၁၇ ဧပြီ ၂၀၂၆ - ၂၃:၅၆
ငွေကြေးစက္ကူများကိစ္စ

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ ငွေကြေးစက္ကူများကိစ္စ နှင့် ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

sistani.org ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ ငွေကြေးစက္ကူများကိစ္စ ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါ  တယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ  ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။

မေးခွန်း

မွတ်စလင်မ်တစ်ဦးသည် အခြားမွတ်စလင်မ် တစ်ဦးထံမှ ငွေအချို့ (ငွေကြေးစက္ကူများ) ချေးယူပြီး အချိန် အတော်ကြာပြီးနောက် ထိုငွေကြေး၏တန်ဖိုးကျဆင်းသွားပါက ချေးငွေပြန်ဆပ်သည့်အခါ မူလ ငွေကြေး ပမာဏကို ပြန်ပေးမည်နည်း ?  သို့မဟုတ် ချေးငွေယူစဉ်က ဈေးကွက်ပေါက်ဈေးနှင့်ညီမျှသော ပမာဏကို ပေးချေ မည်နည်း ?

အဖြေ

ချေးယူခဲ့သောပမာဏကို ပြန်ပေးမည်ဖြစ်ပြီး မွတ်စလင်မ် နှင့် ကာဖေရ် အကြား ကွာခြားချက်မရှိချေ။ (တစ်နည်းအားဖြင့် ပေးချေးသူသည်မွတ်စလင်မ် ဖြစ်စေ ကာဖေရ် ဖြစ်စေ ၎င်းထံ မှ ချေးထားသည့် ငွေ အတိုင်း ပြန်ဆပ်ရမည်။ ဥပမာမြန်မာငွေ ချေးထားလျင် မြန်မာငွေ ၊ ဒေါ်လာချေးထားလျင် ဒေါ်လာ ပြန်ဆပ်ရ မည်ဖြစ် ပါတယ်။)

မေးခွန်း

ဒေါ်လာစသည့် ငွေစက္ကူများကို အရောင်းအဝယ် ပြုနိုင်ပါသလား?  ထို့အပြင် ၎င်းတို့ကို အကြွေးဖြင့်လည်း ရောင်းချနိုင်ပါသလား?

အဖြေ

ငွေစက္ကူများသည် ရေတွက်နိုင်သော ကုန်ပစ္စည်းများဖြစ်သောကြောင့် လက်ငင်း ဖြင့်ဖြစ်စေ၊ အကြွေးဖြင့်ဖြစ်စေ ဈေးနှုန်းကွာခြားချက်ဖြင့် မတူညီသောငွေကြေးများကို အရောင်းနဝယ်ပြုနိုင်ပါသည်။ ဥပမာအားဖြင့် ကူဝိတ် ဒီနာငါး ဒီနာ ကို အီရတ်ဆယ် ဒီနာ ဖြင့် ရောင်းခြင်း ဝယ်ခြင်းနှစ်မျိုးလုံးတွင် ခွင့်ပြုထားပါသည်။ သို့သော် ဒေါ်လာ နှစ်မျိုးလုံး သို့မဟုတ် ပါကစ္စတန်ရူပီးနှစ်မျိုးလုံးကဲ့သို့သော ငွေကြေး နှစ်မျိုးလုံးသည် အမျိုးအစားတူပါက ဈေးနှုန်းကွာခြားချက်ကို လက်ငင်း ဖြင့် ရယူနိုင်သော်လည်း အကြွေးဖြင့်ရောင်းချခြင်းတွင် ဈေးနှုန်း ကွာခြား ချက်ဖြင့် တူညီသောငွေကြေးကို ရောင်းချရာတွင် ပြဿနာရှိပါသည်။ ဥပမာအားဖြင့် ရူပီးတစ်ထောင်ကို လက်ငင်း ရူပီးတစ်ထောင်တစ်ရာဖြင့် ရောင်းချနိုင်သော်လည်း အကြွေးဖြင့် ရောင်းချ၍မရပေ။

အနည်းငယ် ရှင်းလင်းချက်  -  ချေးထားသည့် ငွေအတိုင်း ပြန်၍ ဆပ်ရမည်ဖြစ်ပါတယ်။ ဒေါ်လာချေးထား လျင် ဒေါ်လာ ၊ မြန်မာငွေချေးထားလျင် မြန်မာငွေ ပြန်ဆပ်ရပါမည်။အတိုးနှင့် ချေးခွင့်မပြုပါ။ ချေးထားသူ လည်းပေး ထားသည့် ကတိအတိုင်း ဆပ်နိုင်ရန်  ကတိတည်ရန် ကြိုးစားရပါမယ်။ အကြောင်းအမျိုးမျိုး ကြောင့် မဆပ်နိုင် သေးလျင် ကြွေးရှင်ထံ အကျိုးအကြောင်း ပြောပြပြီး အချိန် ထပ်ယူရပါမယ်။ ငွေ‌ကြေး အရောင်းအဝယ် ပမာ အားဖြင့် ဒေါ်လာ နှင့် မြန်မာငွေ သို့မဟုတ် အခြား နိုင်ငံခြားငွေနဲ့ မြန်မာငွေ အရောင်းအဝယ် ပြုနိုင်ပါတယ်။ အမျိုး အစားမတူသည့် ငွေနှစ်ခုကို လက်ငင်းဖြစ်စေ အကြွေးဖြစ်စေ အရောင်း အဝယ် ပြုနိုင်ပါတယ်။ ငွေအတူတူ ဆိုလျင် လက်ငင်းအရောင်းအဝယ်ပြုနိုင်ပြီး အကြွေး မပြုနိုင်ချေ။ ဆိုလိုသည်မှာ မြန်မာငွေ တစ်သောင်းတန် အသစ် ကို မြန်မာငွေ တစ်သောင်း တစ်ထောင်ဖြင့် လက်ငင်း ရောင်းနိုင်ဝယ်နိုင်ပေးမဲ့ အကြွေး အရောင်းအဝယ် လုပ်၍ မရချေ။

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha