၇ ဒီဇင်ဘာ ၂၀၂၅ - ၂၁:၃၇
ယီမင်နိုင်ငံတွင် ဟစ်ဘွလ္လာဟ် စစ်ဦးစီးချုပ် သွဗသွဗါအီ ၏ ဓာတ်ပုံ ပျံ့နှံ့နေ

ပြီးခဲ့သည့် နိုဝင်ဘာလက ဘေရွတ်မြို့တောင်ပိုင်းဆင်ခြေဖုံးတွင် ဟစ်ဘွလ္လာဟ် စစ်ဦးစီးချုပ် ဟိုက်စမ် သွဗသွဗါအီ ကို အကြမ်းဖက် အစ္စရေးလေတပ်က ပစ်မှတ်ထားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Alarabiya သတင်းဌာန ၏ အစီရင်ခံစာအရ ဟစ်ဘွလ္လာဟ် စစ်ဦးစီးချုပ် ဟိုက်စမ် သွဗသွဗါအီ ဓာတ်ပုံတစ်ပုံသည် ယီမင်တွင် ပျံ့နှံ့နေသော်လည်း အကြမ်း ဖက် အစ္စရေး လေတပ်က ပြီးခဲ့သည့် နိုဝင်ဘာလတွင် ဘေရွတ်မြို့ တောင်ပိုင်း ဆင်ခြေဖုံးတွင် ရှိနေစဉ်က သူ့ကို ပစ်မှတ် ထားခဲ့ကြောင်း သိရပါတယ်။

အစ္စရေးမီဒီယာများက သူ့ကို ဟစ်ဘွလ္လာဟ် အဖွဲ့ ၏ အထွေထွေအတွင်းရေးမှူးချုပ် H.I ရှိက်ခ် နအီးမ် ကာစင်မ် ပြီးရင် ဟစ်ဘွလ္လာဟ် မှာ ဒုတိယ အရေးအကြီးဆုံးပုဂ္ဂိုလ်အဖြစ် ဆိုထားပါတယ်။

ရရှိထားသော သတင်းအချက်အလက်များအရ ဟိုက်စမ် သွဗသွဗါအီ သည် ဟစ်ဘွလ္လာဟ် တွင် မြင့်မားသော စစ်ဘက်ရာထူးများကို ထမ်းဆောင်ခဲ့ပြီး ဆီးရီးယားနှင့် ယီမင်တို့တွင် အရေးကြီးသော စစ်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ဟီးဘရူးမီဒီယာများက ဟိုက်စမ် သွဗသွဗါအီ သည် လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း ဟစ်ဘွလ္လာဟ် ၏ ထိပ်တန်းတပ်ဖွဲ့များကို ဦးဆောင်ခဲ့သည်ဟု ဆိုထားပါတယ်။

ပြီးခဲ့သည့်နှစ်က ဟိုက်စမ် သွဗသွဗါအီ သည် မိုဟမ္မဒ် ဟိုင်ဒဲရ် နှင့်အတူ ဟစ်ဘွလ္လာဟ် ၏ စစ်ရေးစွမ်းရည်များကို ပြန်လည် ထူထောင် ရေးနှင့် အားကောင်းစေရေးတွင် အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။  သတင်းရင်းမြစ်များ၏ အဆို အရ ဟိုက်စမ် သွဗသွဗါအီ အား အကြမ်းဖက် အစ္စရေး  မှ  တတိယအကြိမ်မြောက် ပစ်မှတ် ထား ပြီး လေ ကြောင်း တိုက်ခိုက်မှုပြုခဲ့ခြင်း ဖြစ်ပါ  တယ်။ 

အခြားသတင်းအရင်းအမြစ်များ အရ အဆိုအရ ဟိုက်စမ် သွဗသွဗါအီ ၏ဖခင်သည် အီရန်လူမျိုးဖြစ်ပြီး မိခင်မှာ လက်ဘနွန်လူမျိုးဖြစ်ပြီး ၎င်းသည် လက်ဘနွန်တွင် နေထိုင်သူဖြစ်ပါတယ်။

ဟိုက်စမ် သွဗသွဗါအီ သည် ဆီးရီးယားနှင့် ယီမင်တို့၏ စစ်ဆင်ရေးများ၌ ပါဝင်ခဲ့သော ဟစ်ဘွလ္လာဟ် ၏ အထူးတပ်ဖွဲ့ "‌ရေဇ်ဝါန် ယူနစ် " ၏ တပ်မှူးဟောင်းတစ်ဦးဖြစ်ပါတယ်။ သူသည် အမေရိကန်၏ အလိုရှိစာရင်းတွင် ပါဝင်ပြီး သူ့ကိုဖမ်းဆီးရန် သတင်းပေးနိုင်သူအား ဒေါ်လာ ၅ သန်း ဆုငွေချီးမြှင့်မည်ဟု ကြေညာထားခြင်း ခံရသူ ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha