အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်းမှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول اللہ صلی اللہ علیه وآله وسلم :
أَيْنَ مِثْلُ خَدِيجَةَ صَدَّقَتْنِي حِينَ كَذَّبَنِي النَّاسُ وَ وَازَرَتْنِي عَلَى دِينِ اللَّهِ وَ أَعَانَتْنِي عَلَيْهِ بِمَالِهَا إِنَّ اللَّهَ عَزَّ وَ جَلَّ أَمَرَنِي أَنْ أُبَشِّرَ خَدِيجَةَ بِبَيْتٍ فِي الْجَنَّةِ مِنْ قَصَبِ الزُّمُرُّدِ لَا صَخَبَ فِيهِ وَ لَا نَصَب۔
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
« ခဒီဂျဟ် (စ.အ) ကဲ့သို့ မည်သူ ဖြစ်နိုင်ပါသနည်း? လူများသည်ကျွန်ုပ်အား လူလိမ် ဟုပြောနေချိန် သူမသည် ကျွန်ုပ်အား လူမှန် ဖြစ်ကြောင်း အသတ်အမှတ်ပြု ထောက်ခံခဲ့ပါသည်။ ပြီးတော့ အလ္လာဟ် ဟို အရှင်မြတ် ၏ သာသနာထွန်းကားရေးအတွက် မိမိ ၏ စည်းစိမ်ဥစ္စာများ နှင့် ကျွန်ုပ်အား ကူညီခဲ့ပါသည်။ အလ္လာဟ် ဟို အရှင်မြတ် မှ ကျွန်ုပ် အား သူမနှင့် ပတ်သက်ပြီး သူမအား ဂျန္နသ် သုခဘုံ ၌ မြနန်းတော် တွင်စံမြန်းရမည့် ဖြစ်ပြီး ထိုမြ နန်းတော် တွင် မည်သည့် ဝမ်းနည်းခြင်း နှင့် ဆင်းရဲဒုက္ခ ဝေဒနာ မှ ခံစားရမည် မဟုတ်ကြောင်း သတင်း ကောင်း ပေးရန် အမိန့်ပေးတော်မူထားပါသည်။ »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၄၃ ၊ စာမျက်နှာ၁၃၁
သတိပြုရန် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ အနေဖြင့် သခင်မကြီး ခဒီဂျဟ် (စ.အ) ၏ အဆင့်အတန်း ၊ ဂုဏ်သိက္ခာ ကို သိနိုင်မည် ဖြစ်ပါတယ်။ ယနေ့ ဝမ်းနည်း စရာအဖြစ် မှာ ကိုယ်တော်မြတ် (ဆွ) နှင့် အစ္စလာမ် သာသနာ အပေါ် အလုပ်အကျွေးပြုခဲ့သည့် ခေသ်မသ် ပြုခဲ့ သည့် ကျေးဇူးရှင် ဟဇရသ် အဘူ သွာလစ်ဗ် (အ.စ) နှင့် သခင်မကြီး ခဒီဂျဟ် (စ.အ) တို့အားမေ့နေကြခြင်း ဖြစ်ပါ တယ်။ ကိုယ်တော်မြတ် (ဆွ) သည် သခင်မကြီး အား မည်မျှ ချစ်ခင်နှစ်သက်တော်မူသည် ဆိုလျင် သခင်မကြီး သက်တော် ရှိနေချိန် အထိ သခင်မကြီး မှအပ အခြား အိမ်ထောင် မပြု ခဲ့ခြင်း ဖြစ်ပါတယ်။
****************************************************************
END / 251
 
             
             
                                         
                                         
                                         
                                        
Your Comment