၂၂ မတ် ၂၀၂၅ - ၁၄:၄၇
မိမိတို့၏ ရန်သူများကို ဖေရ်အောင်(ခ)ဖာရိုဘုရင်နောင်လိုက်များကို ပင်လယ်တွင် နစ်မြုပ်ခဲ့ကြ သလို နစ်မြုပ်မှာ ဖြစ်ကြောင်းအီရန်ရေတပ်ဗိုလ်ချုပ်ကြီး ပြောကြား

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ရေတပ်မတော်၏ အကြီးအကဲ ဖြစ်သူ ဗိုလ်ချုပ်ကြီး ရှဲဟ်ရာမ်အီရန်နီ မှမိမိတို့၏ ရန်သူများကို ဖေရ်အောင်(ခ)ဖာရိုဘုရင်နောင်လိုက်များကို ပင်လယ်တွင် နစ်မြုပ်ခဲ့ကြ သလို နစ်မြုပ် မှာ ဖြစ်ကြောင်း ပြောကြား

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ရေတပ်မတော်၏ အကြီးအကဲ ဖြစ်သူ ဗိုလ်ချုပ် ရှဲဟ်ရာမ်အီရန်နီ က ယမန်နှစ်တွင် အီရန်ရေတပ်၏ ရဲရင့်သတ္တိရှိသော စစ်သည် များသည် ရေကြောင်းနယ်နိမိတ်ကို ကာကွယ်ရာတွင် အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ် ရှဲဟ်ရာမ်အီရန်နီ မှဆက်လက်ပြီး ကျွန်ုပ်တို့ အားလုံး သည် ဝေလာယသ် ၏ စစ်သည်များ ဖြစ်ကြောင်း ယနေ့ ကျွန်ုပ်တို့ ၏ စစ်သည်များ သည် အေမာမ် ဇမာန်း (အ.ဂျ) ဇဟူးရ် ဖြစ်လာဖို့ အတွက် အပြည့်အဝ ပြင်ဆင်မှု ပြုထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ရန်သူများ၏ ကြံစည်မှုများအားလုံး ရှိနေ သော်လည်း အီရန်အလံသည် ဂုဏ်ကျက်သရေ အပြည့်ဖြင့် လွှင့်ထူ လျက် ရှိ ကြောင်း ဗိုလ်ချုပ် ရှဲဟ်ရာမ်အီရန်နီ က အလေးအနက် ပြောကြားခဲ့ပါတယ်။

ရေတပ်ဗိုလ်ချုပ်ကြီး ရှဲဟ်ရာမ်အီရန်နီ က ရန်သူများသည် ခြိမ်းခြောက်မှုများနှင့် ရန်လိုမှုများ အောင်မြင်မည် မဟုတ်ကြောင်း သိထားရမည် ဖြစ်ပြီး ကျွန်ုပ်တို့၏ရေတပ်သည် ဖေရ်အောင်(ခ)ဖာရိုဘုရင်နောင်လိုက်များကဲ့သို့ ပင်လယ်အောက်ခြေသို့ နစ်မြုပ် စွမ်းနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

.......................................................

END / 251

Your Comment

You are replying to: .
captcha