အဗ်နာ ။ ။ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် ယနေ့မွန်းလွဲပိုင်းတွင် ဟော် ဟိုရ်မွန်စ်ဂါန် ပြည်နယ်သို့ ခရီးစဉ်အတွင်း လေယာဉ်ဖြင့် ရှဟီးဒ် ရေဂျာအီ ဆိပ်ကမ်းသို့ သွားရောက်ခဲ့ပါတယ်။ ယခုကဲ့သို့ မီးလောင်မှုဖြစ်ပွားခဲ့သည့် မြေပြင်အခြေအနေများကို အကဲဖြတ်ကာ မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ပြန်လည်သုံးသပ်ရန် ရည်ရွယ် ချက်ဖြင့် ယခုလာရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ယခုခရီးစဉ်အတွင်း အီရန် သမ္မတ က နောက်ဆုံးမီးငြှိမ်းသတ်မှု အခြေ အနေနှင့် ဆောင်ရွက်မှုများအား အကြောင်းကြားပြီး မီးအား အပြီးအပြတ် ငြှိမ်းသတ်နိုင်ရေးနှင့် ပျက်စီးမှု မပြန့်ပွားအောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
၂၇ ဧပြီ ၂၀၂၅ - ၁၈:၀၅
News ID: 1552856
Your Comment