အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Tasnim သတင်းဌာန၏ အစီရင်ခံစာအရ သြစတြေးလျနိုင်ငံ ၊ ဆစ်ဒနီမြို့ရှိ ဂျူးလူမျိုးများ ပွဲတော်တွင် ပစ်ခတ်မှု တစ်ခုအတွင်း လူ ၁၀ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဟီးဘရူးမီဒီယာများက တနင်္ဂနွေနေ့ တွင် ကြေညာခဲ့ပါတယ်။
သြစတြေးလျအရာရှိများက မြို့တွင်း ကြီးမားသောလုံခြုံရေးစစ်ဆင်ရေးတစ်ခုကို ကြေညာခဲ့ပြီး ပစ်ခတ်မှုနှင့် ဆက်စပ်၍ လူနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
သတင်းများအရ သေဆုံးသူနှင့် ဒဏ်ရာရရှိသူ အရေအတွက် တိုးလာနေကြောင်း သိရပါတယ်။
ဆစ်ဒနီတွင် ယနေ့ဖြစ်ပွားခဲ့သော ပစ်ခတ်မှုနှင့်ပတ်သက်၍ သြစတြေးလျဝန်ကြီးချုပ်က “ဘွန်ဒီရှိ မြင်ကွင်းများ သည် ကြောက်မက်ဖွယ်ကောင်းပြီး နှလုံးကြေကွဲဖွယ်ကောင်းပြီး ရဲနှင့် ကယ်ဆယ်ရေးအဖွဲ့များသည် အသက် များကို ကယ်တင်ရန် အခင်းဖြစ်ပွားရာနေရာတွင် ရှိနေကြသည်” ဟု ပြောကြားခဲ့ပါတယ်။
အစ္စရေးနိုင်ငံခြားရေးဝန်ကြီးကလည်း ဩစတြေးလျတွင် ဇီယွန်ဝါဒီများစွာ သတ်ဖြတ်ခံရမှုနှင့် ဒဏ်ရာရရှိမှုအပေါ် “သတိပေးချက်များစွာ ရရှိထားသည့် ဩစတြေးလျအစိုးရသည် အိပ်နေရာမှ နိုးထသင့်ပြီး ဖြစ်ကြောင်း မိမိ တာဝန်ကို ကျေပြွန်ရမည် ဖြစ်ကြောင်း ” ပြောကြားခြင်းဖြင့် တုံ့ပြန်ခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment