၅ ဖေဖော်ဝါရီ ၂၀၂၆ - ၁၅:၀၅
အမေရိကန်နှင့် ညှိနှိုင်းဆွေးနွေး ပွဲကို သောကြာနေ့တွင် မတ်စကတ်၌ ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ပြောကြား

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က အမေရိကန် နှင့် နျူကလီးယားဆိုင်ရာ ဆွေးနွေးပွဲကို အိုမန်နိုင်ငံ၏ မြို့တော် မတ်စကတ်၌ ကျင်းပသွား မည်ဖြစ် ကြောင်း ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က X လူမှုကွန်ရက် တွင် ပို့စ်တစ်ခု၌  အမေရိကန်နှင့် နျူကလီးယားဆွေးနွေးပွဲများ ဖျက်သိမ်းလိုက်သည်ဟူသော သတင်း ကို ငြင်းဆိုခဲ့ပါတယ်။

အမေရိကန်နှင့် ညှိနှိုင်းဆွေးနွေး ပွဲကို သောကြာနေ့တွင် မတ်စကတ်၌ ကျင်းပမည်ဖြစ်ကြောင်း ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ မှ မိမိ ၏ X လူမှုကွန်ရက် စာမျက်နှာ တွင် ပို့စ်တစ်ခုမှာ အမေရိကန် နှင့် နျူကလီးယားဆွေးနွေး ကို သောကြာနေ့ မနက် ၁၀ နာရီလောက်မှာ မတ်စကတ်မြို့ မှာ ကျင်းပ ဖို့ စီစဉ်ထားကြောင်း လိုအပ်သည့် အစီအစဉ်များ အားလုံးကို စီစဉ်ပေးသည့် အတွက် အိုမန် နိုင်ငံသား ညီအစ်ကိုတွေကို ကျေးဇူးတင်ကြောင်း ရေးသားထားပါတယ်။

အမေရိကန်နှင့် ညှိနှိုင်းဆွေးနွေး ပွဲကို သောကြာနေ့တွင် မတ်စကတ်၌ ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ပြောကြား

နိုင်ငံတကာမီဒီယာများက အီရန် နှင့် အမေရိကန်ပြည်ထောင်စုအကြား နျူကလီးယားမဟုတ်သော ကိစ္စရပ်များကို ဆွေးနွေးရန် အီရန်က ကန့်ကွက်သောကြောင့် လာမည့်ဆွေးနွေးပွဲများကို ဖျက်သိမ်းလိုက်ကြောင်း တစ်နာရီခန့်က ဖော်ပြခဲ့ပါတယ်။

အီရန်သတင်းရင်းမြစ်များက ယနေ့ « Al-Arabi Al-Jadeed » သတင်းစာ နှင့် အင်တာဗျူးတစ်ခုတွင် အမေရိကန်၏ ရပ်တည်ချက်များ သည် မကြာသေးမီရက်များအတွင်း အတက်အကျများ ကြုံတွေ့ခဲ့ရကြောင်း ဖော်ပြခဲ့ပါတယ်။ အစ္စရေး နှင့် စစ်မက်လိုလားသူများ၏ ဖိအားပေးမှုအောက်တွင် အမေရိကန်သည် ဆွေးနွေးပွဲပုံစံကို ပြောင်းလဲ ရန်နှင့် နျူကလီးယားမဟုတ်သော ကိစ္စရပ်များကို ထည့်သွင်းရန် ရှာဖွေနေကြောင်း အစီရင်ခံစာတွင် ဖော်ပြ ထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha