Mehr News Agency ၏ အစီရင်ခံစာအရ၊ အစ္စလာမ်မစ် ဂျေဟာဒ် အဖွဲ့ အလ်ကွတ်ဒ်စ် တပ်မဟာ သည် အနောက်ဘက်ကမ်းရှိ အစ္စရေးစစ်တပ်၏ ဂိုလာန်နီ တပ်မဟာအား အောင်မြင်စွာ စစ်ဆင်ရေးပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
သတင်းရင်းမြစ်များ၏ အဆိုအရ အစ္စရေးစစ်သားများ ခိုလှုံနေသည့် ဂျနီးန် ရှိ လူနေအဆောက်အအုံတစ်ခုအား အလ်ကွတ်ဒ်စ် တပ်မဟာ မှ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။ ပေါက်ကွဲမှုကြောင့် အစ္စရေးစစ်သား အများအပြား သေဆုံးပြီး ဒဏ်ရာရရှိခဲ့ပါတယ်။
မိုဂျာဟစ်ဒ် ဒီးန်များ သည် နူးရ် ရှမ်းစ် ဒုက္ခသည်စခန်းတဝိုက်ရှိ အစ္စရေးစစ်သားများကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့ကြောင်း အလ်ကွတ်ဒ်စ် တပ်မဟာ မှ ထပ်လောင်းပြောကြားခဲ့ပါတယ်။
တစ်ဖက်တွင်မူ အစ္စရေးမီဒီယာများက ဂျနီးန် စခန်းရှိ ကြံ့ကြံ့ခံ ခုခံ သူများ၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး အစ္စရေးစစ်သားတစ်ဦး သေဆုံးပြီး အခြားနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
ဂါဇာတွင် အပစ်အခတ်ရပ်စဲပြီးနောက် ဇီယွန်အစိုးရသည် အနောက်ဘက်ကမ်းရှိ ဂျနီးန် စခန်းအား ကြီးမားသော တိုက်ခိုက်မှုများ ပြုလုပ်ပြီး ကတိကဝတ် ချိုးဖောက် ခဲ့ကြောင်း သတိပြုသင့် ပါတယ်။ ထို့ကြောင့် ယခုအချိန်အထိ ပါလက်စတိုင်း အရပ်သား အများအပြား သေဆုံးပြီး ဒဏ်ရာရရှိခဲ့ပါတယ်။
.......................................................
END / 251
