၂၅ ဇွန် ၂၀၂၅ - ၀၆:၄၁
အကြမ်းဖက် အစ္စရေးဟာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ပြီး မိမိ ၏ စစ်မှန်သည့် မျက်နှာကို ထပ်မံပြသ

သိမ်းပိုက်ထားသော ဇီယွန်ဝါဒီအစိုးရသည် အီရန်နှင့် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခဲ့ကြောင်း အင်္ဂါနေ့တွင် မီဒီယာများ က ဖော်ပြခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News အစီရင်ခံစာ ဖော်ပြချက်အရ အကြမ်း ဖက် အစ္စရေးသည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ပြီး  အီရန်မြောက်ပိုင်းရှိ မာဇင်ဒရာန် ပြည်နယ် ၏ ဗါဗိုလ် မြို့ နှင့် ဗါဗိုလ်စရ မြို့ကို တိုက်ခိုက် ခဲ့သည့်အတွက်ကြောင့်  ပေါက်ကွဲမှု များ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အကြမ်းဖက် အစ္စရေးက အီရန်နဲ့ အပစ်အခတ်ရပ်စဲရေး ကြေညာပြီး နာရီပိုင်း အကြာတွင် ဒီတိုက်ခိုက်မှုများ ကို ပြုခဲ့ခြင်း ဖြစ်ပါတယ်။

သိမ်းပိုက်ထားသော ဇီယွန်ဝါဒီအစိုးရသည် အတိတ်တွင်လည်း နိုင်ငံတကာဥပဒေများနှင့် သဘောတူညီချက်များ အထူး သဖြင့်  ဟားမတ်စ် ၊ ဟစ်ဘွလ္လာဟ် နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကို ချိုးဖောက်ခဲ့ကြောင်း သတိပြု သင့်ပါတယ်။

အနှစ်ချုပ်အားဖြင့် အကြမ်းဖက် အစ္စရေး နှင့် ၎င်းကို ကျောထောက်နောက်ခံပြုပေးနေသည့် အကြမ်းဖက် အမေရိကန် တို့သည် ကတိတည်ကြသည့်သူများမဟုတ်ကြောင်း ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha