၅ စက်တင်ဘာ ၂၀၂၅ - ၀၈:၃၈
နမာဇ် ဇေ မိုင်ယသ် တွင် အမျိုးသမီးများ ပါဝင်ခြင်း နှင့် အဇ်ကာရ်ရေ နမာဇ် မိုင်ယသ် အား လိုက်ဖတ် ခြင်း

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာ အီ မှ နမာဇ် ဇေ မိုင်ယသ် တွင် အမျိုးသမီးများ ပါဝင်ခြင်း နှင့် အဇ်ကာရ်ရေ နမာဇ် မိုင်ယသ် အား လိုက်ဖတ် ခြင်းကိစ္စ နှင့်ပတ်သက် သည့် ရရှီအီ ဥပဒေ ကိစ္စနှင့် ပတ်သက် သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

pasokhgoo.ir ထံ မေးမြန်း ထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာ အီ  မှ နမာဇ် ဇေ မိုင်ယသ် တွင် အမျိုး သမီးများ ပါဝင်ခြင်း နှင့် အဇ်ကာရ် ရေ နမာဇ် မိုင်ယသ် အား လိုက်ဖတ် ခြင်း  ကိစ္စ  နှင့်ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာ အီ  ထံမေးထား  သည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။

မေးခွန်း

စလာမ်မွန်း(န)အလိုင်းကွမ်း(မ်)

နမာဇ်ဇေ မိုင်ယသ် တွင် အမျိုးသမီးများ ပါဝင် နိုင်ပါသလား? ထိုအတူ  နမာဇ် ဇေ မိုင်ယသ် တွင် ဖတ်ရသည့် ဇေက်ရ်များကို ဗေရှ်အေမာမ် နှင့် အတူ နောက်မှ ဂျမာအသ် ဖြင့် လိုက်ဖတ်သူ ယောက်တိုင်း  မလွဲမသွေ လိုက်ဖတ်ရမည်နည်း? အကယ် ၍ တစ်ဦး တစ်ယောက် အနေဖြင့် နမာဇ် ဇေ မိုင်ယသ် ၏ ဇေက်ရ် များ အား ကိုယ်တိုင် မဖတ်ခဲ့လျင် နမာဇ် ပျက်သွားပါသလား?

အဖြေ

စလာမ်မွန်း(န)အလိုင်းကွမ်း(မ်)

နမာဇ် ဇေ မိုင်ယသ် တွင် အမျိုးသမီးများ ပါဝင် ခြင်းသည် ပြဿနာ မရှိချေ။ (ဝတ်ပြုနိုင်ပါသည်။) သို့သော် နမာဇ်ဇေ မိုင်ယသ် အား ဂျမာအသ်  နှင့် ဝတ်ပြုချိန်  အဇ်ကာရ် ရေ နမာဇ် မိုင်ယသ် အား မလွဲမသွေ ဖတ်ရမည် ဖြစ်ပါသည်။ မဖတ်လျင် နမာဇ် မမှန်ချေ။ (မပိုင်ချေ။ )

မှတ်ချက်  ။ ။ အဖြေသည်ရှင်းလင်းနေပါသည်။ ဤအတွက်ကြောင့် မြန်မာ နိုင်ငံ တွင် နမာဇ်ဇေ မိုင်ယသ် ဝတ်ပြုချိန် အမျိုးသမီး များ လည်း အမျိုးသားများ နောက်မှ လိုက်၍ ဖတ် သင့်ပါတယ်။နောက် အထူး သတိပြုရမည့် အချက်မှာ နမာဇ်ဇေ မိုင်ယသ် အား ဂျမာအသ် နှင့် လိုက်၍ ဝတ်ပြုသူသည် ဗေရှ်အေမာမ် နှင့် အတူ အဇ်ကာရ် ရေ နမာဇ် မိုင်ယသ် အား  ကိုယ်တိုင် လိုက် ၍ ဖတ်ကို ဖတ်ရပါမည်။ မဖတ်လျင် ၎င်း၏ နမာဇ် မပိုင်ချေ။ အချို့ သည် နောက်မှ လိုက်ရပ်ပြီး ငြိမ် ငြိမ်လေး နားထောင်လေ့ရှိကြပါတယ်။ ဤအချက် ကို ပြုပြင်ရန် အရေး ကြီးပါတယ်။ ထိုမှသာ နမာဇ် ဇေ မိုင်ယသ် မှန်ပြီး ပိုင်မည် ဖြစ်ပါတယ်။ နောက်နမာဇ် ဇေ မိုင်ယသ် အတွက် ဝဇူမလိုအပ် ချေ။ သွဟာရသ်( ဂိုစ်လ်(ခ) ရေချိုးရန် ဝဂျစ်ဗ်မဖြစ်လျင်)  ရှိနေလျင် ရပါတယ်။ ဒါပေမဲ့ ဝဇူဖြင့် ဝတ်ပြုနိုင် အောင် ကြိုးစားရပါမယ်။

ရှရီအီဥပသေများကို လိုက်က်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha