၂၁ မတ် ၂၀၂၅ - ၁၆:၁၉
ကဒ်ရ်ညမြတ် တွင် ‌ အေဗါဒသ် ပြုခြင်း ရလဒ်

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် ကဒ်ရ်ညမြတ် တွင် ‌ အေဗါဒသ် ပြုခြင်း ရလဒ် ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အစ်က်ဗါလ်လိုလ်အအ်မါလ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال رسول اللہ صلی اللہ علیه وآله وسلم :

مَن أحيى لَيلَةَ القَدرِ حُوِّلَ عَنهُ العَذابُ إلَى السَّنَةِ القابِلَةِ۔

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

«  အကြင်မည်သူမဆို ကဒ်ရ် ညမြတ် တွင် နိုးထနေပြီး အေဗါဒသ် ပြုမည်ဆိုလျင် လာမည်နှစ် အထိ ၎င်းအပေါ် လာမည့်အဇါဗ် (ပြစ်ဒဏ်) အား ဖယ်ရှားပေးခြင်းခံရပေမည်။  »

ကျမ်းကိုး ။ ။ အစ်က်ဗါလ်လိုလ်အအ်မါလ် ကျမ်း ၊ အတွဲ ၁  ၊ စာမျက်နှာ ၃၄၅

သတိပြုရန်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ အနေဖြင့် ကဒ်ရ် ညမြတ်များ ဖြစ်သည့် ရမ်ဒွါန်လမြတ် ၏ ၁၉ ရက်ည ၊ ၂၁ရက် ည နှင့် ၂၃ ရက် ညကို မအိပ်ဘဲ အေဗါဒသ်များပြုလလုပ်ခြင်းဖြင့် ဖြတ်သန်းသင့်ပါတယ်။ ဤကဒ်ရ် ညမြတ် တွင် နမာဇ်ဇေရရှက်ဗ်ဘေကဒ်ရ် ၂ရကတ် ဖတ်ခြင်း ၊ ဒိုအာဂျောင်ရှန်းကဘီးရ် ဖတ်ရွတ်ခြင်း ၊ ကျမ်းတော်မြတ် ကုရ်အာန် အမလ် ပြုလုပ်ခြင်း ၊ ကျမ်းတော်မြတ် ကုရ်အာန် ၏ သေလာဝသ် ပြုခြင်း ၊ လမြတ်ရမ်ဒွန် ၁၉ ရက်ည နှင့် ၂၁ရက် ညတွင် အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အ.စ) အတွက် အဇါဒါရီပြုခြင်း စသည်ဖြင့် အေဗါဒသ်များ ပြုရမည်ဖြစ်ပါတယ်။ပြီးနောက် ဆဒ်ကဟ် လည်းထုတ်ရမည် ဖြစ်ပါတယ်။ ဒိုအာလည်း အခြားသူများ နှင့် မိမိအတွက် အထူးသဖြင့် မဇ်လူးမ်များ (ပါလက်စတိုင်း ၊ ယီမင် ၊လက်ဘနွန် စသည်ဖြင့် ) ပြုပေးရမည် ဖြစ်ပါတယ်။

****************************************************************

END / 251

Your Comment

You are replying to: .
captcha