၃၀ ဒီဇင်ဘာ ၂၀၂၅ - ၁၃:၅၅
ကနေဒါအဖွဲ့အစည်းများက အစ္စရေးအပေါ် ပိုမိုပြင်းထန်သော ပိတ်ဆို့မှုများ ချမှတ်ရန် တောင်းဆို

ကနေဒါလွှတ်တော်အမတ်များနှင့် တက်ကြွလှုပ်ရှားသူများ ကိုယ်စားလှယ်အဖွဲ့သည် အစ္စရေးအစိုးရမှ အနောက် ဘက်ကမ်းသို့ ဝင်ရောက်ခွင့် တားမြစ်ပြီးနောက် အော့တဝါအစိုးရအား အစ္စရေးအခြေချ နေထိုင်မှုများ အပေါ် ပိုမိုပြင်းထန်သော ပိတ်ဆို့မှုများ ချမှတ်ရန် တောင်းဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မကြာသေးမီက သိမ်းပိုက်ထားသော ပါလက်စတိုင်းနယ်မြေများရှိ အနောက်ဘက်ကမ်းသို့ ဇီယွန်ဝါဒအစိုးရမှ ဝင်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရသော ကနေဒါတက်ကြွလှုပ်ရှားသူများနှင့် ထင်ရှားကျော်ကြားသူများအဖွဲ့တစ်ဖွဲ့သည် ကနေဒါမြို့တော် အော့တဝါတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အစ္စရေး အခြေချနေထိုင်မှု အသစ်များ အပေါ် ပိုမိုပြင်းထန်သော ပိတ်ဆို့မှုများပြုလုပ်ရန် တောင်းဆိုခဲ့ကြပါတယ်။

ကနေဒါလွှတ်တော်အမတ်ခြောက်ဦးလည်းပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အယ်လန်ဘီ နယ်စပ် ဖြတ်ကျော်ဂိတ် တွင် ပိတ်ဆို့ခံရပြီးနောက် ဒီဇင်ဘာ ၁၆ ရက်တွင် တဲလ်အဗစ်၏လုပ်ရပ်သည် လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံရေးမူများကို ချိုးဖောက်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်ပါတယ်။

အစည်းအဝေးတွင် The Canadian - Muslim Vote၊ Justice for All Canada၊ National Council of Canadian Muslims (NCCM) နှင့် Canadian Muslim Therapists Network အပါအဝင် အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များက သိမ်းပိုက်ထားသော နယ်မြေများတွင် အခြေချနေထိုင်မှုများမှ ထုတ်လုပ်သော ကုန်ပစ္စည်းများ တင်သွင်းခြင်းကို တားမြစ်ရန်၊ ထိုဒေသများတွင် ကနေဒါနိုင်ငံသားများ အိမ်ခြံမြေဝယ်ယူခြင်းကို တားမြစ်ရန်နှင့် အဓိက အစ္စရေးအရာရှိများအပေါ် ပိတ်ဆို့အရေးယူရန် တောင်းဆိုခဲ့ကြပါတယ်။

Justice for All Canada မှ အစိုးရဆက်ဆံရေးအရာရှိ အဲဟ်မဒ် ရမ်ဒွါန် က အခြေချနေထိုင်မှုတိုးချဲ့ရေးမူဝါဒများကို ပြောင်ပြောင် တင်းတင်းသိမ်းပိုက်မှုအဖြစ် ဖော်ပြခဲ့ပြီး လွှမ်းမိုးနေသောအစိုးရများ၏ နယ်မြေချဲ့ထွင် ရေးအစီ အစဉ်များ နှင့်ဆင်တူသော ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဤအစီရင်ခံစာ၏ တစ်စိတ်တစ်ပိုင်းတွင် ကနေဒါလွှတ်တော်အမတ် အစ်က်ရာခါလစ်ဒ် က နယ်စပ် တင်းမာမှု အတွင်း အစ္စရေးနယ်ခြားစောင့်တပ်မှ တွန်းအားပေးခံခဲ့ရကြောင်း ကြေညာခဲ့ပါတယ်။

အခြားတစ်ဖက်တွင်မူ The Canadian-Muslim Vote ၏ အမှုဆောင်ဒါရိုက်တာ အမီးရ်အရှ်ရဖ် က အစ္စရေး အစိုးရ၏ အဖွဲ့အစည်းသည် အကြမ်းဖက်အဖွဲ့များနှင့် ဆက်စပ်နေသည်ဟူသော စွပ်စွဲချက်ကို “လိမ်ညာမှု တစ်ခု နှင့် လူထု၏အမြင်ကို လှည့်ဖြားရန် ကြိုးပမ်းမှုတစ်ခု” ဟု ခေါ်ဆိုခဲ့ပြီး အဆိုပါအဖွဲ့အစည်းကို ကနေဒါနှင့် ကုလသမဂ္ဂတွင် ပရဟိတအဖွဲ့အစည်းတစ်ခုအဖြစ် အသိအမှတ်ပြုထားကြောင်း အလေးပေး ပြောကြားခဲ့ ပါ တယ်။

ကနေဒါကိုယ်စားလှယ်အဖွဲ့သည် ကနေဒါနိုင်ငံခြားရေးဝန်ကြီး အနီတာ အာနန်၏ရုံးနှင့် တိုင်ပင်ဆွေးနွေးနေပြီး ဤတရားမဝင်အပြုအမူအတွက် ရှင်းလင်းပြတ်သားပြီး တရားဝင်တုံ့ပြန်မှုကို ရှာဖွေနေကြောင်း ကြေညာ ခဲ့ပါတယ်။

အစ္စရေးလုံခြုံရေးအစိုးရအဖွဲ့သည် သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းတွင် အခြေချနေထိုင်မှုအသစ် ၁၉ ခု တည်ဆောက်ရန် မကြာသေးမီက အတည်ပြုခဲ့ပြီး နိုင်ငံတကာ၏ ရှုတ်ချမှုလှိုင်းကို ထပ်မံဖြစ်ပေါ်စေခဲ့ကြောင်း သိရှိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha