၁၆ ဧပြီ ၂၀၂၆ - ၀၀:၀၀
ဝမ်းနည်းကြောင်း ဖော်ပြခြင်း နှင့် သစ္စာခံကြောင်း ကြေငြာပြီးနောက် ဟော်မုဇ်ဂန် ပညာရှင်များထံ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ သတင်း စကား ပေးပို့

ဟော်မုဇ်ဂန် ပြည်နယ်မှ စွန်နီပညာရှင်များက ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ အတွက် မိမိတို့ ၏ ဝမ်းနည်းကြောင်း ဖော်ပြပြီး ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ အသစ် ထံ သစ္စာခံကြောင်း ကြေငြာပြီးနောက် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ အသစ် သည် ၎င်းတို့ထံ စာဖြင့် ရေးသား အဖြေ‌ ပေးပို့ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ သတင်းအရ ဟော်မုဇ်ဂန် ပြည်နယ်ရှိ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ  ၏ ကိုယ်စားလှယ် အာယာသွလ္လာဟ် မိုဟမ္မဒ် အေဗါဒီ ဇါဒေဟ် က ပြည်နယ်ရှိ စွန်နီပညာရှင်များထံမှ ဝမ်းနည်းကြောင်း သဝဏ်လွှာနှင့် သစ္စာခံမှု ကတိပြုပြီးနောက် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ သည် စွန်နီပညာရှင်များထံ စာဖြင့် အကြောင်း ပြန်ခဲ့ ကြောင်း ကြေညာခဲ့ပါတယ်။

အာယာသွလ္လာဟ် မိုဟမ္မဒ် အေဗါဒီ ဇါဒေဟ် က ဟော်မိုဇ်ဂန်မှ ဆွန်နီပညာရှင်များ၏ ဤကြိုးပမ်းအားထုတ်မှုသည် အစ္စလာမ်တော်လှန်ရေး၏ အခြေခံမူများနှင့် ဥပဒေပညာကို စောင့်ရှောက်ခြင်းအပေါ် ၎င်းတို့၏ ထိုးထွင်းသိမြင်မှု၊ သစ္စာစောင့်သိမှုနှင့် ကတိကဝတ်တို့ကို သက်သေပြနေသည်ဟု ထပ်လောင်းပြောကြားခဲ့ပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ၏ ၏ ဖြေကြားပေးမှု သည် ဤအရေးကြီးသော ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုနှင့် နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အာဏာတွင် ၎င်းတို့၏ အခန်းကဏ္ဍကိုလည်း မီးမောင်းထိုးပြနေပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ကိုယ်စားလှယ်က ရှီအဟ် နှင့် စွန်နီတို့သည် အစ္စလာမ်လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအချက်များထဲတွင် ပါဝင်ကြောင်း ဟော်မိုဇ်ဂန်သည် ငြိမ်းချမ်းသော သဟဇာတဖြစ်မှုနှင့် ဘာသာတရားများအကြား တည်ဆောက်မှုဆိုင်ရာ ဆက်ဆံရေး၏ စံပြတစ်ခုဖြစ်ပြီး ဤလမ်းကြောင်းသည် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha