အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏အဆိုအရ ယီမင်တော်လှန်ရေးအဖွဲ့အစည်း အန်ဆွာရိုလ္လာဟ် မှ အကြီးတန်း အရာရှိ တစ်ဦးက ၎င်းတို့၏ဒရုန်းအသစ် ရာဖာဒရုန်း အမည်ကို ဂါဇာရှိ တော်လှန်ရေးခေါင်းဆောင်များက အကြံပြု ထားပြီး ပါလက်စတိုင်း၏ သမိုင်းဝင်အထောက်အထားအတွက် ကတိကဝတ် သင်္ကေတ တစ်ခုဖြစ် ကြောင်း ပြောကြား ခဲ့ပါတယ်။
အန်ဆွာရိုလ္လာဟ် ၏ မီဒီယာအဖွဲ့၏ လက်ထောက်အကြီးအကဲက အဆိုပါအမည်ကို ဂါဇာ တော်လှန် ရေး ကိုယ်တိုင်က ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ပါလက်စတိုင်းမြို့များ၏ မူရင်းနှင့် သမိုင်းဝင်အမည်များကို မည်သည့် အခါမှ စွန့်လွှတ်မည်မဟုတ်ကြောင်း အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ၎င်း မှ ဇီယွန်ဝါဒီ ၀န်ကြီးချုပ်နေတန်ယာဟုသည် စစ်ရာဇ၀တ် သမား နှင့် သိမ်းပိုက်သူဖြစ်ကြောင်း အား ပြစ်တင်ရှုတ်ချခဲ့ပြီး ယီမင်ကို ခြိမ်းခြောက်ရန် သူမှ ခွင့် မရှိ ကြောင်း ထိုနည်း တူ သတ္တိ လည်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။
ယီမင်ခေါင်းဆောင်က အစ္စရေးကို ဆက်လက်ခုခံကြောင်း ကြေညာစဉ်တွင် အန်ဆွာရိုလ္လာဟ် သည် ပါလက် စတိုင်း လူမျိုးများနှင့်အတူ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
.......................................................
END / 251
Your Comment