၂၉ အောက်တိုဘာ ၂၀၂၄ - ၀၆:၄၇
အစ္စရေး ဇီယွန်ဝါဒီအစိုးရ ၏ ရန်လိုမှုကို ပြင်းထန်စွာ တုံ့ပြန်မည် / အီရန်တရားသူကြီးချုပ်

နိုင်ငံတကာအဆင့်တွင် ရန်လိုသူ အစ္စရေး ဇီယွန်ဝါဒီအစိုးရအား တရားစွဲဆိုရန်နှင့် ရှုတ်ချရန် ပိုမိုကြိုးပမ်းရန် လိုအပ်ကြောင်း အီရန်တရားရေးဌာန အကြီးအကဲ အီရန်တရားသူကြီးချုပ် က အလေးပေး ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News အစီရင်ခံစာ အရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ တရားစီရင်ရေးဌာန အကြီးအကဲ အီရန်တရားသူကြီးချုပ် မိုဟ်စင်နီ အယရအီ မှ တရားစီရင်ရေးဆိုင်ရာ ကောင်စီ၏ တရားလွှတ်တော်ချုပ် အစည်းအဝေးတွင်  ရန်လိုသူနှင့် ရာဇ၀တ်သမား ဇီယွန်ဝါဒီအစိုးရသည် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံပိုင်နက်ကို ချိုးဖောက်မှုအတွက် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မည်ဖြစ်ပြီး ဤအစိုးရအတုသည် မိမိ ၏ရာဇ၀တ်မှုများ အတွက် အပြင်းထန်ဆုံးသော ပြစ်ဒဏ်ကို ခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အီရန် နိုင်ငံ ၏ စစ်စတန် နှင့် ဗလူချီစတန် ပြည်နယ် နယ်စပ်မြို့ ဖြစ်သည့် သဖ်သာန် တွင် အကြမ်းဖက်သမားများ ၏ အကြမ်းဖက်မှုကြောင့် ရှဟီးဒ် ဖြစ်သွားသည့် လုံခြုံရေးဝန်ထမ်းများ၏ ရှဟာဒသ် ကိစ္စ အား အီရန် တရား သူကြီးချုပ် မှ ပြောကြား ရင်း အီရန်အပေါ် ဇီယွန်ဝါဒီအစိုးရ ၏ ရန်စမှုများနှင့် တစ်ချိန်တည်းတွင် အမေရိကန်နှင့် ဇီယွန်ဝါဒီများနှင့် ဆက်နွယ်သော အကြမ်းဖက်သမားများသည် စစ်စတန် နှင့် ဗလူချီစတန် ပြည်နယ် နယ်စပ်မြို့ ဖြစ်သည့် သဖ်သာန်  မြို့၌ လုံခြုံရေးဝန်ထမ်း ၁၀ ဦးကို သတ်ဖြတ် ရှဟီးဒ် လုပ်ခဲ့ကြကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာအဆင့်တွင် ရန်လိုသူ အစွစရေး ဇီယွန်ဝါဒီအစိုးရအား တရားစွဲဆိုရန်နှင့် ရှုတ်ချရန် ပိုမိုကြိုးပမ်းရန် လိုအပ်ကြောင်း အီရန်တရားရေးဌာန အကြီးအကဲ အီရန်တရားသူကြီးချုပ် က အလေးပေး ပြောကြားရင် နိုင်ငံတကာ အဖွဲ့အစည်းများက လူ့အခွင့်အရေးကို ကာကွယ်ရန် တောင်းဆိုသော်လည်း အစ္စရေး ၏ ရာဇဝတ် မှုကို ဥပေက္ခာပြုထားကြောင်း ကို ပြသနေပြီး ဇီယွန်နစ် ရာဇ၀တ်ဂိုဏ်း၏ ခေါင်းဆောင်များကို တရားစွဲရန်နှင့် အပြစ်ပေးရန်  ၎င်းတို့ထံ မှ မျှော်လင့်ချက် မထားသ်င့်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး မည်သို့ပင်ဆိုစေကာမူ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံသည် အပြစ်ရှိသော ဇီယွန်ဝါဒီအရာရှိများကို နိုင်ငံတကာတရားစီရင်ရေးတွင် စွပ်စွဲပြစ်တင်မှုအတွက် တရား၀င် လုပ်ဆောင် သင့်ကြောင်းဇီယွန်ဝါဒီအစိုးရသည် တစ်နှစ်တာအတွင်း ကြောက်မက်ဖွယ်ကောင်းသော စစ်ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့သည်မှာ သံသယ ဖြစ်စရာမရှိ ကြောင်း နိုင်ငံတကာဥပဒေအရ ဂါဇာနှင့် တောင်လက်ဘနွန်ရှိ ဇီယွန်ဝါဒီများ၏ လုပ်ရပ်များသည် စစ်ရာဇ၀တ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၏ ရှင်းလင်းသော သာဓက များ ဖြစ်ကြောင်း အီရန်တရားသူကြီးချုပ် မိုဟ်စင်နီ အယရအီ မှ ပြောကြားခဲ့ပါတယ်။

.....................................................................................................

END / 251