၂၄ ဒီဇင်ဘာ ၂၀၂၅ - ၂၃:၅၀

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ရိုဇဟ်အား အဘယ်ကြောင့် ဝါဂျစ်ဗ် ပြုထားရကြောင်း နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နဲဟ်ဂျုလ်ဗလာဂဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال امیرالمؤمنين علیه السلام:

فرض الله... الصيام ابتلاء لاخلاص الخلق.

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

«  အလ္လာဟ် ဟိုအရှင်မြတ် သည် ရိုဇဟ် အား (မိမိ၏) အဖန်ဆင်းခံကျေးကျွန်များ ၏ အစ်ခ်လာဆ် (အလ္လာဟ် နှစ်မြို့မှု အတွက်သာ ) စိစစ် စမ်းသပ် ရန်အတွက်  ဝါဂျစ်ဗ် (မပြုမနေရ အဖြစ်) သတ်မှတ်ထားတော် မူသည်။ »

ကျမ်းကိုး ။ ။ နဲဟ်ဂျုလ်ဗလာဂဟ် ကျမ်း ၊ ဟေက်မသ် အမှတ်တော် ၂၅၂

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် ရိုဇဟ် သည် မည်သည့် အတွက်ကြောင့် ဝါဂျစ်ဗ် သတ်မှတ်ထား သည်ကို ထင်ရှား စွာ သိရှိရမည် ဖြစ်ပါတယ်။ ဤ အတွက်ကြောင့် လည်း ရိုဇဟ် အား မြတ် အလ္လာဟ် နှစ်မြို့ မှု အတွက် သာလျင်ထားနိုင် ရန် ကြိုးစားရမည်။ ပြီးနောက် ရိုဇဟ် နှင့်ပတ်သက် သည့် မည်သည့် လုပ်ရပ်ကို မဆို ပြစား မှု ပါမအောင် အထူး သတိပြုရမည် ဖြစ်ပါ တယ်။ ထိုပြင် ရိုဇဟ် အပြင် မည်သည့် ဘာသာရေး လုပ်ရပ်မဆို မြတ်အလ္လာဟ် နှစ်မြို့ သဘောတူရန် ဆိုသည့် နီယသ် နှင့်သာ ဆောင်ရွက်နိုင်အောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha