၁၆ ဧပြီ ၂၀၂၆ - ၁၂:၂၈
အပစ်အခတ်ရပ်စဲရေးဆိုတာ လက်ဘနွန်နိုင်ငံအပေါ် အစ္စရေး၏တိုက်ခိုက်မှုများကို လုံးဝအဆုံးသတ်စေခြင်း ဖြစ် ကြောင်း ကာလီဗါဖ် ပြောကြား

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အစ္စလာမ့် လွှတ်တော် ဥက္ကဋ္ဌ မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ်က လက်ဘနွန် အပါအဝင် ဒေသတွင်းတွင် လက်ရှိ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်များကို အပြည့် အဝ အကောင် အထည်ဖော်ရန် အမေရိကန်အား တိုက်တွန်းခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Dailyausaf သတင်းဌာန ၏ အစီရင်ခံစာအရ X လူမှုမီဒီယာပလက်ဖောင်းတွင် ကြေညာချက်တစ်စောင်တွင် လက်ဘနွန် တွင် ပြည့်စုံသော အပစ် အခတ် ရပ်စဲရေး၏ အောင်မြင်မှုသည် အီရန်၏ ခိုင်မာသော ထောက်ခံမှု ရရှိထားသော ဟစ်ဘွလ္လာဟ် ၏ အဆက်မပြတ် ခုခံမှုအပေါ် မူတည်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြား ခဲ့ ပါတယ်။

မိုဟမ္မဒ် ဘာကဲရ် က အီရန်နှင့် ခုခံမှုဝင်ရိုး (ဟစ်ဘွလ္လာဟ် ၊ ဟားမတ်စ်၊ ယီမင်နိုင်ငံမှ ဟူသီနှင့် အီရတ်ပြည်သူ့ တပ်များ) သည် အင်အားကြီးသောယူနစ်တစ်ခုကဲ့သို့ဖြစ်ပြီး စစ်ပွဲဖြစ်စေ၊ ငြိမ်းချမ်းရေး သဘောတူညီချက်ဖြစ်စေ မည်သည့်အခြေအနေတွင်မဆို စည်းလုံးညီညွတ်နေမည်ဟု ထပ်လောင်းပြောကြားခဲ့ပါတယ်။တစ်နည်းအားဖြင့် အီရန် နှင့် စစ်ပြေငြိမ်းလျင် ၎င်းတို့နှင့် ငြိမ်းခြင်း ဖြစ်ပြီး အီရန်ကို တိုက်ခြင်းသည် ၎င်းတို့ကို တိုက်ခြင်း ဖြစ်ပါ တယ်။

မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ်က က အမေရိကန်ကို ဝေဖန်ခဲ့ပြီး အစ္စရေးဦးစားပေးမူဝါဒမှ နောက်ဆုတ်ခြင်းသည် ဒေသတွင်း ရေရှည်ငြိမ်းချမ်းရေးကို ထူထောင်နိုင်ရန် အချိန်၏လိုအပ်ချက်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha