ဟဒီးစ်တော် (၁)
တရားမျှတသူ၊ကျောသားရင်သား မခွဲခြားသူ ၏ ဝိသေသလက္ခဏာ
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامیرالمومنین علیه السلام:
المُنصِفُ كَثيرُ الأَولِياءِ وَ الأَوِدّاءِ.
အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) မိန့်တော် မူ၏။
တရားမျှတသူ၊ကျောသားရင်သား မခွဲခြားသူ အားချစ်ခင်လေးစားသူ၊သူငယ်ချင်းများစွာ ရှိပေသည်။
ကျမ်းကိုး ။ ။ ဂိုရရိုလ်ဟေကမ် ၊ဟဒီးစ် ၂၁၁၆
မှတ်ချက် ။ ။ လူချစ်လူခင်များပြီးလေးစားရသည့် အကြောင်း မှ တရား မျှတပြီး ၊ ကျောသား ရင်သားမခွဲ ခြားသည့် အတွက် ကြောင့် ဖြစ်ပါတယ်။
ဟဒီးစ်တော် (၂)
အလ္လာဟ်ဟို အရှင်မြတ်ထံတော်တွင် အရိုအသေ အထိုက်ဆုံးသူ
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الباقر علیه السلام:
اِنَّ اَكْرَمَكُمْ عِنْدَاللّه اَشَدُّكُمْ اِكْراما لِحَلائِـلِهِمْ.
အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အ.စ) မိန့်တော် မူ၏။
အလ္လာဟ်ဟို အရှင်မြတ်ထံတော်တွင် အရိုအသေ အထိုက်ဆုံးသူမှာ မိမိဇနီး အား အလွန်လေးစား၊ ရိုသေပေး သူဖြစ်ပါသည်။
ကျမ်းကိုး ။ ။ဝစာအေလွရှ်ရှီဟ် ကျမ်း ၊ အတွဲ ၁၅ ၊ စာမျက်နှာ၅၈ ၊ ဟဒီးစ်တော် အမှတ် ၆
ဟဒီးစ်တော် (၃)
အိမ်သို့ ကောင်းကင်တမန်များ ကြွလာရန် ဖိတ်ခေါ်နည်း
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول اللہ صلی الله علیه و آله و سلم :
كُلُّ بيتٍ لا يَدخُلُ فيهِ الضَّيفُ لا تَدخُلُهُ المَلائكةُ.
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
ဧည့်သည် ဝင်ရောက်မှု မရှိသည့် အိမ်တွင် ကောင်းကင်တမန် များ လည်း မဝင်ရောက်ကြချေ။
ကျမ်းကိုး ။ ။ ဂျမေအိုလ်အက္ခ်ဗါရ် ကျမ်း ၊ ၁၀၅၈ /၃၇၈
မှတ်ချက် ။ ။ မိမိအိမ်တွင် ဧည့်သည်များ လာလျင် စိတ်ပူ၊ စိတ်ရှုပ် ခြင်းများ မဖြစ်သင့်ချေ။ အကြောင်းမှာ ကောင်းကင်တမန် (ဖရေရှ်သာ)များ ကို ကြွရောက် စေသည့် အတွက် ဖြစ်ပါတယ်။
ဟဒီးစ်တော် (၄)
ပြဿနာ နှင့်ပတ်သက်သည့် အချက် ၃ ချက်
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامیر المومنین علیه السلام:
إنَّ الفِتَنَ إذا أقبَلَت شَبَّهَت ، و إذا أدبَرَت نَبَّهَت ، يُشَبِّهنَ مُقبِلاتٍ و يُعرَفنَ مُدبِراتٍ ، إنَّ الفِتَنَ تَحومُ كالرِّياحِ يُصِبنَ بَلَدا و يُخطِئنَ اُخرى.
အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) မိန့်တော် မူ၏။
မှတ်သားပါလေ။ ပြဿာနာလာသည့်အခါ လူများကို သံသယ ဖြစ်စေပါသည်။ ပြန်သည့်အခါ သတိရှိစေမှုကို ဖြစ်စေပါသည်။ လာသည့်အချိန်တွင် မသိရဘဲ သွားသည့် အခါတော့ သိရပါသည်။ လေများ အတိုင်း လည်ပတ် နေပါ သည်။ မြို့ တစ်မြို့ကို မိမိ ပစ်မှတ်တွင်ထားပါသည်။ တစ်ဦးတစ်ယောက်ကိုလည်း လျစ်လျူ ရှုပါသည်။
ကျမ်းကိုး ။ ။နဲဟ်ဂျိဒလ်ဗလာဂါဟ်ကျမ်း ၊ ခွသ်ဗဟ်အမှတ် ၉၃
ဟဒီးစ်တော် (၅)
မိုအ်မင်၏ နွေဦး
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول اللہ صلی الله علیه و آله و سلم :
أَلشِّتـاءُ رَبيـعُ الْمُـؤمِنِ يَطُولُ فيهِ لَيْلُهُ فَيَسْتَعينُ بِهِ عَلى قِيامِهِ وَ يَقْصُرُ فيهِ نَهارُهُ فَيَسْتَعينُ بِهِ عَلى صِيامِهِ.
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
ဆောင်းရာသီသည် မိုအ်မင်အတွက် နွေဦး ဖြစ်ပါသည်။ (အကြောင်းမှာ ) ထိုမိုအ်မင်အနေဖြင့် ရှည်လျား သည့် ညဥ့်အချိန် များတွင် အေဗါဒသ်(ခဝပ်ကိုးကွယ်မှု) ပြုလုပ်ပါသည်။ ပြီးနောက်တိုတောင်းသည့် နေ့များရိုဇဟ် (ဥပုသ်) ထားလေ၏။ (ဤသို့ဖြင့် ဆောင်းရာသီ အား အပြည့်အဝ အသုံးချလေသည်။)
ကျမ်းကိုး ။ ။ ဝစာအေလွရှ်ရှီဟ် ကျမ်း ၊ အတွဲ ၇ ၊ စာမျက်နှာ၃၀၂ ၊ ဟဒီးစ်တော် ၃
ဟဒီးစ်တော် (၆)
အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) မိန့်တော် မူ၏။
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامیر المومنین علیه السلام:
تَولَّوْا مِن أنفسِكُم تأديبَها واعدِلُوا بها عَن ضَراوةِ عاداتِها.
အမီးရွလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) မိန့်တော် မူ၏။
မိမိစိတ်အား ပြုပြင် သွန်သင်ပါ။ ပြီးနောက် မိမိစိတ်အား ယဥ်ကျေးအောင်ပြုလုပ်ပါ။ ၎င်းအား မိမိ၏ အကျင့်များ တွယ်တာပတ်သက်မှု များနှင့် ဝေးဝေး ထားပါ။
ကျမ်းကိုး ။ ။ ဂိုရရိုလ်ဟေကမ် ကျမ်း ၊ ဟဒီးစ်တော် ၄၅၂၂
ဟဒီးစ်တော် (၇)
သနားစရာလူ
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامیر المومنین علیه السلام:
مِنَ الشَّقاءِ أن يَصُونَ المَرءُ دُنياهُ بِدِينِهِ.
အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) မိန့်တော် မူ၏။
သနားစရာ လူဆိုသည်မှာ မိမိ၏ သာသနာ ကို လောကီ လုံခြုံမှု အတွက် အမှီသဟဲပြုသူ အား ခေါ် ဆိုပါသည်။
ကျမ်းကိုး ။ ။ ဂိုရရိုလ်ဟေကမ် ကျမ်း ၊ ဟဒီးစ်တော် ၉၃၄၆
ဟဒီးစ်တော် (၈)
ပြီးပြည့်စုံသည့် သာသနာ နှင့်ပတ်က်ပြီး ဟဇရသ် အီစာ (အ.စ)၏ ဆုံးမစကား
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال عیسی علیه السلام:
إنَّ الشَّجَرَةَ لاتَكمُلُ إلاّبِثَمَرَةٍ طَيِّبَةٍ كَذلِكَ لايَكمُلُ الدِّينُ إلاّ بِالتَّحَرُّجِ عَنِ المَحارِمِ.
တမန်တော်ဟဇရသ် အီစာ (အ.စ) မိန့်တော် မူ၏။
မုချဧကန် သစ်ပင် တစ်ပင်သည် အရသာရှိပြီး ချိုမြိုန်သည်အသီးများ ရှိမှသာ ပြီးပြည့်စုံ သကဲ့သို့ သာသနာသည်လည်း ဟရာမ် အရာများ (အားလုံး)ကို ရှောင်ကြဥ် ခြင်းဖြင့်သာ ပြီးပြည့် စုံစေပါသည်။
ကျမ်းကိုး ။ ။ သိုဟ်ဖသိုလ်အိုကူးလ် ကျမ်း ၊ စာမျက်နှာ ၅၁၁
ဟဒီးစ်တော် (၉)
အလ္လာဟ်ဟို အရှင်မြတ် နှစ်သက်သည့် အလုပ် ၃ခု
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول اللہ صلی الله علیه و آله و سلم :
ثلاثةٌ يُحِبُّها اللّه ُ: قِلّةُ الكلامِ ، و قِلّةُ المَنامِ ، و قِلّةُ الطَّعامِ . ثلاثةٌ يُبْغِضُها اللّه ُ : كَثْرَةُ الكلامِ ، و كَثْرَةُ المَنامِ ، و كَثْرَةُ الطَّعامِ.
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
အလ္လာဟ်ဟို အရှင်မြတ် သည် အလုပ် ၃ ခု အား နှစ်သက်တော်မူ၏။
၁။ စကားနည်းခြင်း
၂။အအိပ်နည်းခြင်း
၃။အစားနည်းခြင်း တို့ဖြစ်ပါသည်။
၎င်းအလုပ် ၃ ၏ ဆန့်ကျင်ဘက်အား မုန်းတီး ရွံ့ရှာတော်မူလေ၏။ (၎င်း၃ခုမှာ )
၁။ စကားများခြင်း
၂။အအိပ်ကြီးခြင်း
၃။အစားကြီးခြင်း တို့ဖြစ်ပါသည်။
ကျမ်းကိုး ။ ။ သန်ဗီဟိုလ်ခဝါတွေရ် ကျမ်း ၊ ၂ /၂၁၃
ဟဒီးစ်တော် (၁၀)
သာသနာညီနောင် ၏ ကောင်းမြတ်သည့် အရည်အသွေး ၃ခု
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول اللہ صلی الله علیه و آله و سلم :
اِذا رَاَيْتَ مِنْ اَخيكَ ثَلاثَ خِصالٍ، فَارْجُهُ: اَلْحَياءُ وَ الاَْمانَةُ وَ الصِّدْقُ.
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
၎င်း (သာသနာ) ညီနောင် တွင် ဤကဲ့သို့ အရည်အသွေးကောင်း ၃ခု ပါလျင် ၎င်းအေပါ် ယုံကြည်အားကိုး နိုင်ပါ သည်။ (၎င်းအရာ ၃ခု မှာ )
၁။ အရှက်တရား
၂။ အလွဲသုံးစားမပြုခြင်း
၃။မှန်ကန်ခြင်း တို့ဖြစ်ပါသည်။
ကျမ်းကိုး ။ ။ နဲဟ်ဂျိုလ်ဖဏွာဟဟ် ကျမ်း ၊ ဟဒီးစ်တော် အမှတ် ၂၀၅
ဟဒီးစ်တော် (၁၁)
ပဥ္စမမြောက်အေမာမ် ၏ ဆိုဆုံးမစကား
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الباقر علیہ السلام:
سارِعُوا فی طَلَبِ العِلمِ.
အေမာမ် မိုဟမ္မဘာကဲရ် (အ.စ) မိန့်တော် မူ၏။
ပညာဆည်းပူးရာတွင် အမြန်(ဆည်းပူး)ပါလေ။
ကျမ်းကိုး ။ ။အလ်မဟာစင်၊စာမျက်နှာ ၃၅၆
ဟဒီးစ်တော် (၁၂)
လူများနှင့်ဆက်ဆံနည်း
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول الله صلی الله علیه و آله وسلم:
إنَّکُم لَن تَسَعُوا النّاسَ بأموالِکُم، فالْقُوهُم بِطَلاقةِ الوَجهِ وحُسْنِ البِشرِ.
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
အသင်အနေဖြင့် မိမိ၏ စည်းစိမ်ဥစ္စာဖြင့် လူအားလုံးကို ကျေနပ်အောင် ၊ ပီတိဖြစ်အောင်မလုပ်နိုင်ချေ။ ဤ အတွက်ကြောင့် ကောင်းမြတ်သည့်စာရိတ္တ ၊ကိုယ်ကျင့်တရား ၊ ပြုံးပြမှုဖြင့်ဆက်ခံပါလေ။
ကျမ်းကိုး ။ ။ အလ်ကာဖီကျမ်း ၊ အတွဲ ၂ ၊ စာမျက်နှာ ၁၀၃ ၊ ဟဒီးစ်တော် အမှတ် ၁
ဟဒီးစ်တော် (၁၃)
ဆင်းရဲဒုက္ခရောက်ရခြင်း အရင်းအမြစ်
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال امیرالمومنین علیه السلام:
حُبُّ الدُّنیا رَأسُ الفِتَنِ وأصلُ المِحَنِ .
အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) မိန့်တော် မူ၏။
လောကကိုမက်မောချစ်ခင်ခြင်းသည်ပြဿနာများအားလုံး နှင့် သောက၊ဒုက္ခ ကို ဖြစ်စေသည့် အရင်းအမြစ် ဖြစ်ပါ သည်။
ကျမ်းကိုး ။ ။ ဂိုရရိုလ်ဟေကမ် ၊ ဟဒီးစ်တော် အမှတ် ၃၈၇၀
ဟဒီးစ်တော် (၁၄)
သနားစရာကောင်းပြီး မတတ်နိုင်သူဆိုသည်မှာ ?
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال عیسی علیہ السلام:
وَيلٌ لِصاحِبِ الدُّنيا كَيفَ يَموتُ ويَترُكُها و يَأمَنُها و تَغُرُّهُ و يَثِقُ بِها وتَخذُلُهُ. وَيلٌ لِلمُغتَرّينَ كَيفَ رَهَقَهُم ما يَكرَهونَ و فارَقَهم ما يُحِبّونَ و جاءَهُم ما يوعَدونَ.
တမန်တော်အီစာ (အ.စ)မိန့်တော်မူ၏။
လောကမက်မောသူသည် မည်မျှသနားစရာကောင်းသူ၊မတတ်နိုင်သူဖြစ်ပါသည်။ ၎င်းသေသည့်အခါ လောကကို စွန့်လွတ်ရပါသည်။ ၎င်းသည် ဤလောက အပေါ် ယုံကြည်စိတ်ချလေ၏။ လောကကတော့သူကို လှည့်ဖြား လေ၏။ ၎င်းသည် ဤလောက အပေါ် ယုံကြည်စိတ်ချလေ၏။လောကကတော့ သူကို အရှက်ကွဲစေခဲ့ပါသည်။ (လိုအပ်သည့်အချိန် မကူညီဘဲနေလေ၏။)
သနားစရာကောင်းသူ လှည့်ဖြားခံရသူမှာ ၎င်း မကောင်းဟုနားလည်သည့်အရာကို ရရှိပြီး ကြိုက်သည့်အရသည် ၎င်း နှင့် ဝေးကွာသွားလေ၏။ ပြီးနောက် ၎င်းကို ကတိပြုထားသည်အရာ သည် ၎င်းကို ထံရောက်ရှိလာပါသည်။
ကျမ်းကိုး ။ ဗေဟာရွလ်အန်နဝါရ်ကျမ်း ၊ အတွဲ ၁၄ ၊ စာမျက်နှာ ၃၂၈ ၊ ဟဒီးစ်တော်အမှတ် ၅၄
ဟဒီးစ်တော် (၁၅)
အမီးရွလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) ၏ ဆိုဆုံးမစကား တစ်ခု
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامیر المومنین علیه السلام:
اِقبَل عُذرَ أخيكَ، فَإِن لَم يَكُن لَهُ عُذرٌ فَالتَمِس لَهُ عُذرا .
အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) မိန့်တော် မူ၏။
မိမိ (သာသနာ့)ညီနောင်၏ အကြောင်းပြချက် ကို လက်ခံပေးပါလေ။ ပြီးနောက် အကြောင်းြပချက်မရှိပါက ကိုယ်တိုင် အကြောင်းပြချက်ကို ဖန်တီးပြုလုပ်(နားလည်)ပေးပါလေ။
ကျမ်းကိုး ။ ။ သိုဟ်ဖိုအိုကူလ် ကျမ်း ၊ စာမျက်နှာ ၁၁၂
ဟဒီးစ်တော် (၁၆)
သာသနာ့ အာဇာနည်၏ ကြီးကျယ်မြင့်မြတ်မှု
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول الله صلى الله عليه و آله وسلم:
فَوقَ كُلِّ ذِي بِرٍّ بِرٌّ حتّى يُقتَلَ الرجُلُ في سبيلِ اللّه ِ ، فإذا قُتِلَ في سبيلِ اللّه ِ فليسَ فَوقَهُ بِرٌّ.
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
ကောင်းမှုကုသိုလ် တိုင်း ၏အပေါ် တွင် ကောင်းမှုကုသိုလ် တစ်ခု ရှိပါသည်။ အလ္လာဟ်ဟိုအရှင်မြတ်လမ်း တွင် အသတ်ပေးအသတ်ခံရသူ ထိက် ပိုသည့် မည်သည့်ကောင်းမှုကုသိုလ်မျှမရှိချေ။
ကျမ်းကိုး ။ ။ အလ်ကာဖီးကျမ်း ၊ ၄/၃၄၈/၂
ဟဒီးစ်တော် (၁၇)
လူသားအတွက် ရှိင်တွာန် ၏ သွားဆောင်မှု ၃ ခု
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامیر المومنین علیه السلام:
الفِتَنُ ثلاثٌ : حُبُّ النِّساءِ و هُو سَيفُ الشَّيطانِ ، و شُربُ الخَمرِ و هُو فَخُّ الشَّيطانِ ، و حُبُّ الدِّينارِ و الدِّرهَمِ و هُو سَهمُ الشَّيطانِ ، فَمَن أحَبَّ النِّساءَ لم يَنتَفِعْ بعَيشِهِ ، و مَن أحَبَّ الأشرِبَةَ حَرُمَت علَيهِ الجَنّةُ ، و مَن أحَبَّ الدِّينارَ و الدِّرهَمَ فهُو عَبدُ الدنيا.
အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) မိန့်တော် မူ၏။
ပြဿနာ ၃ခုရှိပါသည်။
(၁) ရှိင်တွာန်၏ဓားဖြစ်သည့် (နာမဲဟ်ရာမ်) မိန်းမများကို ချစ်ခြင်း(တဏှာထခြင်း) ၊
(၂) ရှိင်တွာန် ၏ထောင်ချောက် ဖြစ်သည့် အရက်သေစာ သောက်သုံးခြင်း၊
(၃)ရှိင်တွာန်၏ မြှားဖြစ်သည့် ရွှေဒင်္ဂါး၊ငွေဒင်္ဂါး (ငွေ) အားမက်မော ခြင်းတို့ဖြစ်ပါသည်။
အကြင်သူသည် (နာမဲဟ်ရာမ် ) မိန်းမများကို ချစ်မည် (တဏှာထမည်)ဆိုလျင် ၎င်းသည် မိမိဘဝကို ပျက်စီးလိုက် ပေသည်။
အကြင်သူသည် အရက်သေစာ ကို သောက်သုံးမည်ဆိုလျင် ၎င်းအတွက် ဂျန္နသ် သုခဘုံသည် ဟရာမ်ဖြစ်သွား လေ၏။
အကြင်သူသည် ရွှေဒင်္ဂါး၊ငွေဒင်္ဂါး (ငွေ) အားမက်မော မည်ဆိုလျင် ၎င်းသူသည် လောက၏ ကျွန်ဖြစ်သွားလေ၏။
ကျမ်းကိုး ။ ။ ဗေဟာရိုလ်အန်နဝါရ်ကျမ်း ၊ ၁၂ / ၁၄၀ / ၇၃
ဟဒီးစ်တော် (၁၈)
အလွန်တရာ ကပ်စေးနည်းလူ
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول اللہ صلی الله علیه و آله و سلم :
إنَّ أبخَلَ الناسِ مَن بَخِلَ بِالسلامِ.
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
အလွန်တရာ ကပ်စေးနည်း လူဆိုသည်မှာ စလာမ်ပေးရန်ပင် ကပ်စေးနည်း တွန့်တို နေသူဖြစ်ပါသည်။
ကျမ်းကိုး ။ ။ အလ်အမာလီယိုသူစီ ၊၁၃၆/၈၉
ဟဒီးစ်တော် (၁၉)
လောကတွ သခင်မကြီး ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာဟ် (စ.အ) အကြိုက်ဆုံး အရာ ၃ခု
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قالت الفاطمه سلام الله علیها:
حُبِّبَ اِلَىَّ مِنْ دُنْياكُمْ ثَلاثٌ: تِلاوَةُ كِتابِ اللّه ِ وَالنَّظَرُ فى وَجْهِ رَسُولِ اللّه ِصلي الله عليه و آله وَالْأِنْفاقُ فى سَبيلِ اللّه ِ.
သခင်မကြီး ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာဟ် (စ.အ) မိန့်တော် မူ၏။
သင်တို့၏လောကတွင် ကျမ အကြိုက်နှစ်သက်ဆုံး အရာ ၃ ခု ရှိပါသည်။
(၁) ကျးတော်မြတ် ကုရ်အာန်အား သေလာဝသ် ပြုခြင်း
(၂) တမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) မျက်နှာတော် အားဖူးတွေ့ရခြင်း
(၃) အလ္လာဟ် ဟိုအရှင် မြတ်၏ လမ်းတွင် ပေးကမ်းလှူဒါန်း ခြင်းတို့ ဖြစ်ပါသည်။
ကျမ်းကိုး ။ ။ နဲဟ်ဂျိဒလ်ဟယဟ် ကျမ်း ၊ စာမျက်နှာ ၂၇၁
ဟဒီးစ်တော် (၂၀)
ဟေဂျာဗ် အဘယ်ကြောင့် အရေးကြီးရပါသနည်း ?
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامیر المومنین علیہ السلام:
صِيانَةُ المَرأةِ أنعَمُ لِحالِها وَ أدوَمُ لِجَمالها .
အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) မိန့်တော် မူ၏။
အမျိုးသမီးတစ်ဦးသည် ဟေဂျာဗ်ဝ်ခြင်းဖြင့် မိမိ၏ (သန့်ရှင်းမှု၊ အစွန်းအထင်းမရှိမှု ) ကို ကာကွယ် စောင့်ရှောက် စေပြီး သူမ၏ စိတ်ကြည်လင် ၊ပျော်ရွှင် မှု နှင့်အလှအပ ကို တည်မြဲစေပါသည်။
ကျမ်းကိုး ။ ။ဂိုရရိုလ်ဟေကမ် ကျမ်း ၊ ၅၈၂၀
ဟဒီးစ်တော် (၂၁)
စစ်မှန်သည့် မွတ်စလင်၏ ဝိသေသလက္ခဏာ
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الصادق علیه السلام:
اَحْسِنْ مُجاوَرَةَ مَنْ جاوَرْتَ تَكُنْ مُسْلِما.
အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မိန့်တော် မူ၏။
မိမိ၏ အိမ်နီးနားခြင်း အား ကောင်းမွန်သည့်စာရိတ္တ ကိုယ်ကျင့်တရား ဖြင့်ဆက်ဆံပါလေ။ ထိုမှသာ စစ်မှန်သည့် မွတ်စလင်မ် ဖြစ်ပေမည်။
ကျမ်းကိုး ။ ။ ဗေဟာရွလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၇၃ ၊ စာမျက်နှာ ၁၅၈
ဟဒီးစ်တော် (၂၂)
တမလွန် (အာခေရသ်) နှင့်ပတ်သက်ပြီး မောင်လာအလီ (အ.စ) ဆုံးမစကား
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامیر المومنین علیه السلام:
فَتَزَوَّدُوا فِى اَيّامِ الْفَناءِ لاِيّامِ الْبَقاءِ.
အမီးရွလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) မိန့်တော်မူ၏။
လူထုအပေါင်းတို့ ၊ ပျက်စီးသွားမည်ဖြစ်သည့် (လောက) ၏နေ့ရက်များ တွင် ကျန်ရှိမည်ဖြစ်သည့် (တမလွန်၊ အာခေရသ်) အတွက် ခရီးစရိတ်ကို စုဆောင်းပါလေ။ (ကောင်းမှုပြုကြပါလေ။)
ကျမ်းကိုး ။ ။နဲဟ်ဂျိဒလ်ဗလာဂါဟ်ကျမ်း ၊ ခွသ်ဗာ အမှတ် ၁၅၇
ဟဒီးစ်တော် (၂၃)
အပျော်အပါးကို တားမြစ်ထား
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامیر المومنین علیه السلام:
مَن كَثُرَ لَهوُهُ قَلَّ عَقلُهُ.
အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) မိန့်တော် မူ၏။
အကြင်မည်သူမဆို အပျော်အပါးများများလုပ်မည်ဆိုလျင် (သိထားပါလေ) ၎င်း၏ အသိဥာဏ် သည်နည်းပေ မည်။
ကျမ်းကိုး ။ ။ ဂိုရရိုလ်ဟေကမ် ၊ ၈၄၂၆
ဟဒီးစ်တော် (၂၄)
ကျဥ်တန်ဆုံး အမှန်တရား
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامیر المومنین علیه السلام:
اَقْبَحُ الصِّدقِ ثَناءُ الرَجُلِ عَلى نَفْسِهِ.
အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) မိန့်တော် မူ၏။
အကျဥ်တန်ဆုံး အမှန်တရား ဆိုသည်လူသားအနေ ဖြင့် မိမိကိုယ်ကို ချီးမွမ်းခြင်း ဖြစ်ပါသည်။
ကျမ်းကိုး ။ ။ဂိုရရွလ်ဟေကမ် ၊ အတွဲ ၂ ၊စာမျက်နှာ ၃၈၈ ၊ဟဒီးစ် ၂၉၄၂
ဟဒီးစ်တော် (၂၅)
မကောင်းသည့်စာရိတ္တ ၏ ရလာဒ်
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامیر المومنین علیه السلام:
مَن ساءَ خُلُقُهُ ضاقَ رِزقُهُ.
အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) မိန့်တော် မူ၏။
အကျင့်စာရိတ္တမကောင်းသူ ၏ ရိုဇီသည် ကျပ်တည်းပေမည်။
ကျမ်းကိုး ။ ။ ဂိုရရိုလ်ဟေကမ် ၊ ၈၀၂၃
ဟဒီးစ်တော် (၂၆)
အပြစ်များကို ခြေပျက်ပေးသည့် အလုပ်
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الصادق علیه السلا :
الخُلقُ الحَسنُ يَميثُ الخَطيئةَ كما تَميثُ الشَّمسُ الجَليدَ.
အေမာမ် ဂျအ်ဖရ်ဆွာ ဒစ်က် (အ.စ) မိန့်တော် မူ၏။
ကောင်းမြတ်သည့်စာရိတ္တ သည် ဂိုနဟ်အပြစ်များကို နေမှရေခဲအားအရည်ပျော်စေသကဲ့ ပြေပျက်စေပါသည်။
ကျမ်းကိုး ။ ။ အလ်ကာဖီးကျမ်း ၂ ၊ စာမျက်နှာ ၁၀၀ ၊ ဟဒီးစ် ၇
ဟဒီးစ်တော် (၂၇)
အေမာမ်ဟစန်အက္စ်ကရီ (အ.စ) ၏ ဆုံးမစကား
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام العسکری علیه السلام:
كَفاكَ اَدَبا تَجَنُّبُكَ ما تَكْرَهُ مِنْ غَيْرِكَ.
အေမာမ်ဟစန်အက္စ်ကရီ (အ.စ) မိန့်တော် မူ၏။
အသင်မကြိုက်သည့် အရာ ကို သူတစ်ပါး အတွက် လည်း မကြိုက်ပေးခြင်းသည် အသင်၏ယဥ်ကျေးမှု (စည်းကမ်း ရှိမှု) အတွက် လုံလောက်ပေသည်။
တစ်နည်းအားဖြင့် ယဥ်ကျေးသူ၊ စည်းကမ်းရှိသူဆိုသည်မှာ မိမိမမကြိုက်သည့်အရာ ကို သူတစ်ပါး အတွက် လည်း မကြိုက်ပေး သူဖြစ်ပါသည်။
ကျမ်းကိုး ။ ။ဗေဟာရိုလ်အန်နဝါရ်ကျမ်း ၊ အတွဲ ၇၈ ၊ စာမျက်နှာ ၃၇၇
ဟဒီးစ်တော် (၂၈)
သည်းခံခြင်း၏ ရလာဒ်
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الصادق علیه السلام:
اَلصَّبْرُ يُعَقِّبُ خَيْراً، فَاصْبِرُوا تَظْفُرُوا.
အေမာမ်ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မိန့်တော် မူ၏။
သည်းခံခြင်း၏ ရလာဒ်မှာ (အလွန်)ကောင်းခြင်းဖြစ်ပါသည်။ ထိုအတွက်ကြောင့် အောင်မြင်မှုဆွတ်ခူး နိုင်ရန် သည်းခံပါလေ။
ကျမ်းကိုး ။ ။ ဗေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၇၁ ၊ စာမျက်နှာ ၉၆
ဟဒီးစ်တော် (၂၉)
ဟဇရသ် အွန်မိုလ်ဗနီ (စ.အ) နှင့်ပတ်သက်သည့်ဟဒီးစ်တော် တစ်ပါး
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الصادق علیه السلام:
بُکی الحُسَینُ علیه السلام خَمسَ حِجَجٍ، و کانَت امُّ جَعفَرٍ الکلابِیةُ تَندُبُ الحُسَینَ علیه السلام و تَبکیهِ و قَد کفَّ بَصَرُها.
အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မိန့်တော် မူ၏။
ဟဇရသ် အေမာမ် ဟိုစိုင်းန် (အ.စ) အတွက် ၅ နှစ်တိုင် ငိုကြွေး ခဲ့ပါသည်။ ဟဇရသ် အွန်မေဂျအ်ဖရ် အလ်က လာဗီယဟ် (စ.အ) ( ဟဇရသ် အွန်မိုလ်ဗနီ (စ.အ) ) သည် အေမာမ် ဟိုစိုင်းန် (အ.စ) အတွက် ဝမ်းနည်းကြေကွဲ၍ မရ်စီယဟ် ဖတ်ခဲ့ပါသည်။ ပြီးနောက် မျက်လုံးနှစ်လုံးလည်း ကွယ်သွားသည့် အထိ ငိုကြွေးခဲ့ပေသည်။
ကျမ်းကိုး ။ ။ အလ်အမာလီလလ်ရှဂျရီ ၊ အတွဲ ၁ ၊ စာမျက်နှာ ၁၇၅
ဟဒီးစ်တော် (၃၀)
ပျက်စီးရခြင်း၏ အကြောင်းခံ
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامیر المومنین علیه السلام:
مَنِ اسْتَبَدَّ بِرَأيِهِ هَلَكَ.
အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) မိန့်တော် မူ၏။
မိမိ၏ ထင်မြင်ယူဆချက် ပေါ်(သာလျင်) အလုပ်လုပ်သူ (တစ်နည်းအားဖြင့် အခြားသူများ နှင့် မဆွေးနွေး မတိုင်ပင်ဘဲလုပ်ခြင်း) သည် ပျက်စီးကျဆုံး ရပေမည်။
ကျမ်းကိုး ။ ။ နဲဟ်ဂျိုလ်ဗလာဂါဟ်ကျမ်း ၊ ဟဒီးစ်တော် ၁၆၁ ၊ စာမျက်နှာ ၁၁၆၃
ဟဒီးစ်တော် (၃၁)
ကောင်းမွန်ပြီး နှစ်သက်ဖွယ် စကားပြောဆိုခြင်း ၏ အကောင်းတကာအကောင်းဆုံးရလာဒ် ၄ခု
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام السجاد علیه السلام:
اَلْقَوْلُ الْحَسَنُ يُثْرِى الْمالَ وَ يُنْمِى الرِّزْقَ وَ يُنْسِئُ فِى الاَْجَلِ وَ يُحَبِّبُ اِلَى الاَْهْلِ وَ يُدْخِلُ الْجَنَّةَ.
အေမာမ် စဂျာဒ် (အ.စ) မိန့်တော် မူ၏။
ကောင်းမွန်ပြီး နှစ်သက်ဖွယ် စကားပြောဆိုခြင်း သည် (၁) စည်းစိမ်ဥစ္စာကို တိုးပွားစေပါသည်။ပြီးနောက် (၂) ရိုဇီရိက္ခာကို ပွားများစေပါသည်။ (၃) လူသားအား ဆွေမျိုးသားချင်းများတွင် ချစ်ခင် မှုကို ဖြစ်စေပါသည်။ ပြီးနောက် (၄) ၎င်းအား ဂျန္နသ်သုခဘုံတွင် ဝင်ရောက် စံမြန်းစေမည်ဖြစ်ပါသည်။
ကျမ်းကိုး ။ ။ ခေစာလ် ကျမ်း ၊ စာမျက်နှာ ၃၁၇ ၊ ဟဒီးစ် ၁၀၀
ဟဒီးစ်တော် (၃၂)
ရက်စက်ကြမ်းကြုတ်သူများ သတိရှိပါ
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام العلی علیه السلام:
يَوْمُ الْمَظْلُومِ عَلَى الظَّالِمِ أَشَدُّ مِنْ يَوْمِ الظَّالِمِ عَلَى الْمَظْلُوم.
အေမာမ် အလီ (အ.စ) မိန့်တော် မူ၏။
အရက်စက်အညှဥ်းပန်းခံရသူများ အရက်စက်ကြမ်းကြုတ်မှုကိုခံရသူများဘက် မှ ရက်စက်ကြမ်းကြုတ်သူများ အပေါ် လက်စားချေမည့်နေ့ သည် ရက်စက်ကြမ်းကြုတ်သူမှ အရက်စက်ခံခဲ့သူများ အပေါ် ရက်စက်ကြမ်းကြုတ် သည့်နေ့ထက်ပို၍ ကြမ်းပေမည်။
ကျမ်းကိုး ။ ။ နဲဟ်ဂျိုလ်ဗလာဂါဟ် ကျမ်း ၊ ဟေက်မသ် ၂၄၁
ဟဒီးစ်တော် (၃၃)
အမီးရိုလ်မိုအ်မေနီး အေမာမ် အလီ (အ.စ) ၏ ဆုံးမစကား
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال امیرالمومنین علیه السلام:
ضَعْ فَخرَكَ، واحطُطْ كِبرَكَ، واذكُرْ قَبرَكَ.
အမီးရိုလ်မိုအ်မေနီး အေမာမ် အလီ (အ.စ) မိန့်တော် မူ၏။
ဂုဏ်ယူ ခြင်း ၊ ခေါင်းထောင်ပြခြင်ကို ရှောင်ပါလေ။ မာန်မာနကိုလည်း ချေပျက်ပါ။ကဗဲရ် (ထွင်း) ကို သတိရပါ လေ။
ကျမ်းကိုး ။ ။ နဲဟ်ဂျိုလ်ဗလာဂါဟ် ကျမ်း ၊ ဟေက်မသ် ၃၉၈
ဟဒီးစ်တော် (၃၄)
အေမာမ် ဇမန်း (အ.ဂျ) သည် အသင်တို့ သတင်းရှိပေသည်။
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام المھدی عجل الله تعالی فرجه الشریف:
إنّا يُحيطُ عِلمُنا بأنبائِكُم و لايعَزُبُ عَنّا شَىءٌ مِن أخبارِكُم.
အေမာမ် မဲဟ်ဒီ (အ.ဂျ) မိန့်တော် မူ၏။
မုချဧကန် ကျွန်ုပ် သည် အသင်တို့ နှင့် ပတ်သက်ပြီး သတင်းရှိပါသည်။အသင်တို့ သတင်းနှင့်ပတ်သက်ပြီး မည်သည့် အကြောင်းအရာမှ ကျွန်ုပ် အတွက်ဖုံးကွယ် နေခြင်း မရှိချေ။
ကျမ်းကိုး ။ ။ဗေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၅၃ ၊ စာမျက်နှာ ၁၇၅
ဟဒီးစ်တော် (၃၅)
မိခင်နှင့်ပတ်သက်သည့် တာဝန် ဝတ္တရား
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول اللہ صلی الله علیه و آله و سلم :
أنّ رجلا سأل النبیّ صلى الله علیه وآله وسلم فقال: « یَا رَسُولَ اللهِ! مَا حَقُّ الْوَالِدِ؟ قَالَ: أَنْ تُطِیعَهُ مَا عَاشَ. فَقِیلَ : مَا حَقُّ الْوَالِدَهِ ؟ فَقَالَ: هَیْهَاتَ هَیْهَاتَ لَوْ أَنَّهُ عَدَدَ رَمْلِ عَالِجٍ وَقَطْرِ الْمَطَرِ أَیَّامَ الدُّنْیَا قَامَ بَیْنَ یَدَیْهَا مَا عَدَلَ ذَلِکَ یَوْمَ حَمَلَتْهُ فِی بَطْنِهَا.
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
တစ်ဦးတစ်ယောက်မှ မဟာတမန်တော်မြတ် (ဆွ) ထံခစား ပြီး လျှောက်ထားလေ၏။ အိုတမန်တော်မြတ် (ဆွ) ဖခင်နှင့်ပတ်သက်ပြီး ထမ်းဆောင်ရမည့် တာဝန် ဝတ္တရား မှာ အဘယ်သို့ ရှိပါသနည်း ? တမန်တော်မြတ် (ဆွ) အဖြေပေးမိန့်လေ၏။ ဖခင်အသက်ရှင်နေသမျှ ၎င်း၏အမိန့်ကို နားခံပါလေ။ ပြီးနောက် ၎င်းမှဆက်ပြီး မေးမြန်း လျှောက်ထားလေ၏။ မိခင် နှင့်ပတ်သက်ပြီး ထမ်းဆောင်ရမည့် တာဝန် ဝတ္တရား မှာ အဘယ်သို့ ရှိပါသနည်း ? တမန်တော်မြတ် (ဆွ) အဖြေပေးမိန့်လေ၏။အကယ်၍ လူသားအနေဖြင့် သဲကန္တာရတွင် ကျောက်စရစ်ခဲများ ၊မိုးရေစက်များ ၊ လောက၏နေ့ရက်များ နှင့်အညီ မိခင်၏ ရှေ့ တွင် ရပ်မည်၊၎င်း၏ အမိန့်ကိုနား ခံမည်ဆိုလျင်လည်း မိခင်ကိုယ် ဝန်ဆောင်နေချိန် ၏ တစ်ရက် တာ ၏ ကျေးဇူးကိုပင် မဆပ်နိုင်ခြင်း ဖြစ်ပါသည်။
ကျမ်းကိုး ။ ။ မွတ်စ်သဒရကိုဝစာအေလ် ကျမ်း ၊ အတွဲ ၁၅ ၊ စာမျက်နှာ ၂၀၃
ဟဒီးစ်တော် (၃၆)
ရှောင်ရမည့် သွန်သင်နည်း
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال امیرالمومنین علیه السلام:
لا أدَبَ مَعَ غَضَبٍ.
အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) မိန့်တော် မူ၏။
အမျက်ဒေါသ နှင့် အတူ သွန်သင် မှုသည် (မဖြစ်နိုင်) ပေ။
ကျမ်းကိုး ။ ။ သစနီဖ် ဂိုရရိုလ်ဟေကမ် ၊ ၃၀၃ ၊ ဟဒီးစ် ၆၉၁၂
ဟဒီးစ်တော် (၃၇)
ကောင်းမှု ကုသိုလ်အား ရလာဒ် ဖြစ်စေမည့် နည်း လမ်း ၃လမ်း
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الصادق علیه السلام:
رَأَيْتُ اَلْمَعْرُوفَ لاَ يَصْلُحُ إِلاَّ بِثَلاَثِ خِصَالٍ تَصْغِيرِهِ وَ سَتْرِهِ وَ تَعْجِيلِهِ فَإِنَّكَ إِذَا صَغَّرْتَهُ عَظَّمْتَهُ عِنْدَ مَنْ تَصْنَعُهُ إِلَيْهِ وَ إِذَا سَتَرْتَهُ تَمَّمْتَهُ وَ إِذَا عَجَّلْتَهُ هَنَّأْتَهُ وَ إِنْ كَانَ غَيْرُ ذَلِكَ مَحَقْتَهُ وَ نَكَّدْتَهُ.
အေမာမ် ဆွာဒစ်က် (အ.စ) မိန့်တော် မူ၏။
ကျွန်ုပ် ၏အမြင်အရ ကောင်းမှု ကုသိုလ်အား ရလာဒ် ဖြစ်စေမည့် နည်း လမ်း ၃လမ်း မှာ ဤသို့ဖြစ်ပါသည်။
(၁) ကောင်းမှုကုသိုလ်အား အနည်းငယ် ဟု မှတ်ယူခြင်း
(၂) ကောင်းမှုကုသိုလ်အား ဖုံးကွယ်ပြီး ထားခြင်း
(၃) ကောင်းမှုကုသိုလ်အား အမြန်ပြုလုပ်ခြင်း ဖြစ်ပါသည်။
အကြောင်းမှာ အကယ်၍ ကောင်းမှု ကုသိုလ်အား အနည်းငယ် ဟု မှတ်ယူခြင်းဖြင့် (ကိုယ်သူတစ်ပါးအပေါ် ပြုနေသည့် ကျေးဇူးသည်) အလွန်ကြီးမားသည့် ကျေးဇူး ဖြစ်သွားပေမည်။ ပြီးနောက် ကောင်းမှုကုသိုလ်အား ဖုံးကွယ်ပြီး ထားခြင်း ဖြင့် ၎င်း ပြီးပြည့်စုံသည့်အထိရောက်စေပါသည်။ ပြီးနောက် အကယ်၍ ကောင်းမှု ကုသိုလ်အား အမြန်ပြုလုပ် မည်ဆိုလျင် ၎င်း အား နှစ်သက်စရာဖြစ်စေမည် ဖြစ်ပါသည်။ အကယ်၍ ဤ အချက် ၃ ချက်မှ လွဲပြီး ကောင်းမှု ကုသိုလ် ပြုမည်ဆိုလျင် ကောင်းမှုကုသိုလ်အား ဖျက်စီးခြင်းမည်ပေမည်။ အရေးမပေးမှုကို ဖြစ်စေမည် ဖြစ်ပါသည်။
ကျမ်းကိုး ။ မန်လာယဟ်ဆိုရိုဟိုလ်ဖကီးကျမ်း(ဘာသာပြန်) ၊အတွဲ ၂ ၊ စာမျက်နှာ ၃၆၁
ဟဒီးစ်တော် (၃၈)
ဂိုနဟ်များကို ခွင့်လွတ်စေမည့် နည်းလမ်း
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول اللہ صلی الله علیه و آله و سلم :
أَكْرِمُوا أَوْلَادَكُمْ وَ أَحْسِنُوا أَدَبَهُمْ يُغْفَرْ لَكُم.
