၁၇ ဧပြီ ၂၀၂၅ - ၂၂:၂၈
အီရန်နှင့် ဆော်ဒီအာရေဗျ နှစ်နိုင်ငံ ဆက်ဆံရေးသည် နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိမည် ဖြစ်ကြောင်း ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ပြောကြား

ဤတွေ့ဆုံမှုမှာ အီရန်နိုင်ငံရဲ့ တိုးတက်မှုအချို့ကို ရည်ညွှန်းပြီး ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ အီရန် အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံဟာ ဒီဒေသတွေမှာ ဆော်ဒီအာရေဗျကို ကူညီဖို့ အဆင်သင့်ဖြစ်နေပါပြီဖြစ်ကြောင်း မိန့်ကြား ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ယနေ့မွန်းလွဲပိုင်းတွင် ဆော်ဒီအာရေဗျနိုင်ငံ ကာကွယ်ရေးဝန်ကြီး ခါလစ်ဒ် ဘင်န်စလ်မာန် သည် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ   နှင့် တွေ့ဆုံရာတွင် ဆော်ဒီ ဘုရင်၏ သဝဏ်လွှာကို ရဲဟ်ဗရ် အင်န်ကေလာဗ် ထံ ပေးအပ်ခဲ့ပါတယ်။

အီရန်နဲ့ ဆော်ဒီအာရေးဗီးယားတို့ရဲ့ ဆက်ဆံရေးဟာ နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိမယ်လို့ ယုံကြည်ပြီး နှစ်နိုင်ငံ အချင်းချင်း ဖြည့်ဆည်းပေးနိုင်မယ်လို့ ယုံကြည် ကြောင်း ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး အီရန် နှင့် ဆော်ဒီ နှစ်နိုင်ငံကြား ဆက်ဆံရေး ချဲ့ထွင် မှုကို မလိုလားသည့် ရန်သူများ ရှိနေကြောင်း ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ  မှ အလေးပေးပြောကြားခဲ့ပြီး ၎င်းတို့မလုလားသူရန်သူများ ၏ ရန်လိုသည့် ရည်ရွယ်ချက်များ ကို ကျော်လွှားရမှာ ဖြစ်ပြီး ဒါကို  မိမိတို့အနေဖြင့် အဆင်သင့် ဖြစ်နေပါပြီ ဖြစ်ကြောင်း မိန့်ကြား ခဲ့ပါတယ်။

အီရန်နိုင်ငံရဲ့ တိုးတက်မှုအချို့ကို ရည်ညွှန်းပြီး ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ   မှ အီရန် အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံဟာ ဒီဒေသတွေမှာ ဆော်ဒီအာရေဗျကို ကူညီဖို့ အဆင်သင့်ဖြစ်နေပါပြီဖြစ်ကြောင်း ကိုလည်း မိန့်ကြား ခဲ့ပါတယ်။

အခြားသူများကို အားကိုးခြင်းထက် ဒေသတွင်းရှိ ညီအစ်ကိုများ အချင်းချင်း ပူးပေါင်းပြီး ကူညီခြင်းသည် ပို၍ကောင်းပါကြောင်း ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ မှ မိန့်ကြားခဲ့ပါတယ်။

ဤတွေ့ဆုံ မှု တွင် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘာကဲရ်ရီ လည်း တက်ရောက်ခဲ့ပြီး ဆော်ဒီအာရေဗျနိုင်ငံ ကာကွယ်ရေးဝန်ကြီး ခါလစ်ဒ် ဘင်န်စလ်မာန် က ဤ တွေ့ဆုံမှုအပေါ် ကျေနပ်အားရမိကြောင်း ပြောကြားခဲ့ပါတယ်။

အီရန်နိုင်ငံ နဲ့ ဆက်ဆံရေး တိုးချဲ့ပြီး နယ်ပယ်စုံ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်နဲ့ တီဟီရန်ကို ရောက်ရှိလာခဲ့ပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေက အရင်တုန်းကထက် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံကြား ဆက်ဆံရေး ပိုမိုခိုင်မာလာမယ်လို့ မျှော်လင့် ကြောင်း ဆော်ဒီအာရေဗျနိုင်ငံ ကာကွယ်ရေးဝန်ကြီး ခါလစ်ဒ် ဘင်န်စလ်မာန် က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

အီရန်နှင့် ဆော်ဒီအာရေဗျ နှစ်နိုင်ငံ ဆက်ဆံရေးသည် နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိမည် ဖြစ်ကြောင်း ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ပြောကြား

.......................................................

END / 251

Your Comment

You are replying to: .
captcha