အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ယခုလအစတွင် နိုင်ငံခြားသတင်းဌာနတစ်ခုမှ သံတမန်သတင်းရင်းမြစ်များကို ကိုးကား၍ ဆီးရီးယားတွင်လက်ရှိ သမ္မတ လုပ်နေသည့် အဟ်မဒ်ဒိုရှ်ရှရ်ဟ် (ခ) ဟိုင်အသ် သဲဟ်ရီးရွန်ရှ်ရှမ်း အကြမ်းဖက် အဖွဲ့ ခေါင်းဆောင် အဘူမိုဟမ္မဒ်အလ်ဂျောင်လာနီ သည် မော်စကို တွင် ဗရှားအဆဒ် ထားထားသည့် ငွေကြေးများကို ရုရှား မှ ပြန်လည်ပေးသင့်ကြောင်းပြောကြားသည်ဟု သိရပါတယ်။
သို့သော်လည်း မကြာသေးမီက ဒမတ်စကတ်သို့ သွားရောက်ခဲ့သော ရုရှားကိုယ်စားလှယ်အဖွဲ့မှ ဗရှားအဆဒ် သည် ရုရှားတွင် ငွေကြေးတစ်စုံတစ်ရာ အပ်နှံထားခြင်းမရှိကြောင်း အဘူမိုဟမ္မဒ်အလ်ဂျောင်လာနီ ထံ အကြောင်း ကြားခဲ့ သည်ဟု သတင်းရင်းမြစ်များက အတည်ပြုခဲ့ပါတယ်။
ရုရှားနိုင်ငံသည် ဗရှားအဆဒ် အား တရားခံ အဖြစ် လွဲ ပြောင်းရေးကိစ္စကို ဘယ်သောအခါမှ သဘောတူ မည်မဟုတ်ကြောင်း ရုရှားသတင်းရင်းမြစ်တစ်ခုအား ကိုးကား၍ နိုင်ငံခြားသတင်းဌာနတစ်ခုက ဖော်ပြခဲ့ပါတယ်။
ရုရှားကိုယ်စားလှယ်အဖွဲ့၏ ဒမတ်စကတ်သို့ သွားရောက်လည်ပတ်စဉ်တွင် လက်ရှိ ဆီးရီးယားတာဝန်ခံ ရှိများက ဘာ ဗရှားအဆဒ် အား လွဲပြောင်းပေးခြင်း ကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေးပြန်လည်ထူထောင်ရေးတွင် အဓိက အတားအဆီးဖြစ်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
.......................................................
END / 251
Your Comment