အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဟဇရသ် အီစာ (ခ) သခင်ယေရှု (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ဆုံးမသြဝါဒတော်စကား နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال عیسیٰ بن مریم علیه السلام:
إيّاكُم وَ النَّظَرَ إلَى المَحْذُوراتِ؛ فَإنَّها بَذرُ الشَّهَواتِ وَ نَباتُ الفِسْقِ.
ဟဇရသ် အီစာ (အ.စ) (ခ) သခင်ယေရှု မိန့်တော် မူ၏။
« မကြည့်ရန် တားမြစ်ထား သည့် အရာများ ကို ကြည့် ခြင်း မှ ရှောင်ကြဥ်ပါလေ။ အကြောင်းမှာ ဤကြည့်ခြင်းသည် တပ်မက်ခြင်း ၏ မျိုးစေ့ နှင့် ဂိုနဟ် (ခ) အပြစ် ပြုစုပျိုးထောင်ပေးသည့် အတွက်ကြောင့် ဖြစ်ပါသည်။ »
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် ရှရီအသ် တရား တော် မှ မကြည့်ရန် တားမြစ်ထားသည့် အရာ မှန်သမျှကို ရှောင်ကြဥ် ရမည် ဖြစ်ပါတယ်။ ပြီးနောက် အနည်းဆုံး အဲဟ်ကာမ်မေ နေကာဟ် ကရ်ဒန် ( ကြည့်ခြင်း ဆိုင်ရာ ရှရီအီ ဥပဒေသများ ) ကိုလေ့လာ မှတ်သားထားဖို့ လိုပါ တယ်။
ကျမ်းကိုး ။ ။ ဗေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၁၀၄ ၊ စာမျက်နှာ ၄၂ ဟဒီးစ်တော် ၅၂
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment