အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNA ၏ အဆိုအရ ရုရှားသမ္မတ ဗလာဒီမာပူတင်က အီရန်နိုင်ငံသမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း အား ဂုဏ်ပြု သောသဝဏ်လွှာတွင် အီရန်သည် ယုံကြည်စိတ်ချရသော မိတ်ဆွေကောင်း ရုရှားနိုင်ငံ၏ အိမ်နီးချင်း ကောင်းဖြစ်ပြီး နှစ်နိုင်ငံပြည်သူများအကျိုးအတွက် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ဆက် လက် ထားရှိသွားမည်ဖြစ်ကြောင်း ရေးသားထားပါတယ်။
အီရန်သမ္မတထံ ရုရှားသမ္မတ၏ ဂုဏ်ပြုသဝဏ်လွှာပေးပို့သည့် စာသားမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
လေးစားအပ်ပါသော အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ အာဂါယေ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း
လူကြီးမင်းထံ နှလုံးသည်းပွတ် မှ အီးဒ် ဗဟာရ်နောင်ရိုဇ် (အီရန်နှစ်သက်ကူး) အတွက် မိုဘာရတ်က် ပြောကြား အပ်ပါတယ်။ အီရန်နိုင်ငံ သည် ရုရှား နိုင်ငံ ၏ ယုံကြည်စိတ်ချရသော မိတ်ဆွေကောင်း တစ်ဦးဖြစ် ပါတယ်။ နှစ်နိုင်ငံပြည်သူများအကျိုးအတွက် ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးကို အခြေခံ၍ နှစ်နိုင်ငံ ဆက်ဆံ ရေးကို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။
ကျနော်အနေဖြင့် နိုင်ငံတော်သမ္မတကြီး ကျန်းမာ ချမ်းသာပြီး မိမိတာဝန်ဝတ္တရားများကို အောင်မြင် စွာဆောင် ရွက်နိုင်ရန် နှင့် သမ္မတကြီး၏ တိုင်းသူပြည်သားများ ငြိမ်းချမ်းသာယာပါစေရန် ဆုမွန်ကောင်း တောင်း လိုက် ပါတယ်။
.......................................................
END / 251
Your Comment