အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မေးခွန်း - သရာဝီးဟ် နမာဇ် သည် အဲဟ်လေ့စွန္နသ် အကြား အကွဲအလွဲများ အသွင်ဖြင့် လာရှိပါသည်။ ထိုကြောင့် မဇ်ဟဗ် အဲဟ်လေ့ဘိုက် (သ) (အ.စ) (ခ) (ရှီအဟ်) တွင် သရာဝီးဟ် နမာဇ် သည် မည်သည့် အခြေအနေ တွင်ရှိပါသနည်း?
အဖြေ - အဲဟ်လေ့စွန္နသ် (စွန်နီ ) များ အနေဖြင့် ဤနမာဇ် (သရာဝီးဟ် နမာဇ် ၏ ဖတ်နည်းအမျိုးမျိုး) ကို ဒုတိယ ခလီဖွာ၏ အမိန့် ဖြင့် စပြီး ဖတ်ခဲ့ကြပါသည်။ ပြီးနောက် ဂျမာအသ် ဖြင့် ဖတ်ခဲ့ကြပါသည်။ သို့သော် အဲဟ်လေ့ဘိုက် (သ) (အ.စ) ဘက်မှ ဆင့်ပြန် လာရှိသည့် ရီဝါယသ်တော် တစ်ခု အရ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) သည် ဤကဲ့သို့သော်မည်သည့်နမာဇ် ကိုမှ ဝတ်ပြုတော်မူခြင်း မရှိခဲ့ချေ။ ထိုနည်းတူစွာ ဟဒီးစ်တော်များ အရ နာဖေလဟ် နမာဇ်များ ကို ဂျမာအသ် ဖြင့် ဖတ်ခြင်းသည် ဗေဒအသ် ဖြစ်ပါသည်။ပြီးနောက် နဂျာအေဇ် (ခွင့်မပြုထားခြင်း) ဖြစ်ပါသည်။
ရည်ညွှန်း - www.islamquest.net/ur/archive,fa6885
အနှစ်ချုပ်
ဤအတွက်ကြောင့် ဒုတိယ ခလီဖွာ ဟဇရသ် အိုမရ် အား စံမှတ်ကျောက် အဖြစ် လက်ခံသူများ စွန္နသ် ညီနောင် များသည် သရာဝီးဟ် နမာဇ် အား ၈ ရကတ် ၊ ရကတ် ၂၀ အဖြစ် ဝတ်ပြုကြပါတယ်။
ကုရ်အာန် နှင့် အဲဟ်လေ့ဘိုက် (သ) (အ.စ) ကို စံမှတ်ကျောက် အဖြစ် လက်ခံထားကြသည့် ရှီအဟ် ညီနောင် များသည် ကိုယ်တော်မြတ် (ဆွ) နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) မှ မည်သူမှဝတ်ပြုခဲ့ကြခြင်း မရှိကြသည့် အတွက် သရားဝီးဟ် နမာဇ် အား ဝတ်မပြုကြခြင်း ဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment