၁၅ ဧပြီ ၂၀၂၆ - ၂၃:၅၆
ပါကစ္စတန်မှတစ်ဆင့် အမေရိကန်နှင့် စကားများ ဖလှယ်ခြင်း ဆက်လက်လုပ်ဆောင်နေကြောင်းအီရန် ပြော ကြား

ပါကစ္စတန်မှတစ်ဆင့် အမေရိကန်သို့ စကားများ ပေးပို့ခြင်းနှင့် လက်ခံခြင်းတို့ကို အီရန် နိုင်ငံခြား ရေးဝန်ကြီးဌာန က ဆက်လက်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပြီး လာမည့်ဗုဒ္ဓဟူးနေ့တွင် အစ္စလာမာဘတ် က ဆွေးနွေးပွဲများကို ထပ်မံလက်ခံကျင်းပမည်ဟု မျှော်လင့် ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ သတင်းအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏  နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီစ္စမာအီ ဗကာအီ က တီဟီရန်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်နှင့် ဆွေးနွေးပွဲများကို အစ္စလာမာဘတ်တွင် ကျင်းပခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အီရန်ကိုယ်စားလှယ်အဖွဲ့သည် ပါကစ္စတန်မှ ပြန်လာပြီးနောက် ပါကစ္စတန်မှတစ်ဆင့် အမေရိကန်နှင့် စကား များစွာ ဖလှယ်ခဲ့ကြပါတယ်။ ပါကစ္စတန်သည် ဗုဒ္ဓဟူးနေ့တွင် ဆွေးနွေးပွဲများကို ထပ်မံ လက်ခံ ကျင်းပဖွယ်ရှိကြောင်း အလားအလာများပါရှိပါတယ်။ ပါကစ္စတန်မှတစ်ဆင့် အမေရိကန်နှင့် စကားများ ဖလှယ်ခြင်းကို တနင်္ဂနွေနေ့မှစ၍ ဆက်လက်လုပ်ဆောင်နေကြောင်း ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောကြား ခဲ့ပါတယ်။

ပါကစ္စတန်ကြားဝင်စေ့စပ်သူများထံမှ စကားများ ကို အီရန်က လက်ခံရရှိခဲ့ပါတယ်။ အမေရိကန်နှင့် စစ်ပွဲတွင် အီရန်ခံစားခဲ့ရသော ဆုံးရှုံးမှုများအတွက် လျော်ကြေးပေးရန်၊ စစ်ပွဲကို အဆုံးသတ်ရန် ဆွေးနွေးမှုများ ရှိခဲ့ပြီး အီရန်အပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများကို ရုပ်သိမ်းရန် ဆွေးနွေးမှုများလည်း ရှိခဲ့ပါတယ်။

မေးခွန်းတစ်ခုအတွက် ပြောရေးဆိုခွင့်ရှိသူက အီရန်သည် နျူကလီးယားလက်နက်များ ရယူရန် စိတ်မဝင်စား ကြောင်း၊ အီရန်သည် မိမိ ၏အခွင့်အရေးများကို အလျှော့ပေးမည်မဟုတ် ကြောင်း နှင့် အီရန်သည် ဒေသတွင်း တွင်မည်သည့်ဝင်ရောက်စွက်ဖက်မှုကိုမျှလက်မခံကြောင်းပြောကြားခဲ့ပါတယ်။  နောက်ထပ်သတင်းထောက်တစ်ဦး၏မေးခွန်းကို သူက ပါကစ္စတန်၏ ကြားဝင်စေ့စပ်မှုအောက်တွင် အမေရိကန် နှင့် ယခုကျင်းပမည့် ဆွေးနွေးပွဲများသည် အပစ်အခတ်ရပ်စဲရေးအတွက်သာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အီစ္စမာအီ ဗကာအီ က ကျွန်ုပ်တို့၏ရပ်တည်ချက်သည် ရှင်းလင်းကြောင်း၊ အီရန်ကို ဝိုင်းရံ၍မရကြောင်း၊ အမေရိကန်၏ ဤလုပ်ရပ်သည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ အာဇာနည်အဖြစ် သတ်ဖြတ်ခံရခြင်းသည် အမေရိကန်မှတ်တမ်းတွင် အစွန်းအထင်းတစ်ခုဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့ ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha