ကြားလေသည်။
အကြင်မည်သူမဆိုနှလုံးသားသည်တစ်ဦးတည်းတစ်ယောက် တည်းရှိ ချိန်တွင်မြတ်အလ္လာဟ်အားကြောက်ရွံ့ ရိုသေလေးစားခြင်းမရှိလျှင်ထိုသူ သည်ကျွန်ုပ်၏ရှီအာများမှမဟုတ်ချေ။
ညွှန်း-ဗဆွာအေရွဒ်ဒရာဂျာသ်ကျမ်း
သင်ခန်းစာများ
(၁)ရှင်းလင်းဖို့ပင်မလိုတော့ချေ။ယနေ့မြတ်အလ္လာဟ်အားကြောက် ရွံ့ ရိုသေလေးစားမှုမရှိသည့်အတွင်တရားသည်မတရားသည်မှန် သည် မှားသည်စသည်တို့ကိုဂရုမပြုတော့ချေ။တစ်နေ့မြတ် အလ္လာဟ်ကိုအဖြေပေးရမည် ဆိုတာလည်းမေ့နေ ပေသည်။
(၂)မနုဿလူသား၏အများစုသည်တစ်ဦးတစ်ယောက်တည်း ရှိချိန် တွင် မကောင်းသည့်အလုပ်များလုပ်လေ့ရှိပေသည်။ဘယ်သူမှ မသိဘယ်သူမှမမြင်ဟူသည့်အတွေးမှားအမြင်မှားဖြစ် ဂိုနာများကို ပြုတတ်ကြလေသည်။ဤဟဒီးစ်တော်မှမည်မျှ သင်ခန်းစာယူ ရန်မီး မောင်းထိုးပြနေကြောင်း တွေ့မြင်နိုင်ပေသည်။
သီလသမာဓိတွင်ကြိုးစားခြင်း
ဟဒီးစ်တော်(၂၄)
قال الصّادق ع : َ لَيْسَ مِنْ شِيعَتِنَا مَنْ يَكُونُ فِي مِصْرٍ يَكُونُ فِيهِ مِائَةُ أَلْفٍ وَ يَكُونُ فِي الْمِصْرِ أَوْرَعُ مِنْهُ.
بحارانوار جلد 68
စကားပြေအဓိပ္ပာယ်
အေမာမ်ဂျအ်ဖရ်ဆွာဒစ်(အ.စ)မိန့်ကြားတော်မူလေသည်။
အကြင် မည်သူမဆိုထောင်ပေါင်းများစွာသောလူထုရှိသည့်မြို့ တွင် နေထိုင်ပြီးထို့ မြို့ သူ /သားများအတွင်းသီလသမာဓိ အရှိဆုံး ပုဂ္ဂိုလ် မဖြစ်ခဲ့မည် ဆိုလျှင်ကျွန်ုပ်တို့ ၏ရှီအာ(များ) မှမဟုတ်ချေ။
ညွှန်းဘေဟာရရွလ်အန်န၀ါရ်ကျမ်းအတွဲ၆၈
သင်ခန်းစာများ
(၁)ကျွန်ုပ်တို့သည်ဟဒီးစ်နှင့်ဆန့်ကျင်ဖက်ဖြစ်နေလေ၏။သီလသမာဓိ အရှိဆုံးမှာရှီအာမဟုတ်ဘဲပြဿနာဂျကရာအများဆုံးလုပ်သူမှာရှီအာဖြစ်နေလေသည်။ဝမ်းနည်းလေစွ ...
(၂) သီလသ မာဓိသက္က၀ါ တရားသည် ကျမ်း စာအုပ်များ တွင်သာရှိ တော့ ပြီး အပြင်တွင်လက်တွေ့ရှားပါး နေသည့် အဖြစ် သို့ရောက် နေလေပြီး။
ဤသူများအပေါ်လာအ်နသ်ကြရောက်ပါစေ
ဟဒီးစ်တော်(၂၅)
قال الصّادق ع : قَوْمٌ يَزْعُمُونَ أَنِّي إِمَامُهُمْ وَ اللَّهِ مَا أَنَا لَهُمْ بِإِمَامٍ لَعَنَهُمُ اللَّهُ كُلَّمَا سَتَرْتُ سِتْراً هَتَكُوهُ أَقُولُ كَذَا وَ كَذَا فَيَقُولُونَ إِنَّمَا يَعْنِي كَذَا وَ كَذَا إِنَّمَا أَنَا إِمَامُ مَنْ أَطَاعَنِي.
بحارالانوار جلد 2
စကားပြေအဓိပ္ပာယ်
အေမာမ်ဂျအ်ဖရ်ဆွာဒစ်(အ.စ) မိန့်တော်မူလေသည်။
တစ်ချို့ သည်ကျွန်ုပ်ဟာ၎င်းတို့၏အေမာမ်(အ.စ) ဟုထင်လေသည်။အလ္လာဟ် ဟိုအရှင်မြတ်၏ကစမ်ကျွန်ုပ်သည်၎င်းတို့၏အေမာမ်(အ.စ) မဟုတ်ချေ။မြတ် အလ္လာဟ်ဤသူများအပေါ်လအ်နသ် ချပေးတော်မူပါစေ။ကျွန်ုပ်သည် အရာတစ်ခုခု ကိုဖုံးကွယ်လျှင်ဤသူများသည် ××ဖြစ်ကြပေ သည်။ကျွန်ုပ် အချို့ စကားပြောသည်အခါဤစကား ၏ အဓိပ္ပာယ် ဆိုလိုချက်ကဒီလိုဟုမိမိအထင်ဖြစ်ပြောဆိုတတ်ကြလေသည်။ကျွန်ုပ်သည်ကျွန်ုပ်၏ အမိန့် နာခံသူများ အတွက်သာလျှင်အေမာမ်ဖြစ်တော်မူပေ သည်။
ညွှန်း - ဘေဟာရွလ်အန်ဝါရ်ကျမ်းအတွဲ၂
သင်ခန်းစာများ
(၁) ကျွန်တော်တို့ ကအေမာမ်(အ.စ)အားမိမိတို့၏ အေမာမ် (အ.စ) ဟုဆိုယုံဖြစ်မလုံ လောက် ချေ။အေမာမ်(အ.စ)ကိုင်တိုင်ကကျွန်တော်တို့၏အေမာမ်(အ.စ) ဖြစ်ကြောင်းကိုယ်တိုင် လက်ခံဖို့ အရေးကြီးလိုအပ် ပေသည်။
(၂)အေမာမ်များ(အ.စ) ၏အမိန့်များကိုနားမထောင်လက် တွေ့ မ ကျင့် သုံး သေးသမျှ ကာလပတ်လုံး ရှီအာစစ် ၊ ရှီအာမှန်၊ မဖြစ်နိုင်ပေ။
(၃)ဟဒီးစ်တော်များ၏အဓိပ္ပာယ်ဆိုလိုချက်ကိုအသေအချာမသိဘဲရမ်းမတုတ်သင့်ပေ။ဘာသာရေးအသေအချာစိတ်ချရသည့်အစိတ်အပိုင်းအထိမသိရှိသေးဘဲမရေးသင့်မပြောသင့်မဆိုသင့်ချေ။အရည် အသွေး မီလာ အောင်ကြိုးပမ်းရ မည်ဖြစ်ပါ သည်။ တစ်ခါတစ်လေ ကျွန်တော်တို့ ပတ်ဝန်းကျင် သည် (( ဖွတ်၊ မိကျောင်း ဖြစ်၊ မြစ်မချမ်း သာ )) ကိန်း ဆိုက်ခဲ့၊ဆိုက်နေလေသည်။
အေမာမ် (အ.စ) အတွက်သိက္ခာမြင့်ပေသူဖြစ်ပါစေ
ဟဒီးစ်တော်(၂၆)
قال الصّادق ع : یا مَعَاشِرَ الشِّيعَةِ كُونُوا لَنَا زَيْناً وَ لَا تَكُونُوا عَلَيْنَا شَيْناً قُولُوا لِلنَّاسِ حُسْناً احْفَظُوا أَلْسِنَتَكُمْ وَ كُفُّوهَا عَنِ الْفُضُولِ وَ قَبِيحِ الْقَوْلِ.
امالی شیخ صدوق ره
စကားပြေအဓိပ္ပာယ်
အေမာမ်ဂျအ်ဖရ်ဆွာဒစ်(အ.စ)မိန့်တော်မူလေသည်။
အိုရှီအာ(အေမာမ်မီယာ)အပေါင်းတို့ကျွန်ုပ်တို့ အတွက်ဂုဏ်သိက္ခာ ကိုတိုးစေသူများဖြစ်ပါစေဂုဏ်သိက္ခာမဲ့အောင်အမည် ပျက် အောင်ပြုသူများ မဖြစ်ပါစေနှင့်လူထုနှင့် ကောင်းမြတ် သည့် စကားများ ပြောဆိုပါလေ။မိမိ၏ နှုတ်ကိုထိန်းသိမ်းစောင့်ရှောက်ပါလေ။အကျိုး မဲ့အဓိပ္ပာယ် မရှိသည့် စကား များ မှထိန်းသိမ်း ပါလေ။
ညွှန်း - အမာလီရှိက်ခ်စူဒူက်(ရ.ဟ)ကျမ်း
သင်ခန်းစာများ
၁။အဟ်လေ့ဘိုက်(သ)(အ.စ)အတွက်ဂုဏ်သိက္ခာကိုတိုးစေ သူဖြစ် ဖို့ နှင့်လျော့ စေသူ မဖြစ်စေဖို့ဆိုထားရာရှီအာအချင်းချင်းပြဿနာကိုပြေပြေ လည်လည်မညှိကြဘဲဟိုရုံးတိုင်၊ ဒီရုံးတိုင်သူများသတိပြုသင့်ပေသည်။
၂။ငါတို့ရပ်ကွက်ထဲကဟိုရှီအာလေကွအရက်သမား၊ဘိန်းစား၊စိတ်ကြွ ဆေးရောင်းသူ၊မကောင်းတာလူသူ၊လူလိမ်လူညာ420 သမား စသည်ဖြင့်အပြောမခံ ရအောင်နေရ မည်မှာအထူး အရေးကြီး ပေသည်။
၃။လူထုနှင့်စကားကောင်းကောင်းပြောရမည်ဟုညွှန်ထားရာလူမျိုးမရွေးဘာသာမရွေးဆင်းရဲချမ်းသာမရွေးတို့နှင့်ကောင်းမွန်စွာဆက်ဆံရပေမည်။
၎။နှုတ်သည်အထူးအရေးကြီးလေသည်။နှုတ်ကြောင့်ချမ်းသာသွား သူများ ဒုက္ခရောက်သူများထုနှင့်ထည်ပင်တည်းစာရူသူလူကြီး မင်းကိုယ်တိုင် အ နည်း နှင့် အများတွေ့ကြုံဖူးမည်ဖြစ်ပါသည်။
အေမာမ်ဂျအ်ဖရ်ဆွာဒစ်(အ.စ) ၏ရှီအာ
ဟဒီးစ်တော်(၂၇)
عن المفضل قال الصادق ع : إِنَّمَا شِيعَةُ جَعْفَرٍ مَنْ عَفَّ بَطْنُهُ وَ فَرْجُهُ وَ اشْتَدَّ جِهَادُهُ وَ عَمِلَ لِخَالِقِهِ وَ رَجَا ثَوَابَهُ وَ خَافَ عِقَابَهُ فَإِذَا رَأَيْتَ أُولَئِكَ فَأُولَئِكَ شِيعَةُ جَعْفَرٍ.
اصول کافی جلد 2 ، خصال جلد 1 باب الخمسه
စကားပြေအဓိပ္ပာယ်
မိုဖွစေလ် ထံမှရီဝါယသ်တော်လာရှိလေသည်။အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ) မိန့်တော် မူလေသည်။
ဧကန်မုချ အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ) ၏ရှီအာ ဆိုသည်မှာ -ထိုသူသာလျှင်ဖြစ်ချေသည်။၎င်း၏၀မ်းဗိုက်နှင့် အရှက်အင်္ဂါ သည်သန့်ရှင်း လေသည်။(ဆိုလိုသည်မှာဤအရာနှစ်ခုစလုံး ကိုဟရမ်လုပ်ငန်းများမှထိန်းသိမ်းခြင်းဖြစ်ပေ သည်။အပြင်းအထန် (မိမိစိတ်ရိုင်းစိတ်မိုက်) နှင့်ဂျေဟဒ်ပြု လေ၏။မိမိ၏အလုပ်များကိုမိမိ၏ဖန်ဆင်းရှင်မြတ် အလ္လာဟ် နှစ်မြို့မြတ်နိုးမှုအတွက်သာလျှင်ဆောင်ရွက်လေ၏။မြတ်အလ္လာဟ်ချီးမြှင့်မည့် စ၀ါးဗ် ကိုမျှော်လင့်ပြီးအရှင်၏အကဗ်ကိုကြောက်ရွံ့လေ၏။အသင်အနေဖြင့်ဤကဲ့သို့သော်သူများတွေ့ရမည်ဆိုလျှင်(မှတ်ပါ)ထို သူများသည် အေမာမ် ဂျအ်ဖရ် ဆွာဒစ်(အ.စ)၏ ရှီအာများပင်ဖြစ်ပေသည်။
ညွှန်းအူစူလေကာဖီကျမ်းအတွဲ(၂)စေဆွာကျမ်း
သင်ခန်းစာများ
(၁)သမာအာဇီဝကျကျဖြင့်မိမိဝမ်းဗိုက်ကို မဖြည့်သူများ၊မိမိအရှက်၊ကိုယ်လုံး ကိုယ်ပေါက်ကိုဟိုပေါ်ဒီပေါ်၊မော်ဒယ်ပုံစံပြုသူများ အထူးသတိပြု သင့်ပေ သည်။မိမိကိုယ်ကိုရှီအာဟုလည်းဆိုမည်ဤကဲ့သို့ လည်းပြုမည် ဆိုလျှင်ရှီအာစစ်၊ ရှီအာမှန်မဟုတ်ချေ။
(၂)ဂျေဟဒ်ပြုသူဖြစ်လေသည်။သောင်းကြမ်းသူ၊ဖျက်စီးသူ၊လူသတ်သူကိုရှီအာအမြင်၊စစ်မှန်သည့်အစ္စလာမ့်အမြင်၌ဂျေဟဒ်မမည်ချေ။မိမိ၏ စိတ်ရိုင်းစိတ်ပုပ်များကိုတိုက်ထုတ်ခြင်းကိုကြီးမားသည့်ဂျေဟဒ်ဟုဆိုထားလေ၏။သို့သော်မိမိကိုကျူးကျော်လာသူများကိုခုခံပိုင်ခွင့်ရှိလေသည်။မိမိဖက်မှမစကြလေချေ။
(၃)မြတ်အလ္လာဟ် နှစ်မြို့ ကိုဦးစားပေးရမည်။တခြားအတွက်မဖြစ်စေရ။
(၄)အောင်မြင်မှုနှင့်ဆုံးရှုံးမှု၊စ၀ါးဗ်နှင့်အဇဗ်သည်မြတ်အလ္လာဟ် လက်ထဲ ၌သာရှိသည်ကိုအသေအချာမှတ်သား ထားသင့် ပေသည်။
(၅)ဤကဲ့သို့သော် ရှီအာများသည်ရှိတော့ရှိတယ်ရှား၏။နည်း၏။ကျွန်တော် တို့အားလုံးသည်လည်းဤစစ်မှန်သည့်ရှီအာစစ်များစာရင်းတွင်ဝင်ပါစေဟုမြတ်အလ္လာဟ်ထံဆုချွေလိုက်ရပါသည်။
ဤ
(၆) ဤကဲ့သို့ အရည် အသွေးများ ထွက်ပေါ်လာရန် အမြဲ ကြိုးစားနေ သင့်ပေ သည်။
ရှီအာအတု
ဟဒီးစ်တော်(၂၈)
قال الصّادق ع : كَذَبَ مَنْ زَعَمَ أَنَّهُ مِنْ شِيعَتِنَا وَ هُوَ مُتَمَسِّكٌ بِعُرْوَةِ غَيْرِنَا.
بحارالاتوار جلد 2
စကားပြေအဓိပ္ပာယ်
အေမာမ်ဂျအ်ဖရ်ဆွာဒစ်(အ.စ)မိန့်တော်မူလေသည်။
အကြင် မည်သူမဆိုကျွန်ုပ်တို့ (အဟ်လေ့ဘိုက်(သ) (အ.စ) မှ အပအခြား သူများကိုမြဲမြံစွာဆုပ်ကိုင်ထားမည်။ပြီးနောက်လည်းရှီအာဟုထင်နေ မည်ဆိုလျှင်အမှန်တကယ်သည်လူလိမ် ၊လူညာ ၊မုသားဆို သူပင်တည်း။
ညွှန်း - ဘေဟာ(ရ)ရွလ်အန်န၀ါရ်ကျမ်းအတွဲ၂
သင်ခန်းစာများ
(၁)အဟ်လေ့ဘိုက်(သ)(အ.စ)မည်မျှ အရေးကြီးကြောင်းသိနိုင်ပေ သည်။
(၂)အဟ်လေ့ဘိုက်(သ)(အ.စ)မှအပအခြားသူများကိုမြဲမြံစွာဆုပ်ကိုင် ပြီးရှီအာ ဟုအော်နေသူများရှိနေသည့်အတွက်ကြောင့်ပင်တည်း။ ဟဒီးစ် တော် ဤ သို့လာခြင်းဖြစ်လေသည်။
ရှီအာများနှင့်အချစ်ထားခြင်းနှင့်အမုန်းထားခြင်း
ဟဒီးစ်တော်(၂၉)
عن ابن أبی نجران قال سمعت ابا الحسن ع یقول : مَنْ عَادَى شِيعَتَنَا فَقَدْ عَادَانَا وَ مَنْ وَالاهُمْ فَقَدْ وَالانَا لِأَنَّهُمْ مِنَّا خُلِقُوا مِنْ طِينَتِنَا مَنْ أَحَبَّهُمْ فَهُوَ مِنَّا وَ مَنْ أَبْغَضَهُمْ فَلَيْسَ مِنَّا
بحارالانوار جلد 65
စကားပြေအဓိပ္ပာယ်
အေဗ်နေအဘီနဂ်ျရာန်မှတဆင့်ရီဝါယသ်တော်လာရှိလေသည်။အေမာမ်ရေဇာ(အ.စ) မိန့်တော်မူလေသည်။
အကြင်မည်သူမဆိုကျွန်ုပ်တို့၏ရှီအာများနှင့်ရန်ငြိုးထားမည်ဆိုလျှင်ထိုသူသည်ကျွန်ုပ်နှင့်ရန်ငြိုးထားခြင်းမည်လေ၏။အကြင်မည်သူမဆို ကျွန်ုပ် ၏ ရှီအာများ နှင့်အချစ်မေတ္တာထားမည်ဆိုလျှင်၎င်းအနေဖြင့်ကျွန်ုပ်တို့နှင့်အချစ်မေတ္တာထားခြင်းမည်လေ၏။အကြောင်းမှာ၎င်းတို့သည် ကျွန်ုပ် တို့မှဖြစ်လေ၏။ကျွန်ုပ်တို့အားဖန်ဆင်းထားသည့်မြေသန့်မှအဖန်ဆင်းခံရ သူများဖြစ်လေသည်။မည်သူမဆို၎င်းတို့နှင့်အချစ်မေတ္တာထားလျှင်၎င်းသည်ကျွန်ုပ်တို့မှဖြစ်ပြီးမည်သူမဆို၎င်းတို့အားမုန်းတီးမည်ဆို လျှင်၎င်းသည် ကျွန်ုပ်တို့မှမဟုတ်ချေ။
ညွှန်းဘေဟာ(ရ)ရွလ်အန်န၀ါရ်ကျမ်းအတွဲ၆၅
သင်ခန်းစာများ
(၁)ရှီအာတွေဆိုင်မှာမ၀ယ်ရဘူး၊ရှီအာတွေနှင့်မဆက်ဆံရဘူး၊အလုပ် မခန့်ရဘူး၊အလုပ်မလုပ်ရဘူး။စသည်ဖြင့်အသံကောင်းဟစ်နေသည့်မော်လ၀ီအတုအယောင်များ၊၀ဟာဘီ၊စလ်ဖီ၊အမေရိကန်၊အစ္စရေး၊ အစွန်းရောက် ×××ထုတ်မော်လ၀ီများနှင့်၎င်းတို့နောက်လိုက်များသတိ၊ အထူးအထူးပြုသင့်ပေသည်။အမှန်တကယ်ရှီအာကိုပြောခြင်းမမည်ပေ၊ကိုယ်တော်မြတ်၏အနွယ်တော်မွန်များကိုပြောနေခြင်းမည်လေ၏။
(၂)ရှီအာများကိုသတ်ဖြတ်နှိပ်စက်ခြင်းသည်လည်းအမှန်တကယ် အဟ်လေ့ဘိုက်(သ) (အ.စ) ကိုသတ်ဖြတ်နှိပ်စက်ခြင်းမည်လေ၏။
(၃)ရှီအာအချင်းချင်းဖြစ်ပြီးရန်ငြိုးထားနေသူများ၊အကောက်ကြံနေသူများ၊မနာလိုစိတ်ထားသူများလည်းဂရုပြုစရာပင်။
(၄)ရှီအာ၏အဆင့်အတန်းသည်မည်မျှမြင့်မားကြောင်း အထင်အရှားတွေ့ နိုင်ပေသည်။
ကောင်းမှု၏ရလဒ်
ဟဒီးစ်တော်(၃၀)
قال الصّادق ع : َ شِيعَتُنَا مَنْ قَدَّمَ مَا اسْتَحْسَنَ وَ أَمْسَكَ مَا اسْتَقْبَحَ وَ أَظْهَرَ الْجَمِيلَ وَ سَارَعَ بِالْأَمْرِ الْجَلِيلِ رَغْبَةً إِلَى رَحْمَةِ الْجَلِيلِ فَذَاكَ مِنَّا وَ إِلَيْنَا وَ مَعَنَا حَيْثُ مَا كُنَّا.
بحارانوار جلد 68
စကားပြေအဓိပ္ပာယ်
အေမာမ်ဂျအ်ဖရ်ဆွာဒစ်(အ.စ)မိန့်တော်မူလေသည်။
ကျွန်ုပ်တို့၏ရှီအာဆိုသည်မှာကောင်းမှုကုသိုလ်ဟုနားလည် သဘောပေါက်ထားသည်အလုပ်ကိုသာလုပ်ဆောင်ပြီးမကောင်းမှုဒုစရိုက် အလုပ်များ ဟုနားလည်သဘောပေါက်ထာသည်။အလုပ်များကိုရှောင်ကြဉ် လေ၏။ကောင်းမှုများကိုထုတ်လုပ်နိုင်ပေသည်။ကြီကျယ်မြင့်မြတ်တော် မူသောမြတ်အလ္လာဟ်ဟိုအရှင်မြတ်ရဟ်မသ်တော်ကိုလိုလားတောင့်တပြီးကြီးကျယ် မြင့်မြတ်သည့်အလုပ်များတွင်သူတစ်ပါးထက်ဦးအောင်လုပ်လေ ၏။ဤအတွက်ကြောင့်ဤရှီအာသည်ကျွန်ုပ်တို့မှဖြစ်လေသည်။၎င်း၏မျက်နှာမူရာ အရပ်ဦးထိပ်ထားမှု၊ဂရုပြုမှုသည်ကျွန်ုပ်တို့ဖက်ဖြစ်လေသည်။မည်သည်နေရာတွင်ရှိပါစေကျွန်ုပ်တို့နှင့်အတူရှိလေ၏။
ညွှန်းဘေဟာရရွလ်အန်န၀ါရ်ကျမ်း၆၈
သင်ခန်းစာများ
(၁)ကုသိုလ်တိုင်း၊ကောင်းမှုတိုင်း၌လက်မနှေးမှသာလျှင်မကောင်းမှု၊ဒုစရိုက် များမှန်သမျှမှရှောင်ကြဉ်မှသာလျှင်ရှီအာစစ်မည်လေမည်။
(၂)ကောင်းသည့်နေရာမှပဲသူတစ်ပါးထက်အရင်ဦးရမည်မှာရှီအာ ၏ သမိုင်း ပေးတာဝန်ပင်တည်း။ထိုပြင်ရဟ်မသ်သေ ခိုဒါကိုလည်းမေ့ထားရ၍မရ ချေ။ဤအတွက်ကြောင့်ကုသိုလ်လုပ်နေသည်ဟုသိရပေမည်။
(၃)အဟ်လေ့ဘိုက်(သ)(အ.စ) ကိုသာလျှင်အဓိကထားပြီးဆင်းရဲရဲ၊ ချမ်းသာသာအေးအေးပူပူရှီအာဖြစ်နေဖို့လိုပေသည်။ငွေအသပြာ ကြောင့်မိန်းမကြောင့်၊ရာထူးဂုဏ်များကြောင့်ရှီအာမလုပ်သူမဖြစ်စေရ။ဤကဲ့သို့ပြုခဲ့လျှင်မတော်တဆကံကောင်းခဲ့ လျှင်လည်း ဤဘ၀၌ခရီးတာဖြစ်ပြီးနောက် အာခေရသ်တွင်စပါယ်ရှယ်ခံရမည်ဆိုတာမမေ့သင့်ချေ။
ရှီအာများ၏လမ်းစဉ်သည်ကားမြတ်အလ္လာဟ်၏အမိန့်နာခံခြင်းပင်တည်း
ဟဒီးစ်တော်(၃၁)
قال الباقر ع : لَا تَذْهَبْ بِكُمُ الْمَذَاهِبُ فَوَ اللَّهِ مَا شِيعَتُنَا إِلَّا مَنْ أَطَاعَ اللَّهَ عَزَّ وَ جَلَّ.
الکافی جلد 2
စကားပြေအဓိပ္ပာယ်
အေမမ်မိုဟမ္မဒ်ဘာကေရ်(အ.စ)မိန့်တော်မူလေသည်။
အမြင်ပေါင်းစုံအကီဒါ ယုံကြည်မှု အစုံကြောင့် အသင်ရှီအာအားလမ်းလွဲ လမ်းမှားသို့မရောက်စေနှင့်။အလ္လာဟ်ဟို အရှင်မြတ်၏ကစမ်ကြီးကျယ်မြင့်မြတ်တော်မူသောမြတ်အလ္လာဟ်၏အမိန့်ကိုနာခံကျင့်သုံး သူသာ လျှင်ကျွန်ုပ်တို့၏ရှီအာဖြစ် လေသည်။
ညွှန်းအလ်ကာဖီးအတွဲ၂
သင်ခန်းစာများ
(၁)ရှီအာအစစ်ဖြစ်ဖို့မှတ်ကျောက်အစစ်သည်အလ္လာဟ်ဟိုအသျှင်မြတ်၏ အမိန့်နာခံကျင့်သုံးခြင်းဖြစ်လေ၏။
(၂)မည်သည့် အမြင်ပြင်ဖြစ်ပါစေ၊အကီဒါယုံကြည်မှုများပင်ဖြစ်ပါစေအလ္လာဟ် ဟို အရှင်မြတ်၏အမိန့်နှင့်မဆန့်ကျင်၊မဖိဆန်ဖို့အထူးအရေးကြီးပေသည်။
(၃)မြတ်အလ္လာဟ်၏ကစမ်ကိုပြစ်မဲ့အေမာမ်အားထားခြင်းကိုကြည့်ခြင်းဖြင့်ရှီအာစစ်ရှီအာမှန်သည်မြတ်အလ္လာဟ်၏အမိန့်တော်များကိုလိုက်နာကျင့် သုံးမှသာ လျှင်ဖြစ် နိုင်ပေ သည်။အခြားနည်းလမ်းမရှိ။
မှတ်ချက်။ ။ အထူးဝမ်းနည်းဖွယ်ဖြစ်ရပ်မှန်တစ်ခုမြတ် အလ္လာဟ် ၏အမိန့်ကိုသိရှိနားလည်ရန်အနည်းဆုံးကျမ်းတော်မြတ် ကုရ်အာန် စူရဟ်ဖွာသေဟာမှစူရဟ်နာစ်အထိအဓိပ္ပာယ်နှင့်ဘာသာပြန်သိဖို့ လိုအပ်ပေသည်။ပြီးမှနောက်တဆင့် အကျယ်သဖ်စီးရ်။
သို့သော်မာရှာအလ္လာဟ်အီရန်နိုင်ငံတွင်မိမိတို့၏အချိန်၊စွမ်းအား အရပညာသင်ယူခဲ့သူများဆည်းပူးနေကြသူများယနေ့ဆိုလျှင်ကျွန်တော် ဘာသာပြန်ဆို အပါအဝင်အယောက်၇၀ကျော်နေပြီးဖြစ်ပေ သည်။သို့သော် အထူး ဝမ်းနည်းလေစွ ၊မြန်မာဘာသာပြန်စစ်မှန်သည့်အစ္စလာမ်ရှီအာ အေမာမ်မီယာအမြင်အရပြန် ထားမှုမရှိချေ။
ယုတ်စွအဆုံးတော်တော်များများ သည်ဆောင်းပါးရေးသား ရာ၌လည်းမြန်မာဘာသာပြန်စွန္နီကုရ်အာန်ကိုသာဤ သည်မရွေး၊ ကူးချကော်ပီလုပ်ကြလေသည်။ ၀မ်းနည်းဖွယ်ဝမ်းနည်းဖွယ် ...
ဤအတွက်မောင်လာနာတိုင်းဇကေရဟ်တိုင်း၊ရှီအာ မိုမင်အမျိုး သားအမျိုးသမီးတိုင်း၏သမိုင်းပေးတာဝန်ဖြစ်ပေသည်။မြန်မာဘာသာပြန်(ရှီအာအမြင်အရ)ကျမ်းမြတ်ကုရ်အန်ထွက်ရှိလာဖို့ထောင့်စုံ မှတာဝန်ယူ ဖြေရှင်းရပေမည်။အနှောင့်အယှက်၊အဟန့်အတား၊ပျက်စီးမှုပြုလာသူအပြုသဘောမဆောင်သည့်အလုပ်များထံပေးသူများကိုဖယ်ရှား ကျော်ဖြတ်ရပေမည်။အင်ရှာအလ္လာဟ်
. . . . .
အို -မြတ်အလ္လာဟ်မြန်မာရှီအာများ၏ စစ်မှန်သည့်တိုးတက်ရေး၊အကျိုးပေးရေး ကိစ္စများအတွက် နီယသ်မကောင်းသူများ၊ပြဿနာမီးလည်း တောက် စေပြီး ရှီအာ အသိုင်းအဝိုင်းကို လည်းလောင်းစေသည့်ကောက်ကျစ် သည့်စိတ်ပုတ် စိတ်ယုတ်၊စိတ်ညံ့၊မနာလိုစိတ်ရှိသူများကိုယုတ်စွာအဆုံး(ခိုဒါနာခွါစ်သာ ) ကျွန်ုပ်တို့၏ကျေးဇူးရှင်အဖေနှင့်အမေများ ၊ ဆွေမျိုး များအကြီးအကဲများ၊မောင်လာနာများ၊ဇကေရဟ်များ ...ဖြစ်နေလျှင်ပထမဆင့်အနေဖြင့်ဟေဒါယသ်(တရားလမ်းမှန်)ညွန်ပြတော် မူပြီး၊သောင်(၀်)ဗာ(၀န်ချတောင်းပန်) နိုင်စွမ်း ပေးသနား တော်မူပါ။
မပြောကောင်းမဆိုကောင်းဤကဲ့သို့မှ မဟုတ်၊မရလျှင်လည်းအကြောင်း အမျိုးမျိုးကိုခံပြီးမြန်မာရှီအာများနယ်ပယ်မှဖယ်ရှားပေးသနားတော်မူပါ။၎င်းတို့အားကာယ၊ဉာန၊ဒါနဖြင့်ကူညီ ထောက်ပံ့သူများကိုလည်းရှင်မြတ် အလွတ်မပေးတော်မူပါနှင့်ဟု အသနားခံ ဒိုအာ ပြုလိုက်ပါသည်။ အာမီးန် ...
ညအချိန်တွင်အေဗာဒသ်ပြုသူ၊နေ့အချိန်တွင်ရဲရင့်ပြတ်သားသူဖြစ်ပေသည်။
ဟဒီးစ်တော်(၃၂)
قتا الباقر ع : فی صفة الشیعة : َ إِنَّهُمْ حُصُونٌ حَصِينَةٌ في [وَ] صُدُورٌ أَمِينَةٌ وَ أَحْلَامٌ رَزِينَةٌ لَيْسُوا بِالْمَذَايِيعِ الْبُذُرِ وَ لَا بِالْجُفَاةِ الْمُرَاءِينَ رُهْبَانٌ بِاللَّيْلِ أُسْدٌ بِالنَّهَارِ.
مشکوة الانوار
စကားပြေအဓိပ္ပာယ်
အေမာမ်ဘာကေရ်(အ.စ) အနေဖြင့်ရှီအာဂုဏ်ရည်များကိုမိန့်တော်မူ လေ သည်။
ဤ (ရှီအာ)သည်ခိုင်မာတည်တံ့သည်ခံတပ်ဖြစ် လေသည်။၎င်းတို့၏နှလုံးသားသည်အလွဲသုံးစားမလုပ်သည့် (နှလုံးရှင်များ) ဖြစ် လေ သည်။(သူတစ်ပါး၏လျှို့ ဝှက်ချက်များကိုထိန်းသိမ်းသူဖြစ်ပေသည်။ )၎င်း ၏ အတွေးအခေါ်သည်မှန်ကန်ပြီးဖြစ် ပေသည်။သူများ နောက်လိုက်သူ ၊ ပြဿနာရှာသူ၊သစ္စာဖောက်၊နှိပ်စက်သူ၊ပြစားသူမဟုတ် ချေ။ဤ ရှီအာများသည်ညများကိုအေဗာဒသ်တွင်ပျော်မွေ့ ကြပြီး၎င်း၌ရဲရင့်ပြတ်သားလေသည်။
ညွန်း - မစ်ရှ်ကသွလ် အန်နဝါ(ရ) ကျမ်း
သင်ခန်းစာများ
(၁) ရှီအာ စစ်၊ရှီအာဖြစ်ဖို့အရည်အသွေးလက္ခဏာများကိုဖော်ပြထား ရာရှီအာ စစ်ရှီအာမှန်ဖြစ်လိုလျှင်မိမိကိုယ်၌အထက်ဖော်ပြပါအရည်အသွေးများထွက်လာအောင်သွေးရပေမည်။
(၂) သူတစ်ပါး ပစ္စည်းဥစ္စာ စသည်၌အလွဲသုံးစားလုပ်သူများ၊အဆင် ပြေ ၊ တည် နေလျှင်၎င်း၏လျှို့ ဝှက်ချက်များ ကို ၀ှက်ထားပြီးအဆင် မပြေ တော့ လျှင်လူအများသိအောင်မောင်းထုသူများမိမိကိုယ်ကိုရှီအာ ဟုကြေညာ နေသူများ အထူးသိပြုသင့်ပေသည်။ ၎င်းပုဂ္ဂိုလ်များ သည် ရေမရှိသည့်ချောင်းနှာခေါင်းပေါ်ကာအရှက်ကြီးကြီး နှင့် သေသင့်ပေသည်။
(၃) ပြဿနာရှာသူဆို သည်မှာမြတ်အလ္လာဟ်၊ရစူလ်(ဆွ)၊အဟ်လေ့ ဘိုက်(အ.စ)) ၏အမြင်၌ ဖြစ်ဖို့ အထူးအရေးကြီး လိုပေ သည်။ကျွန်တော်တို့၏မြန်မာရှီအာလောကရှိ တစ်ချို့ မနူးမနပ် များ၏ လုပ်ထုံး ၊ ပြောထုံး အရ တစ်ဦးတစ်ယောက်သို့အဖွဲ့ အစည်းတစ်ခုခု ၏အမှား ကိုထောက်ပြမည်၊လိမ်လည်ပြစားမှုတွေဖော်ထုတ်မည်၊သူတို့ကြောင့်မိမိ တို့ ၏(အကြံအဖန်) ဈေးဆိုင်များ ပိတ်ရ မည်။လူကြီးသူကြီးတွေသက်ဆိုင် ရာတွေစစ်လာမေးလာ မည်စသည်ဖြင့်မိမိတို့၏မကောင်းသည့်နည်းများဖြင့်အကျိုးအမြတ်ထုတ်ယူနေမှု ကိုဟန့်တားလာသူများဟန့် တားအောင် လုပ်သူများ ကိုပြဿနာကောင်၊ငဖွစသည်ဖြင့်အပြောခံရသူများ ကိုမဆိုလိုချေ။
(၄) မနှိပ်စက် သူဖြစ်ရမည်။သူတစ်ပါးကိုလက်နက်ဖြင့်အနိုင် ကျင့် နှိပ်စက်သူ သာလျှင်မမည်ချေ။သူတစ်ပါး အကျိုးယုတ်အောင်သူနှင့် အလုပ်တွဲမလုပ်နှင့်သူအိမ်မသွားနှင့် သူကို မကူညီနှင့် စသည်တို့ သည်လည်းနှိပ်စက်မှုတစ်မျိုးထဲတွင်ပါမပါသက်ဆိုင်ရာမရ်ဂျာများကိုမေးမြန်းပြီးသတိပြုသင့်ပေသည်။
(၅)ညများ၌ အေဗာဒသ်ပြုသူ၊နေ့၌ရဲရင့်ပြတ်သားသူဟုဆိုထားရာ ကျွန်တော်တို့ အနေဖြင့် မိမိကိုယ်ကို ရှီအာ အေမာမ် မီယာဟု ခံယူထားသည့် အတွက် ညညဆိုနေရာစုံ တွင် ထိုင်ပြီးဟိုအကြောင်းဒီအကြောင်းဟိုလူ့အတင်း၊ဒီလူ့အဖျင်းတုပ်သူများ၊တရားတော်မှခွင့်မပြုထားသည့်ဗီဒီယို များကြည့် သူများမဖြစ်စေဖို့ သတိပြုသင့် ပေသည်။နေ့လည်ဆိုလည်းရဲရင့် ပြတ်သားရ မည်ဆိုသည့်အချက်များမှာဟလာလ်အလုပ်၊သမာအာဇီဝ အလုပ်အတွက် ထင်ထင်ရှားရှား လုပ်ရဲမှု တစ်ခုသည်လည်းမပါဝင်ဟုမဆိုနိုင် ချေ။
ကျွန်တော်မျိုးတို့အားလုံး ကို ဤ မကောင်းသည့် အချင်းအရည်ပုတ် များ မှ ကင်းအောင်နေနိုင် စွမ်းပေးသနားတော်မူပါ။ မြတ်အလ္လာဟ် ... အာမီးန်
သီးသန့်ရှီအာစစ်ရှီအာမှန်များကနည်းပါးခြင်းနှင့်ရှားပါးခြင်း
ဟဒီးစ်တော်(၃၃)
قال الامام الکاظم ع اموسی بن بکر الواسطی : لَوْ مَيَّزْتُ شِيعَتِي لَمْ أَجِدْهُمْ إِلَّا وَاصِفَةً وَ لَوِ امْتَحَنْتُهُمْ لَمَا وَجَدْتُهُمْ إِلَّا مُرْتَدِّينَ وَ لَوْ مَحَّصْتُهُمْ لَمَا خَلَصَ مِنَ الْأَلْفِ وَاحِدٌ وَ لَوْ غَرْبَلْتُهُمْ غَرْبَلَةً لَمْ يَبْقَ مِنْهُمْ إِلَّا مَا كَانَ لِي إِنَّهُمْ طَالَ مَا اتَّكَئُوا عَلَى الْأَرَائِكِ فَقَالُوا نَحْنُ شِيعَةُ عَلِيٍّ إِنَّمَا شِيعَةُ عَلِيٍّ مَنْ صَدَّقَ قَوْلَهُ فِعْلُه
کافی جلد 8
စကားပြေအဓိပ္ပာယ်
အေမာမ်မူစာယေကာဇင်မ် (အ.စ) အနေဖြင့်မူစာဗင်ဘက်ရ်ရေလ်ဝါစ်သွာအားမိန့်တော်မူလေသည်။
အကယ် ၍ကျွန်ုပ်အနေဖြင့်မိမိ၏ရှီအာများကိုကြည့်မည်ဆိုလျှင်ကျွန်ုပ်အနေဖြင့်နှုတ်ဖြင့်ပြောဆိုသူများကိုသာလျှင်တွေ့ရပေမည်။ပြီးနောက်၎င်း တို့ ကိုစမ်းသပ် မည်ဆိုလျှင်လည်းအားလုံးမျက်နှာလွှဲသွားကြ ပေမည်။ထိုပြင် ၎င်းတို့ကို စိစစ်တိုင်းတာမည်ဆိုလျှင်ထောင်ပေါင်းများစွာမှတစ်ယောက်မျှသီးသန့် အစစ်အမှန် ရှီအာထွက်လာမည်မဟုတ်ချေ။၎င်း နောက်၎င်းကိုရှာဖွေစိစစ်စစ်ထုတ်မည်ဆိုလျှင်ကျွန်ုပ်နှင့် ပတ်သက် ဆက်နွယ် နေသူများ မှအပမည်သူမျှလွတ်မြောက်မည်မဟုတ်ချေ။ကာလာတစ်ခုကတည်းက(အချိန်ကြာမြင့်စွာ)နေရာယူအမှီ ××× ကျွန်ုပ်တို့ သည်အလီ(အ.စ)၏ရှီအာဖြစ်သည်ဟုသာလျှင်ဆိုကြလေသည်။
မုချ ဧကန်အလီ(အ.စ) ၏ရှီအာဆို သည်မှာ၎င်း၏ စာရိတ္တ ကိုယ်ကျင့် စာရိတ္တ သည် ၎င်းတို့၏ပြောဆိုမှုကိုထောက်ခံနေသူကိုဆိုလို သည်။
ညွှန်းကာဖီကျမ်းအတွဲ(၈)
သင်ခန်းစာများ
၁။အထက်ပါဟဒီးစ်တော်မှမီးမောင်းထိုးပြနေသည်မှာရှီအာစစ်၊ ရှီအာမှန်ဖြစ် ဖို့လွယ်ကူသည့်ကိစ္စမဟုတ်ကြောင်း အလွယ်လေးမဟုတ်ကြောင်းသိနိုင်ပေ သည်။
၂။လောကဓံ၏ဒဏ်မခံနိုင်သူများ၊စမ်းသပ်မှုမခံနိုင်သူများအစစ် ဆေးမခံနိုင်သူများသည်ရှီအာစစ်ရှီအာမှန်မဖြစ်နိုင်ချေ။ယေဘူယျအားဖြင့်မြန်မာနိုင်ငံ၌အချို့အစွန်းရောက်များဖက်မှဒါရှီအာတွေသူတို့နှင့်သားပေးသမီး ပေးမ လုပ်နဲ့ဈေးမ၀ယ်နဲ့သူတို့ဆိုင်က၀ယ်မဲ့အစားကာဖေရ်ဆိုင် က၀ယ်ရှီအာ ဆို တာကာဖေရ်အစ္စလာမ်ကိုဒုက္ခပေးတာနာမည်ဖျက်တာ၊သာဝကတော်များ(ရသွေ့) တွေကို ဆဲတာ၊စသည်ဖြင့်ပြောဆို ထိုးနှက် နေမှုများကိုလည်းစမ်းသပ်နေမှုတစ်ခု ဟုသတ်မှတ်နိုင်ပေသည်။
၃။ထောင်ပ်ေင်းများ စွာမှ ရှီအာတစ်ဦးတစ်ယောက်ခန့်ရှီအာ စစ်ရှီအာမှန် ရှိဖို့မလွယ်ဟုဟဒီးစ်တော်ကဆိုထားရာအရည်အတွက် ထက်အရည် အ သွေး အရည် အချင်းကသာနေကြောင်းဦးစားပေးထားကြောင်းသိနိုင် ပေသည်။နေရာတကာ အဖွဲ့ အားကိုး၊လူဦးရေအားကိုးနေသည့်မိမိကိုယ်ကိုရှီအာဟု ဆိုနေသူများအထူးသတိပြုသင့် ပေသည်။
၎။ရှီအာစစ်ရှီအာမှန်ဖြစ်ရန်အပြောနှင့်အလုပ်လက်တွေ့ ညီမျှရန်လိုအပ် ကြောင်းသိသာထင်ရှားနေလေသည်။သူတစ်ပါးအားနမာဇ်ဖတ်ဖို့၊ဟဂ်ျသွား ဖို့ခွမ်းစ်ထုတ်ဖို့၊စည်းလုံးညီညွတ်ဖို့အတင်းမတုတ်ဖို့မာန်မာနမထားဖို့စသည်ဖြင့်ဆိုဆုံးမနေပြီးကိုယ်တိုင်မပြုသူများအထူးသတိပြုသင့်ပေသည်။
မြတ်အလ္လာဟ်၏စစ်မှန်သည့်ကျေးကျွန်
ဟဒီးစ်တော်(၃၄)
قال الامام الرضا ع : ُ شِيعَتُنَا- الَّذِينَ يُقِيمُونَ الصَّلاةَ وَ يُؤْتُونَ الزَّكاةَ وَ يَحُجُّونَ الْبَيْتَ الْحَرَامَ وَ يَصُومُونَ شَهْرَ رَمَضَانَ وَ يُوَالُونَ أَهْلَ الْبَيْتِ وَ يَبْرَءُونَ مِنْ أَعْدَائِنَا أُولَئِكَ أَهْلُ الْإِيمَانِ وَ التُّقَى وَ أَهْلُ الْوَرَعِ وَ التَّقْوَى مَنْ رَدَّ عَلَيْهِمْ فَقَدْ رَدَّ عَلَى اللَّهِ وَ مَنْ طَعَنَ عَلَيْهِمْ فَقَدْ طَعَنَ عَلَى اللَّهِ لِأَنَّهُمْ عِبَادُ اللَّهِ حَقّاً وَ أَوْلِيَاؤُهُ صِدْقا
صفات الشیعه
စကားပြေအဓိပ္ပာယ်
အေမာမ်အလီရေဇာ(အ.စ) မိန့်တော်မူလေ၏။
ကျွန်ုပ်၏ရှီအာဆိုသူများမှာထိုပုဂ္ဂိုလ်များပင်ဖြစ်ပေသည်။၎င်းတို့ သည်နမာဇ်ဝတ်ပြုဆောက်တည်ကြသည်။ဇကားသ်ပေးဆောင်ကြ လေ၏။မြတ်အလ္လာဟ်၏အိမ်တော်သို့ဟဂ်ျပြုရန်ခရီးထွက်လေ၏။ရမ်ဇန်လမြတ် တွင်ဥပုဒ် စောင့်ထိန်းလေသည်။အပ်လေ့ဘိုက်(သ)(အ.စ) အားချစ်ခင်မြတ်နိုးပြီး၎င်းတို့၏ရန်သူများကိုမုန်းတီးရွံရှာလေ၏။ဤပုဂ္ဂိုလ်များသည်အီမာန်ရှင်များ၊သီလသမာဓိရှိသူများလောကကိုမတပ်မက်သူများနှင့်သူတော်စင်များဖြစ် ပေသည်။
အကြင်မည်သူမဆို၎င်းတို့အားနိမ့်ချပြောဆိုလုပ်မည်ဆိုလျှင်ထိုသူအနေဖြင့်ထိုပုဂ္ဂိုလ်အနေဖြင့်မြတ်အလ္လာဟ် အားနိမ့်ချပြောဆို လုပ်ခြင်း မည် သွားလေ၏။အကြောင်းသည်ကားဤပုဂ္ဂိုလ်များသည်မြတ်အလ္လာဟ်၏ စစ်မှန်သော်ကျေးကျွန်များနှင့်စစ်မှန်သည့်ဝလီ(အချစ်တော်များ)ဖြစ် လေသည်။
ညွှန်းစေဟသွရှ်ရှီအာကျမ်း
သင်ခန်းစာများ
၁။ဟဒီးသ်တော်မှတင်ပြထားသည်မှာရှင်းလင်းတိကျပေသည်။
၂။အဟ်လေ့ဘိက်(သ)(အ.စ) ကိုလည်းချစ်ပါသည်။၎င်းတို့၏ရန်သူများ ကို လည်းဘာပါညာပါဟုလက်ခံသူများသည်ဘာမဆိုတော့ဖြစ်နိုင်ပေသည်။သို့ သော်ရှီအာစစ်ရှီအာမှန်နှင့်မြတ်အလ္လာဟ်၏ကျေးကျွန် အစစ်တော့ မဖြစ်နိုင် ချေ။
၃။ရှီအာစစ်၊ရှီအာမှန်နှင့်မြတ်အလ္လာဟ်ကျေးကျွန်စစ်နှင့် ၀လီ အစစ်ဖြစ်ရန် ဟဒီးစ်တော်ပြအရည်အသွေးဂုဏ်ပုဒ်များကိုဖော်ထုတ်ကျင့်ကြံအားထုတ် ရပေမည်။တစ်နည်းဆိုရလျှင်နှုတ်ဖြင့်ရှီအာပါအလ္လာဟ်ဗန်ဒါပါဟုသုံးလေး စက္ကန့်လေးပြောလိုက်ရသော်လည်းတစ်ဘ၀လုံးလက်တွေ့ သရုပ်ပြပို့လို အပ်ကြောင်းအရေးကြီးကြောင်းဆိုထားသည်ကိုမြင်ရလေသည်။
ဖြူစင်သန့်ရှင်းသည့်ရှီအာနှလုံးသား
ဟဒီးစ်တော်(၃၅)
قال الصّادق ع : َ إِنَّمَا شِيعَتُنَا أَصْحَابُ الْأَرْبَعَةِ الْأَعْيُنِ عَيْنَانِ فِي الرَّأْسِ وَ عَيْنَانِ فِي الْقَلْبِ أَلَا وَ الْخَلَائِقُ كُلُّهُمْ كَذَلِكَ إِلَّا أَنَّ اللَّهَ عَزَّ وَ جَلَّ فَتَحَ أَبْصَارَكُمْ وَ أَعْمى أَبْصارَهُمْ.
میزان الحکمه ج 6
စကားပြေအဓိပ္ပာယ်
အေမာမ်ဆွာဒစ် (အ.စ)မိန့်တော်မူလေသည်။
ကျွန်ုပ်တို့ရှီအာများ၏မျက်လုံးလေးလုံးရှိလေ၏။နှစ်လုံးမှာမျက်နှာ ပေါ်၌ရှိပြီးခေါင်းပေါ်၌ရှိပြီး၊ကျန်နှစ်လုံးမှာနှလုံးသား၌ဖြစ်ပေသည်။အသိ ၊သတိရှိပါလေ။ရှိသမျှအဖန်ဆင်းခံများသည်ဤအတိုင်းပင်ဖြစ်ပေ သည်။သို့သော်မြတ်အလ္လာဟ်အနေဖြင့်အသင်တို့(ရှီအာအေမာမ်မီယာများ) ၏နှလုံး သား မျက်လုံးများ ကိုဖွင့်ပေးထားတော်မူပြီး၎င်းတို့၏နှလုံးသားရှိ မျက်လုံး များကိုပိတ်ထားတော်မူလေ၏။
ညွှန်းမီးဇာန်နိုလ်ဟေက်မဟ်ကျမ်းအတွဲ(၆)
သင်ခန်းစာများ
၁။နှလုံးသားရှိမျက်လုံး နှစ်လုံးဖွင့် သည်မှာနှလုံးသားဖြူစင် သန့်ရှင်းပြီးနက် နက် ရှိုင်းရှိုင်း အသေးစိတ်မြင့်မြတ်မှုကိုလည်းဆိုလိုထားကြောင်းမမေ့ သင့် ချေ။
(၂)မြတ်အလ္လာဟ်အနေဖြင့်နှလုံးသားရှိမျက်လုံးနှစ်လုံးအားဖွင့်ပေးစေ လိုသည့်ဆန္ဒရှိလျှင်မိမိကိုယ်ကိုရှီအာစစ်ရှီအာမှန်ဖြစ်လာအောင်မြတ် အလ္လာဟ် ရစူလ်(ဆွ) နှင့်အဟ်လေ့ဘိုက်(သ)(အ.စ) တို့၏အမြင်၌ ရှီအာ ဖြစ်လာဖို့အထူးကြိုးပမ်းအားထုတ်ရပေမည်။
ဤကဲ့သို့သော်ကျေးကျွန်များအပေါ်မြတ်အလ္လာဟ်ထံမှရဟ်မသ်တော်ဖြစ်ပေသည်။
ဟဒီးစ်တေ်(၃၆)
قال الصّادق ع : قَالَ لِي أَبُو عَبْدِ اللَّهِ جَعْفَرُ بْنُ مُحَمَّدٍ ع يَا عَبْدَ الْأَعْلَى ... فَأَقْرِئْهُمُ السَّلَامَ وَ رَحْمَةَ اللَّهِ .. يَعْنِي الشِّيعَةَ .. وَ قُلْ قَالَ لَكُمْ رَحِمَ اللَّهُ عَبْداً اسْتَجَرَّ مَوَدَّةَ النَّاسِ إِلَى نَفْسِهِ وَ إِلَيْنَا بِأَنْ يُظْهِرَ لَهُمْ مَا يَعْرِفُونَ وَ يَكُفَّ عَنْهُمْ مَا يُنْكِرُونَ.
بحارالانوار جلد 2
စကားပြေအဓိပ္ပာယ်
အေမာမ်ဂျအ်ဖရ်ဆွာဒစ်(အ.စ)မိန့်တော်မူလေသည်။
အိုအဗ်ဒိုလ်အအ်လာကျွန်ုပ်ဘက်မှ၎င်းတို့ဆိုလိုသည်မှာရှီအာများအပေါ် စလာမ်နှင့်မြတ်အလ္လာဟ် ၏ ရဟ်မသ်တော်ပို့သပါလေ။ပြီးနောက် ပြောကြားပါလေ။အေမာမ်ဂျအ်ဖရ်ဆွာဒစ်(အ.စ) မှအသင်တို့အားမိန့်ကြား လိုက်ပါသည်။မြတ်အလ္လာဟ်၏ရဟ်မသ်တော် ကျရောက် ပါစေ။မည်သို့သော်ပုဂ္ဂိုလ်အပေါ်ကျရောက်မည်ဆိုလျှင်ထိုကျေးကျွန်သည်လူထု နားလည်သည့်စကားကိုပြောဆိုပြီးနားမလည်သည့်စကားများမှရှောင်ကြဉ်သူဖြစ်လေသည်။လူထုအားမိမိဖက်(ရှီအာစစ်၊ရှီအာမှန်) ဖြစ်ဖို့နှင့်ကျွန်ုပ်တို့ အဟ်လေ့ဘိုက်(သ) (အ.စ) ဖက်သို့ဖိတ်ခေါ်လေသည်။
ညွှန်း-ဘေဟာရွလ်အန်န၀ါရ်ကျမ်းအတွဲ(၂)
သင်ခန်းစာများ
၁။မြတ်အေမာမ် (အ.စ) အနေဖြင့်ရဟ်မသ်တော်ရရှိရန်နည်းလမ်းကိုညွှန်ပြ တော်မူ ထားလေသည်။
၂။ရှီအာစစ်၊ရှီအာမှန်ဖြစ်ဖို့သာတိုက်တွန်းပြီးအဟ်လေ့ဘိုက်(သ) (အ.စ) ဖက်သာလာဖို့တိုက်တွန်းဖို့သာညွှန်းပြထားရာမိမိကိုယ်ကိုရှီအာဟုဆိုပြီးသူလူကိုယ်လူသူဗလီငါ့ဗလီသူအေမာမ်ဘာရာငါ့အေမာမ် ဘာရာ လုပ်နေသူများအထူးအရှက် ရှိ ပြီးနောင်တကြီးစွာဖြင့်သောင်ဗာပြုသင့် ပေသည်။
၃။အေမာမ်ဂျအ်ဖရ်ဆွာဒစ်(အ.စ)၏ စလာမ်နှင့်ရဟ်မသ်တော်မြတ်အလ္လာဟ်ဖက်တော်ဖက်မှ ဆွတ်ခူးရယူလိုလျှင်ရှီအာစစ်ရှီအာမှန်ဖြစ်အောင်အားထုတ်ရပေမည်။
ရှီအာများအတွက်သတင်းကောင်း
ဟဒီးစ်တော်(၃၇)
قال الامام الرضا ع : شِيعَتُنَا يَنْظُرُونَ بِنُورِ اللَّهِ وَ يَتَقَلَّبُونَ فِي رَحْمَةِ اللَّهِ وَ يَفُوزُونَ بِكَرَامَةِ اللَّهِ مَا مِنْ أَحَدٍ مِنْ شِيعَتِنَا يَمْرَضُ إِلَّا مَرِضْنَا لِمَرَضِهِ وَ لَا اغْتَمَّ إِلَّا اغْتَمَمْنَا لِغَمِّهِ وَ لَا يَفْرَحُ إِلَّا فَرِحْنَا لِفَرَحِهِ وَ لَا يَغِيبُ عَنَّا أَحَدٌ مِنْ شِيعَتِنَا أَيْنَ كَانَ فِي شَرْقِ الْأَرْضِ أَوْ غَرْبِهَا وَ مَنْ تَرَكَ مِنْ شِيعَتِنَا دَيْناً فَهُوَ عَلَيْنَا وَ مَنْ تَرَكَ مِنْهُمْ مَالًا فَهُوَ لِوَرَثَتِه
بحارالانوار جلد 65
စကားပြေအဓိပ္ပာယ်
အေမာမ်အလီရေဇာ(အ.စ) မိန့်တော်မူလေ၏။
ကျွန်ုပ်တို့၏ရှီအာသည်မြတ်အလ္လာဟ်၏နူးရ်တော်ဖြင့်ကြည့် တော်မူ လေ သည်။မြတ်အလ္လာဟ်၏ရဟ်မသ်တော်တွင်နစ်မြှုပ် နေလေသည်။မြတ်အလ္လာဟ်၏ကျေးဇူးတော်ဖြင့်အောင်မြင်မှုကိုဆွတ်ခူး လေ သည်။မည်သည့်ရှီအာမဆိုဖျားနာလျှင်၎င်း၏ဖျားနာမှုကြောင့်ကျွန်ုပ်တို့ သည်လည်းဖျားနာလေ၏။ပြီးနောက်ဝမ်းနည်းပူဆွေးလျှင်ကျွန်ုပ်တို့ သည်လည်းပူဆွေးဝမ်းနည်းမှုကြောင့်ပူဆွေးဝမ်းနည်းလေ ၏။
မည်သည့်ရှီအာမဆိုဝမ်းမြောက်ဝမ်းသာပီတိဖြစ်လျှင်၎င်းတို့၏၀မ်းမြောက် ၀မ်းသာပီတိကြောင့်ကျွန်ုပ်တို့သည်လည်းဝမ်းမြောက် ၀မ်းသာ ပီတိဖြစ် လေသည်။
ကျွန်ုပ်တို့ရှီအာသည်မည်သည့်နေရာ၌ပင်နေနေ၊မြေပထ၀ီ၏အရှေ့အရပ်တွင်နေနေ၊အနောက်အရပ်တွင်နေနေ၎င်းတို့သည် ကျွန်ုပ်တို့ အတွက်အကွယ်၌မရှိချေ။အကယ်၍ကျွန်ုပ်တို့၏ရှီအာ ဤလောက ၌အကြွေး တင်ပြီးကွယ်လွန်သွားလျှင်သူ၏အကြွေးသည်ကျွန်ုပ်တို့ အပေါ်ဖြစ် သွားလေ၏။အကယ်၍မိမိ၏ကိုယ်ပိုင်ပစ္စည်းများထားသွားလျှင်၎င်း၏အမွေစားအမွေခံများ အတွက် ဖြစ်ပေ သည်။
ညွှန်းဘေဟာရွလ်အန်န၀ါရ်ကျမ်းအတွဲ(၆၅)
သင်ခန်းစာများ
၁။မာရှာအလ္လာဟ် ၊သင်ခန်းစာများမြင်လျှင်မြင်တတ်သလိုပြည့်နေပေသည်။
၂။ရှီအာကိုကာဖေရ်မိုရှ်ရေက်စသည်ဖြင့်စွပ်စွဲပုတ်ခတ် နေသည့် အစွန်းရောက်များဟိုမရောက်ဒီမရောက်များအထူးသတိပြုသင့် ပေသည်။
၃။ဤလောက၌ရှီအာလောက်အဆင့်အတန်းမြင့်မားသူမည်သူမျှမရှိချေ။သို့သော်ရှီအာဖြစ်ကြောင်းမြတ်အလ္လာဟ်လက်ခံတော်မူပြီးရစူလ်(ဆွ) နှင့်အာလေရစူလ်(အ.စ) ထောက်ခံဖို့သာလို အပ်ပေသည်။
၎။အဟ်လေ့ဘိုက်(သ)(အ.စ) ၏မေတ္တာ၊စေတနာ၊သဒ္ဓါကိုအထင် အရှားသိနိုင်ပေသည်။နေရာတကာအဟ်လေ့ဘိုက်(သ)(အ.စ) အစားသာဝကသာဝက၊ဆွာဟာဗာဆွဟာဗာပြုနေသူများ ဤကဲ့သို့ဆွာဟာဗာတစ်ပါးပါးမှဟောထား မိန့်ထားသည့်ဟဒီးစ်တော်အစစ်အမှန်ကိုပြနိုင်ပါသလား၊သက်သေထူနိုင်ပါသလား၊အဟ်လေ့ဘိုက်(သ)(အ.စ) နှင့်ပတ်သက်ပြီးဟဒီးစ်စစ်ဟဒီးစ်မှန်များထုနှင်ထည်ပြနိုင်ပေသည်။ဤနေရာ ၌ကျွန်တော်တို့အနေဖြင့်သာဝကတော်များဆွာဟဗာတော်များကိုမလေးစား၊မရိုသေ၊မချစ်၍မဟုတ်ချေ။သူနေရာနှင့်သူထားဖို့ဆိုလိုခြင်းစေတနာမှန်သာဖြစ်ပေသည်။
ကေယာမသ်နေ့၌ရှီအာများ၏နေရာ
ဟဒီးစ်တော်(၃၈)
قال رسول الله ص : َ يَا عَلِيُّ ... هَذَا حَبِيبِي جَبْرَئِيلُ يُخْبِرُنِي عَنِ اللَّهِ جَلَّ جَلَالُهُ أَنَّهُ قَدْ أَعْطَى مُحِبِّيكَ وَ شِيعَتَكَ سَبْعَ خِصَالٍ الرِّفْقَ عِنْدَ الْمَوْتِ وَ الْأُنْسَ عِنْدَ الْوَحْشَةِ وَ النُّورَ عِنْدَ الظُّلْمَةِ وَ الْأَمْنَ عِنْدَ الْفَزَعِ وَ الْقِسْطَ عِنْدَ الْمِيزَانِ وَ الْجَوَازَ عَلَى الصِّرَاطِ وَ دُخُولَ الْجَنَّةِ قَبْلَ سَائِرِ النَّاسِ مِنَ الْأُمَمِ بِثَمَانِينَ عَاماً.
