၁၂ ဇွန် ၂၀၂၅ - ၀၇:၅၄
ခွမ်းစ်ထိုက်လျက် ခွမ်းစ်မထုတ်ထားသည့် ငွေဖြင့်  ဟဂျ်ပြုခြင်းသည် ပိုင်ပါသလား ?

ခွမ်းစ်ထိုက်လျက် ခွမ်းစ်မထုတ်ထားသည့် ငွေဖြင့် ဟဂျ်ပြုခြင်းသည် ပိုင်ပါသလား ? ဆိုသည့် ကိစ္စ နှင့် ပတ်သက် ၍ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ရှိက်ခ် အာမေရ်ရေဇာ ယအ်စူဘီ ၏ ဗယာန်း မှ ကောက် နှုတ်ချက် များကို တင်ပြ လိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ခွမ်းစ်ထိုက်လျက် ခွမ်းစ်မထုတ်ထားသည့် ငွေဖြင့်  ဟဂျ်ပြုခြင်းသည် ပိုင်ပါသလား ? ဆိုသည့် ကိစ္စ နှင့် ပတ်သက် ၍ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ရှိက်ခ် အာမေရ်ရေဇာ ယအ်စူဘီ ၏ ဗယာန်း မှ  ကောက် နှုတ်ချက် များကို တင်ပြ လိုက်ပါတယ်။

 ၁။ ဟဂျ်ပြုသူသည် ကိုယ်တိုင် မွတ်ဂျ်သဟစ်ဒ် မဟုတ်လည်း မွတ်ဂျ်သဟစ်ဒ် တစ်ပါးပါး ၏ သက္က်လီးဒ် ယူထား ရမည်။

၂။ ဤနှစ်ရှာဖွေထားသည့် ငွေ ဖြင့် ခွမ်းစ် ထုတ်ရမည့် ရက် မရောက်မည် ဟဂျ်ကာလရောက်လာ၍ ဟဂျ်ပြုသည့် အတွက် ခွမ်းစ် မထိုက်ချေ။

၃။ ခွမ်းစ် ထိုက် သူအနေဖြင့် ခွမ်းစ် မထုတ်သည့် ငွေ ဖြင့် မိမိ ဇနီး သို့မဟုတ် ယောက်ကျား သို့မဟုတ် အဖေ သို့မဟုတ် အမေ ၊ကိုယ်စားလှယ်  စသည် ကို ဟဂျ်ပြုလျင် ၎င်းတို့၏ ဟဂျ်ပိုင်၏။ ခွမ်းစ်ထိုက်လျက် မထုတ်သူသာ ဂိုနဟ်ထိုက်သူ ဖြစ်၏။

၄။ ခွမ်းစ် ထိုက်၍ ခွမ်းစ် မထုတ်သူ အား ဖေဒက် ခြံကို မတရား ယူခဲ့သူများနည်းတူ ပြောခြင်းမှာမှားယွင်းပါတယ်။ ခွမ်းစ် မထုတ်သည့် အတွက် ဂိုနာဟ် ထိုက်သူ တော့ ဖြစ်ပါမည်။

၅။ ဓမ္မသတ် ပညာရှင်များ ၏ အမြင်အရ အဲဟ်သေယသ် အရ ခွမ်းစ် ထိုက် သူအနေဖြင့် ဟဂျ် မပြုခင် မိမိ ခွမ်းစ် ကိစ္စ အား မိမိ မရ်ဂျာ (သို့) ၎င်း၏ ကိုယ်စားလှယ် ဖြင့် မိုဆွာလေဟာ လုပ်ပြီး သွားသင့်ပါတယ်။

၆။ ဓမ္မသတ် ပညာရှင်များ ၏ အမြင်အရ အဲဟ်သေယသ် အရ ခွမ်းစ် ထိုက် သူအနေဖြင့် ဟဂျ် မပြုခင် အနည်းဆုံး အဲဟ်ရာမ် နှင့် ကုရ်ဘာနီ သားကောင် အတွက် သုံးသည့် ငွေအားခွမ်းစ် ထုတ်ရမည် ဖြစ်ပါတယ်။ သို့သော် မိုဆွာလေဟာ လုပ်ထားဖို့ အရေးကြီးပါတယ်။ မိုဆွာလေဟာ လုပ်ထားလျင် အဲဟ်သေယသ် လည်း လုပ်ဖို့ လည်းမလိုတော့ ချေ။

.......................................................

END / 251

Your Comment

You are replying to: .
captcha