၂၀ ဇူလိုင် ၂၀၂၅ - ၂၁:၄၅
ရှီအဟ် မွတ်စလင်မ်လား? ကာဖေရ်လား? ဂျန္နသ်သီလား ? ဂျဟန္နမ်မီလား?

ရှီအဟ် မွတ်စလင်မ်လား? ကာဖေရ်လား? ဂျန္နသ်သီလား ? ဂျဟန္နမ်မီလား? ဆိုတာ လူကြီးမင်းတို့ သိထား သင့်ပါတယ်။ စာ အရှည်အဝေးကြီး ၊ ပုံပြင်လိုလို၊ ဝတ္တူ ဆန်ဆန် မရေးပါဘူး ။ စွန်နီပညာရှင်ကြီး များရေး သား ထားသည့် ကျမ်းများ မှ အထောက်အထား တစ်ခု ဘဲ ရေးပေးပါမယ်။ ကိုယ်တိုင် အဖြေ ထုတ် လို့ ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) မိန့်တော်မူသည်။

« အို! အလီ ( အလိုင်ဟစ်စလာမ် ) အသင် နှင့် အသင်၏ ရှီအဟ် သည်သာ လျှင် အောင်မြင်သူ (ဂျန္နသ်သီ) များ ဖြစ်ချေသည်။ »

ကျမ်းညွှန်းများ -

*အေဗ်နေဟဂျ်ရေမက္ကီ ရေးသားထားသည့် « စဝါ အေကိုလ် မိုဟ်ရေကာ ကျမ်း » စာမျက်နှာ ၉၆

*နဝါဗ်ဆွဒီးကီးရေးသားထားသည့် « သဖ်စီးရေ ဖသ် ဟိုလ်ဗရန်းကျမ်း » အတွဲ ၁၀ ၊ စာမျက်နှာ ၃၂၃

*အလာမဟ် ရှောင်ကာနီ ရေးသားထားသည့် « သဖ်စီးရေဖသ်ဟို ကဒီးရ်ကျမ်း » အတွဲ ၅ ။ စာမျ်နှာ ၆၂၄

*အလာမဟ် ဂျလာလွတ်ဒီးန် စူယူသီး ရေးသားထားသည့် « ဒူရွလ်မန်ရှူးကျမ်း » အတွဲ ၆ ၊ စာမျက်နှာ ၃၇၉

မှတ်ချက် - မိမိကိုယ်ကိုရှီအဟ်ဟုသတ်မှတ်တာ ထက် အလ္လာဟ်ဟို အရှင်မြတ် က ဟဇရသ် မောင်လာအလီ (အ.စ) ၏ ရှီအဟ် ဟု သတ်မှတ်အတည် ပြုဖို့ အရေးကြီးပါတယ်။ ဤအတွက် ကြောင့် ဟဇရသ် မောင်လာ အလီ (အ.စ) ဖြစ်ဖို့ မည်သည့် အရည်အချင်းများ အရည်အသွေးများ လိုအပ်ကြောင်း လေ့လာပြီး မိမိအတွင် ကိန်းအောင်း လာအောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Your Comment

You are replying to: .
captcha