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
မိမိ၏ သားသမီးများ ကို အရိုအသေပေးပါ။ ၎င်းတို့အား ကောင်းမွန်သည့် သွန်သင်မှု ပြုလုပ် ပါလေ။ ထိုမှသာအသင်၏ ဂိုနဟ်(များ) ကို ခွင့်လွတ် ပလပ်ပေးခြင်း ခံရပေမည်။
ကျမ်းကိုး ။ ။ ဗေဟာရွလ်အန်နဝါ ကျမ်း ၊ ၁၀၁/၉
ဟဒီးစ်တော် (၃၉)
လူကောင်းလူမွန် ၏ လက္ခဏာ ၁၀ပါး
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول اللہ صلی الله علیه و آله و سلم :
أمّا علاَمةُ البارِّ فعَشرَةٌ : يُحِبُّ في اللّه ِ ، و يُبْغِضُ في اللّه ِ ، و يُصاحِبُ في اللّه ِ ، و يُفارِقُ في اللّه ِ ، و يَغْضَبُ في اللّه ِ، و يَرْضى في اللّه ِ ، و يَعملُ للّه ِ ، و يَطلُبُ إلَيهِ ، و يَخْشَعُ للّه ِ خائفا مَخُوفا طاهِرا مُخْلِصا مُسْتَحْيِيا مُراقِبا، و يُحْسِنُ في اللّه ِ.
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
လူကောင်းလူမွန်၏ လက္ခဏာ ၁၀ပါး ရှိပါသည်။
၁။အလ္လာဟ်ဟို အရှင်မြတ် အတွက် တစ်ဦးတစ်ယောက် ကို အချစ်ထား ခြင်းကို ပြုလုပ်ပါသည်။
၂။ အလ္လာဟ်ဟို အရှင်မြတ် အတွက် တစ်ဦးတစ်ယောက် ကို အမုန်းထားခြင်းကို ပြုလုပ်ပါသည်။
၃။ ၂။ အလ္လာဟ်ဟို အရှင်မြတ် အတွက် တစ်ဦးတစ်ယောက် ကို မိတ်ဆွေဖွဲ့ခြင်းကို ပြုလုပ်ပါသည်။
၄။ အလ္လာဟ်ဟို အရှင်မြတ် အတွက် တစ်ဦးတစ်ယောက် ကို ခွဲနေခြင်းကို ပြုလုပ်ပါသည်။
၅။ အလ္လာဟ်ဟို အရှင်မြတ် အတွက် အမျက်ဒေါသ ထွက်ခြင်း ကို ပြုလုပ်ပါသည်။
၆။ အလ္လာဟ်ဟို အရှင်မြတ် အတွက် တစ်ဦးတစ်ယောက်ကို သဘောတူကျေနပ် ခြင်းကို ပြုလုပ်ပါသည်။
၇။ အလ္လာဟ်ဟို အရှင်မြတ် အတွက် အလုပ်လုပ်ပေးခြင်းကို ပြုလုပ်ပါသည်။
၈။ အလ္လာဟ်ဟို အရှင်မြတ် အတွက် ကြိုးပမ်း အားထုတ် ခြင်း ကို ပြုလုပ်ပါသည်။
၉။ အလ္လာဟ်ဟို အရှင်မြတ် ရှေ့တော်တွင် နှိမ့်ချ ကျိုးနွံသူ ၊ ကြောက်ရွံ့သူ၊ သန့်ရှင်းစင်ကြယ်သူ ၊ အလ္လာဟ်အတွက်သာ လုပ်သူ၊ အရှက်တရားရှိသူ ၊ မိမိကိုယ်ကို ထိန်းသိမ်းသူ ဖြစ်ပါသည်။
၁၀။ အလ္လာဟ်လမ်း မှာ ကျေးဇူးပြုခြင်း နှင့် ကောင်းမှုကုသိုလ် ပြုခြင်းကို ပြုလုပ်ပါသည်။
ကျမ်းကိုး ။ ။ သိုဟ်ဖိုလ်အိုကူးလ် ကျမ်း ၂၁
ဟဒီးစ်တော် (၄၀)
ဂျန္နသ်ကို ရောက်စေသည့် အလုပ်
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الصادق علیه السلام:
يَأْتِي يَوْمَ الْقِيَامَةِ شَيْءٌ مِثْلُ الْكُبَّةِ فَيَدْفَعُ فِي ظَهْرِ الْمُؤْمِنِ فَيُدْخِلُهُ الْجَنَّةَ فَيُقَالُ هَذَا الْبِرُّ.
အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မိန့်တော် မူ၏။
ကေယမသ်နေ့တွင် (အံ့သြဖွယ်) အရာတစ်ခု ရောက်လာမည် ဖြစ်ပါသည်။ပြီးနောက် ၎င်းအရာသည် မိုအ်မင်အား နောက်ဘက်မှ တွန်းပြီး ဂျန္နသ် သုခဘုံသို့ ခေါ်ဆောင် သွားမည်ဖြစ်ပါသည်။၎င်းအား ဤ သည် အသင်၏ ကောင်း မှု ကုသိုလ် ဖြစ်သည်ဟု ပြောဆို ပေမည်။
ကျမ်းကိုး ။ ။ကာဖီကျမ်း ၊ အတွဲ ၂ ၊ စာမျက်နှာ ၁၅၈ ၊ ဟဒီးစ်တော် ၃
****************************************************************
END / 251