အဗ်နာ ။ ။ ပြည်ထောင်စု မြန်မာ နိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်း ၏ မြို့တော် တောင်ကြီးမြို့ရှိ တောင်ကြီး ရှီအဟ် အေမာမ်ဘာရာ (သို့) အေမာမ် ဘရ်ဂါဟ် တွင် လမြတ်ရမ်ဒွါန် ၏ နမာဇ် ဂျမာအသ် နှင့် စုပေါင်း ဝါဖြေ နေသည့် မြင်ကွင်း ဖြစ်ပါတယ် ။ Photos Credit - Taunggyi Shia Immabara
အီရန်နိုင်ငံ အိုရ်ဒကာန် မြို့ရှိ မဒရ်စဟ် ဖွာတွေမဟ် ဇဟ်ရာ (စ.အ) ၏ ကျောင်းအုပ်ဆရာမကြီးသည် မိုအ်မင်များ အား ဝါဖြေပေးခြင်း ၏ ကြီးကျယ်မြင့်မြတ် မှု နှင့် အရေးကြီးပုံကို တင်ပြစဉ်တွင် လမြတ်ရမ်ဒွါန် ၏ ကြီးကျယ်မြင့်မြတ် မှုများ ကို မီးမောင်းထိုးပြပြီး တမန်တော်မြတ် (ဆွ) က မိုအ်မင်များအားဝါဖြေ ပေးဖို့ တိုက်တွန်း ခဲ့ကြောင်း ယုတ်စွာ စွန်ပလွံ သီ’တစ်လုံးနှင့်ဖြစ်စေ သို့မဟုတ် ရေတစ်ငုံ နှင့် ဖြစ်သေ ဝါဖြေပေးဖို့ တိုက်တွန်း ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။