အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Voice of Myanmar သတင်းဌာန ၏ အစီရင်ခံစာ အရ ဖြစ်စဥ်မှာ ညတုန်းကဖြစ်ပွားခဲ့တာဖြစ်ပြီး အသတ်ခံထားရတဲ့ အလောင်းကို ကားနဲ့လာရောက်စွန့်ပစ်သွားတာဖြစ်ကြောင်း အသတ်ခံရသူမှာ မျက်နှာပျက်စီးနေပြီး ခန္ဓာကိုယ်မှာလည်း ဓားထိုးသွင်းဒဏ်ရာ၊ မီးလောင်ဒဏ်ရာ၊ ကြိုးချည်ဒဏ်ရာတွေ တွေ့ရှိရတယ်လို့ သိရပါတယ်။
"ဓားဒဏ်ရာတွေလည်းရှိတယ်။ ဒဏ်ရာတွေတော့အများကြီးပဲသိရတယ် ။ မြို့မရပ်ကွက်၊ စဝ်စံထွန်းလမ်း ထဲက လ္ဘက်ရည်ဆိုင်အနီးလမ်းကြားနားမှာ အလောင်းကိုလာပစ်သွားတာပါ ။ အလောင်းကတော့ ညကတည်းကသယ်သွားကြတယ်။ နားရွက်တဖက်လည်း အဖြတ်ခံထားရတယ်။တောင်ကြီးမှာခုလိုဖြစ်တာ တော်တော်ကိုရှားပါတယ်။မလုံခြုံတော့သလိုပဲ။ဘယ်လိုဖြစ်ပြီးသတ်ခံရတယ်ဆိုတာတော့ မသိရသေးဘူး။တောင်ကြီးမှာတော့ ဒီကိစ္စ အခုမနက်အတော်လေး ဟော့နေတယ်။ " လို့ ဖြစ်စဥ်သိသူ ဒေသခံကပြောပါတယ်။
အသတ်ခံရတဲ့အမျိုးသားက လောလောဆယ်မှာ မိသားစုနဲ့ အဆက်အသွယ်မရသေးကြောင်း ၊ ပိုင်ရှင်မဲ့အလောင်းအဖြစ်သတ်မှတ်ထားပြီး လူသတ်ပြီး အလောင်းစွန့်ပစ်သွားတဲ့ တရားခံတွေကို အမြန်ဆုံးဖမ်းမိရေး သက်ဆိုင်ရာနယ်မြေရဲစခန်းက လိုက်လံစစ်ဆေး ရှာဖွေနေတယ်လို့သိရပါ တယ်။
လက်ရှိမှာ အသတ်ခံရတဲ့ရုပ်အလောင်းကို တောင်ကြီး စဝ်စံထွန်းဆေးရုံကိုပို့ဆောင်ထားပြီး ရင်ခွဲစစ်ဆေးဖို့လုပ်နေတယ်လို့သိရပါတယ်။
ဖြစ်စဥ်နဲ့ပတ်သက်ပြီး တောင်ကြီးမြို့ အမှတ် ၁ ရဲစခန်း၊ အမှတ် ၂ ရဲစခန်းတို့ကို VOM မှ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရရှိခဲ့ပါဘူး။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment