ရှဟီးဒ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် ၏ သား မှ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ အား အကယ်၍ ကျွန်ုပ်တို့သည် အကြိမ် တစ်ထောင် အသတ်ခံရပါက လည်း လူကြီးမင်းအား တစ်ယောက်တည်း ထားမည် မဟုတ်ပါ အို အေမာမ် ဟိုစိုင်းန် (အ.စ) ၏ သားတော် ဟု ပြောကြားခဲ့ပါတယ်။

၂၆ ဇွန် ၂၀၂၅ - ၁၉:၃၉

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ အား  H.I ဆယက်ဒ် မိုဟမ္မဒ် မဲဟ်ဒီ နစရိုလ်လ္လာဟ် မှ ပြောကြားသည့် သတင်းစကား မှာ ဤနှစ် အာရှုရာ အား ကျွန်ုပ်တို့၏ နှလုံးသားကရ်ဗလာ တွင် ရှင်သန်အောင် ထိန်းသိမ်း ထား ပါမည်။ အဘာစ် (အ.စ) လက်တော် ရှဟီးဒ် ဖြစ်ခဲ့မှု၏ ဝေဒနာ ၊ မီးရှို့ခံခဲ့ရသည့် တဲများ ၊ အဖမဲ့များ ၏ ဝမ်းနည်း ပူဆွေးမှုများ ၊ ကန္တာရထဲမှာ အပိုင်းပိုင်း ဖြစ်သွားတဲ့ ခန္ဓာကိုယ်များ ၊ ဝမ်းနည်းကြေကွဲနေကြသည့် အမျိုးသမီးများ သည် ဤနှစ်တွင် မတူညီမှု ရှိလာပါတယ်။ သို့သော် မပြောင်းလဲသွားသည်မှာ ဟိုစိုင်းန် (အ.စ) အတွက် ကျွန်ုပ်တို့၏ သစ္စာစောင့်သိမှုနှင့် စွန့်လွှတ်အနစ်နာခံမှု ဖြစ်ပါတယ်။

၎င်းမှ ဆက်လက်ပြီး ယခုအချိန်တွင် ကျွန်ုပ်တို့သည် ဟိုစိုင်းန် (အ.စ) ၏သားတော် (အာယာသွလ္လာဟ် ဆယက်ဒ် အလီခါမေနာအီ ) ၊  ဖြောင့်မတ်သောတပ်ဦး၏ တပ်မှူးအား ပြောကြားလိုပါတယ်။ အလ္လာဟ်ဟို အရှင်မြတ် အား ကျန်ဆို ပါတယ်။ အကယ်၍ ကျွန်ုပ်တို့ အသတ်ခံရမည် ကို သိမည်၊ ပြီးနောက် မီးရှို့ ခံရမည် ကိုသိမည်၊ ပြီးနောက် ကိုယ်ခန္ဓာ အား အပိုင်းပိုင်း အလုပ်ခံရပြီး လေထဲ တွင် ပြန့်ကျဲ ခံရမည် ၊ပြီးနောက် ပြန်လည် ရှင်သန် ထမြောက်ခြင်း ခံရမည် ၊ အဲ့အဖြစ်အပျက် အကြိမ်ပေါင်း တစ်ထောင် ကျွန်ုပ် အတွက် ဖြစ်ခဲ့မည်ဆိုလျင်လည်း အို ဟိုစိုင်းန် (အ.စ) ၏သားတော် လူကြီးမင်းအား ကျွန်ုပ်တို့ တစ်ယောက်တည်း ထား ခဲ့မည် မဟုတ်ချေ။

ထပ်လောင်း၍ အကယ်၍ ဟီဂျရီ သက္ကရာဇ် ၆၁ခုနှစ် တွင်  ကရ်ဗလာ ၌ အေမာမ် ဟိုစိုင်းန် (အ.စ) ၏ အပေါင်းအပါများ နှင့် အတူ ရှိခဲ့မည် ဆိုလျင်လည်း ကျွန်ုပ်တို့ အနေဖြင့် အေမာမ် ဟိုစိုင်းန် (အ.စ) အို အေမာမ် ဟိုစိုင်းန် (အ.စ) သခင် ကျွန်ုပ် သခင်ကို တစ်ယောက်တည်း ထားခဲ့မည် မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha