အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawza News Agency ၏ အစီရင်ခံစာအရ မဒရ်စဟ် ဖွာတွေမဟ် ဇဟ်ရာ (စ.အ) ၏ ကျောင်းအုပ် ဆရာမကြီး ဖွာတွေမဟ် အီဗရာဟီမီယာန်း သည် ယဇ်မြို့ ရှိ Hawza News Agency နှင့် စကားပြောခဲ့ပြီး လမြတ် ရမ်ဒွါန် ၏ ကြီးကျယ် မြင့်မြတ် မှု ကို မီးမောင်းထိုပြောပြခဲ့ပါတယ်။
ကျောင်းအုပ်ဆရာမကြီး မှ ဆက်လက်ပြီး လမြတ်ရမ်ဒွါန် သည် အလ္လာဟ်ဟို အရှင်မြတ် ၏ အကောင်းတကာ အကောင်းဆုံး လများ မှ တစ်လ ဖြစ်ကြောင်း ဤလမြတ် တွင် ရိုဇဟ်ထားသူ အတွက် အချိန် တိုင်း အေဗါဒသ် ဖြစ်ကြောင်း အကြောင်း မှာ ဤလမြတ် တွင် အလ္လာဟ် ဟို အရှင်မြတ် ၏ ရဲဟ်မသ်တော်၏ တံခါး တော် ဖွင့် ထား တော်မူသည့် အတွက် ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။
ဆက်လက်ပြီး ဝါဖြေပေးခြင်း ၏ အရေးပါမှု အား တိုက်တွန်း ပြောကြားပြီး တမန်တော်မြတ် (ဆွ) သည် မိုအ်မင်များ ကို ဝါဖြေပေးရန် တိုက်တွန်း ထားတော် မူကြောင်း ယုတ်စွ စွန်ပလွံ တစ်လုံး ဖြစ်စေ ရေတစ်ငုံ ဖြစ်စေနှင့် ဝါဖြေပေးသင့် ရန် မိန့်တော် မူထားကြောင်း ဤအတွက်ကြောင့် ရိုဇဟ်ထားသူများ အတွက် ဧည့်ခံ ခြင်း ဝါဖြေပေးခြင်းသည် မွတ်စ်သဟစ်ဗ် အလုပ် တစ်ခု ဖြစ်ကြောင်း ဤအလုပ်တွင် အစ္စလာမ် သာသနာတော် တွင် အလွန် တရာ တိုက်တွန်း ထားကြောင်း ဤလုပ်ရပ် အတွက် မြောက်များစွာသော ကြီးကျယ်မြင့်မြတ်မှုများကို တင်ပြထားကြောင်း ပြောကြားခဲ့ပါတယ်။
ကျောင်းအုပ် ဆရာမကြီး ဖွာတွေမဟ် အီဗရာဟီမီယာန်း မှ ထပ်လောင်း ၍ ဝါဖြေပေးခြင်း နှင့် ရိုဇဟ် ထားသူများ အား ဧည့်ခံ ပေးခြင်း ၏ ရည်ရွဘ်ချက်မှာ ရိုဇဟ်ထားသူများ အား ပျော်ရွှင် စိတ်ကျေနပ်စေရုံတစ်ခု တည်း အတွက် မဟုတ်ဘဲ မိုအ်မင်များ အကြား အချစ်မေတ္တာ နှင့် တစ်စည်းတစ်လုံးတည်း ဖြစ်စေမှုကိုလည်း အားကောင်း စေရန် အတွက် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
.......................................................
END / 251
Your Comment