بحارالانوار جلد 68
စကားပြေအဓိပ္ပာယ်
မဟာတမန်တော်မြတ်(ဆွ) မိန့်တော်မူလေ၏။
အိုအလီ(အ.စ) .... သူဟာကျွန်ုပ်သူငယ်ချင်း မိတ်ဆွေ ဂျီဗရာအီးလ်(အ.စ) ဖြစ်ပါ သည်။၎င်းအနေဖြင့်အလ္လာဟ်ဖက်တော်မှဤ သတင်း ကိုယူဆောင် လာချေသည်။ထိုသတင်းသည်ကားမြတ် အလ္လာဟ် အနေဖြင့်အသင်အားအချစ်မေတ္တာထားသူများနှင့်အသင် ၏ ရှီအာများ ကိုဂုဏ် ၀ိသေသန(၇)မျိုးချီးမြှင့်တော်မူလေသည်။ (ဂုဏ်ဝိသေသန(၇)မျိုး မှာ)
(၁)ကွယ်လွန်ချိန်၌လွယ်ကူခြင်း
(၂)ကြောက်မက်ဖွယ်အချိန်တွင်ငြိမ်းအေးမှု
(၃)အမှိုက်အမှောင်တွင်အလင်းရောင်
(၄)ကြောက်လန့်ချိန်တွင်လုံခြုံမှု
(၅)အာမလ်ချိန်ခွင်တွင်မျှတမှု
(၆)ဗူးလ်ဇာရသ်ွတံတားပေါ်မှဖြတ်ကူးနိုင်ခြင်း
(၇)အခြားသူများထက်အနှစ်(၈၀)အရင်ဂျန္နတ်အမတသုခဘုံတွင်စံမြန်းရခြင်းတို့ဖြစ်ပေသည်။
ညွှန်း - ဘေဟာ(ရ) ရွလ်အန်န၀ါရ်ကျမ်းအတွဲ၆၈
သင်ခန်းစာများ
၁။ရှီအာဖြစ်ခြင်းနှင့်အဟ်လေ့ဘိုက်(သ)(အ.စ)ကိုအချစ်မေတ္တာထားခြင်း၏အာနိသင်များကိုကွက်ကွက်ကွင်းကွင်းမြင်နေရပေသည်။
၂။ရှီအာဖြစ်ကြောင်းချစ်သူမြတ်နိုးသူဖြစ်ကြောင်းလက်တွေ့ သက်သေပြဖို့ သာလိုအပ်ပေသည်။
၃။ ဂုဏ်ဝိသေသန(၇)ပါးမှမည်မျှအရေးပါအရာရောက်ကြောင်းအနည်း ငယ်အသဥာဏ်နှင့် ဘာသာရေး အသိရှိသူ ပင်သိနိုင်မြင်နိုင်ပါသည်။
ကောင်ကင်းတမန်များနှင့်လက်ဆွဲနှုတ်ဆက်ခြင်း
ဟဒီးစ်တော်(၃၉)
قال الصّادق ع : ٍ لَوْ أَنَ شِيعَتَنَا اسْتَقَامُوا لَصَافَحَتْهُمُ الْمَلَائِكَةُ وَ لَأَظَلَّهُمُ الْغَمَامُ وَ لَأَشْرَقُوا نَهَاراً وَ لَأَكَلُوا مِنْ فَوْقِهِمْ وَ مِنْ تَحْتِ أَرْجُلِهِمْ وَ لَمَا سَأَلُوا اللَّهَ شَيْئاً إِلَّا أَعْطَاهُم
تحف العقول
စကားပြေအဓိပ္ပာယ်
အေမာမ်ဆွာဒစ်(အ.စ)မိန့်တော်မူလေသည်။
အကယ်၍ကျွန်ုပ်တို့၏ရှီအာဇွဲလုံလဖြင့်မားမားမတ်မတ်ရပ်တည်ပြီးအလုပ်လုပ်မည်ဆိုလျှင်ကောင်ကင်းတမန်များ၎င်းတို့အားလက်ဆွဲ နှုတ် ဆက် ပေမည်။တိမ်တိုက်များသည်၎င်းတို့၏ဦးခေါင်းပေါ်မှအရိပ်ပြု ပေးလေမည်။ထို ရှီအာများသည်နေ့၌ပင်ထွန်းလက်တောက်ပြောင် နေလေ၏။မိုးကောင် ကင်း နှင့်မြေပထ၀ီမှရိုဇီစားနပ်ရိက္ခာရလေသည်။မြတ် အလ္လာဟ် ထံတောင်း သမျှ၎င်းတို့အားချီးမြှင့်ပေးသနား တော်မူ လေ သည်။
ညွှန်းသိုလ်ဖိုလ်အိုစူလ်ကျမ်း
သင်ခန်းစာများ
၁။ဇွဲလုံ့လ၊မားမားမတ်မတ်ဖြင့်ရပ်တည်ခြင်းအားရှီအာအတွက်ညွှန်ကြား ထားရာလက်တွေ့ကျင့်သုံးရပေမည်။ဤအတွက်ရှရီအီမည်သည့်အရာ အတွက် မဆိုမိမိကိုယ်ကိုရှီအာဟုခံယူထားလျှင်ဇွဲလုံ့လနှင့်မားမား မတ်မတ်ရှိဖို့အရေးကြီးပေသည်။
၂။ရှီအာစစ်ရှီအာမှန်၏အဆင့်အတန်းရာထူးကိုအသေအချာသိနိုင်ပေသည်။
၃။ရှီအာဖြစ်အောင်သာကြိုးစားလျှင်ဟလာဟ်ရိုဇီမှာမရှားတော့ချေ။ မြတ် အလ္လာဟ် အနေဖြင့်မြေပထ၀ီနှင့်မိုးကောင်ကင်းမှစားနပ်ရိက္ခာ ပေးသနား တော်မူဖြစ်ပေသည်။အခြားအဖန်ဆင်းခံများကိုလည်းပေးသနားနေ သည် ဖြစ် ရာ အဘယ်ကြောင့်ရှီအာကိုမပေးရမည်နည်း?
၎။ ရှီအာမှန်လျှင်တောင်းဆုအနည်းနှင့်အမြန်မြတ်အလ္လာဟ် ၏ဆန္ဒအရပြည့်ကိုပြည့်ရပေမည်။
ရှီအာ၏ရာထူးနေရာ
ဟဒီးစ်တော်(၄၀)
قال الامام علی ع : شَكَوْتُ إِلَى رَسُولِ اللَّهِ ص حَسَدَ النَّاسِ إِيَّايَ فَقَالَ يَا عَلِيُّ إِنَّ أَوَّلَ أَرْبَعَةٍ يَدْخُلُونَ الْجَنَّةَ أَنَا وَ أَنْتَ وَ الْحَسَنُ وَ الْحُسَيْنُ وَ ذُرِّيَّتُنَا خَلْفَ ظُهُورِنَا وَ أَحِبَّاؤُنَا خَلْفَ ذُرِّيَّتِنَا وَ أَشْيَاعُنَا عَنْ أَيْمَانِنَا وَ شَمَائِلِنَا.
الارشاد جلد 1
စကားပြေအဓိပ္ပာယ်
အေမာမ်အလီ(အ.စ)မိန့်တော်မူလေသည်။
ကျွန်တော်အနေဖြင့်လူတွေဟာအလွန်ပင်ကျွန်တော်အားမနာလိုဝန်တိုကြပါသည်ဟုတမန်တော်မြတ်ကြီးထံတိုင်လေ၏။မြတ်တမန်တော်မိန့်တော်မူလေ၏။အိုအလီ (အ.စ) ဂျန္နတ်အမတသုခဘုံ၌အရင် ဆုံးစ့မြန်းရ မည့်ပုဂ္ဂိုလ်လေးဦးဖြစ်ပေသည်။ထိုလေးဦးမှာအသင်၊ကျွန်ုပ်၊ဟစန် (အ.စ) နှင့်ဟိုစိုင်းန်(အ.စ)ဖြစ်လေ၏။ပြီးနောက်ကျွန်ုပ်တို့၏နောက်ဝယ်ကျွန်ုပ်၏အနွယ်တော်မွန်များ(အ.စ) ဆွေမျိုးများဖြစ် မည်။၎င်းတို့၏နောက်ဝယ်ကျွန်ုပ်တို့ ကိုအချစ်မေတ္တာထား သူများဖြစ်မည်။ကျွန်ုပ်တို့၏ရှီအာများသည်ကျွန်ုပ်တို့၏ဘယ်ညာ၌ရှိပေမည်။
ညွှန်းအလ်အေရ်ရှာသ်ကျမ်းအတွဲ(၁)
သင်ခန်းစာများ
၁။မိမိကောင်းမှုကုသိုလ်လုပ်လျှင်အများအကျိုးဆောင်လျှင်မနာလို ၀န်တိုခြင်းခံရလျှင်ဝမ်းမနည်းလေနှင့်ပြစ်မဲ့အေမာမ်အေမာမ်အလီတော့ဤဘေးဆိုးမှမလွတ်ခဲ့ချေ။
၂။သူတစ်ပါးအပေါ်မနာလို၊၀န်တိုစိတ်။အူပုပ်စိတ်ရှိသူများသည်အေမာမ်အလီ၏နောက်လိုက်အစစ်များဖြစ်နိုင်ပါသလော။
၃။ကိုယ်တော်မြတ်(ဆွ)နှင့်အဟ်လေ့ဘိုက်(သ)(အ.စ) အပေါ် အချစ် မေတ္တာထားသည့်မိုဂစ်ဗ်များနှင့်ရှီအာတို့၏အဆင့်အတန်း၊နေရာကိုသိသာ စွာထင်ရှားစွာမြင်နိုင်သိနိုင်ပေ သည်။ ထာဝရအနှိုင်းမဲ့အတုမရှိတစ်ဆူ တည်းသောမြတ်အလ္လာဟ်ဤဘာသာပြန် အားကျွန်တော့်ရင်ထဲ နှလုံး သားထဲရှိအရာများ အားလုံး အတွက် နှစ်မြို့ သဘော တူ လက်ခံတော်မူ ပါ စေ။ မနာလိုသူ၊ မကောင်းကြံနေသူအားလုံး၏ အန္တရာယ် အသွယ်သွယ်မှ ကာကွယ်စောင့် ရှောက်တော်မူပါ။
******************************************
END / 251