၁၇ ဧပြီ ၂၀၂၆ - ၂၃:၅၈
ဇီယွန်ဝါဒီရန်သူကို ရင်ဆိုင် ရန် ကျမ်းမြတ်ကုရ်အာန်၏ ညွှန်ကြားချက်များ

အို အီမာန် သက်ဝင် ယုံကြည်သူအပေါင်းတို့ ! ကွတ်ဖါ (မယုံကြည်သူများ၊ ကာဖေရ်များ) ၏ အုပ်စုတစ်စု နှင့် ရင်ဆိုင် ရသောအခါ၊ ခိုင်မာစွာ ရပ်တည်ပြီး အောင်မြင်နိုင် ရန် အလ္လာဟ်အရှင်မြတ်ကို သတိရ ကြ လော့။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawzahnews၏အစီရင်ခံစာအရ စစ်ပွဲအတွင်း ရန်သူများနှင့် မယုံကြည်သူများနှင့် ရင်ဆိုင် တိုက်ခိုက်ရန် ကျမ်းမြတ် ကုရ်အာန် ၏ ညွှန်ကြားချက်များသည် အလွန်လှပပြီး လမ်းညွှန်ပေးထားပါတယ်။

၎င်းတို့အနက် အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ တည်ကြည်မှု

 ၂။အနန္တတန်ခိုးရှင် အလ္လာဟ်ဟို အရှင်မြတ် သခင်နှင့် ဆက်သွယ်ခြင်း နှင့် ဆုတောင်းခြင်း

၃။ ဘာသာရေးခေါင်းဆောင်၏ အမိန့်ကို နာခံခြင်း

၄။ ဇွဲလုံ့လ (သို့) ကြံ့ကြံ့ခံ မှု

စူရဟ် အန်ဖါလ် ၏ အာယသ်တော်  ၄၅ နှင့် ၄၆ တွင် အောက်ပါအတိုင်းလာ ရှိပါတယ်။

یَا أَیُّهَا الَّذِینَ آمَنُوا إِذَا لَقِیتُمْ فِئَةً فَاثْبُتُوا وَ اذْکُرُوا اللَّهَ کَثِیرًا لَعَلَّکُمْ تُفْلِحُونَ .(٤٥) وَ أَطِیعُوا اللَّهَ وَ رَسُولَهُ وَ لَا تَنَازَعُوا فَتَفْشَلُوا وَ تَذْهَبَ رِیحُکُمْ وَ اصْبِرُوا إِنَّ اللَّهَ مَعَ الصَّابِرِینَ . (٤٦)

အဓိပ္ပာယ် -

အိုအီမာန် သက်ဝင်ယုံကြည်သူအပေါင်းတို့ ! သင်တို့သည် (ကာဖေရ်များ၏ ) အုပ်စုတစ်စု နှင့် ရင်ဆိုင်ရသောအခါ၊ ခိုင်မာစွာရပ်တည်၍ အောင်မြင်နိုင်စေရန်အတွက် အလ္လာဟ်အရှင်မြတ်ကိုအလွန်  အောက်မေ့ကြလော့ ။ (၄၅) ပြီးနောက် အလ္လာဟ်အရှင်မြတ် နှင့် အရှင်မြတ်၏ တမန်တော်မြတ်(ဆွ) ၏ စကားကို နာခံကြလော့။ သင်တို့သည် အချင်းချင်း အငြင်းပွားခြင်း မပြုကြကုန်နှင့်။(အကယ်၍ အချင်းချင်းအငြင်းပွားမည်ဆိုလျင်)  သင်တို့သည် ကြောက်တတ်သူများဖြစ်လာပြီး သင်တို့၏ ကံကြမ္မာများ ဆုံးရှုံးသွားမည်ဖြစ်ပါသည်။ ပြီးနောက် သည်းခံ (ကြံ့ကြံ့ခံ ) ကြလော့။ အလ္လာဟ်အရှင်မြတ်သည် သည်းခံသူ (ကြံ့ကြံ့ခံသူ ဇွဲလုံ့လရှိသူများ) အား အကူ အညီပေး တော်မူသည့် အရှင် ဖြစ်ပါသည်။  (၄၆)

ဂျေဟာဒ်ပြုချိန် တွင် တစ်ဆူတည်းသောအရှင် ဝါဒ

فَلَمْ تَقْتُلُوهُمْ وَلَٰکِنَّ اللَّهَ قَتَلَهُمْ ۚ وَمَا رَمَیْتَ إِذْ رَمَیْتَ وَلَٰکِنَّ اللَّهَ رَمَیٰ ۚ وَلِیُبْلِیَ الْمُؤْمِنِینَ مِنْهُ بَلَاءً حَسَنًا ۚ إِنَّ اللَّهَ سَمِیعٌ عَلِیمٌ .  (انفال ۱۷)

အဓိပ္ပာယ် -

သင်သည် ၎င်းတို့ (ကာဖေရ်) ကို မသတ်ခဲ့ဘဲ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ကို သတ်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် (အိုမိုဟမ္မဒ် (ဆွ) ၊ သင်သည် ကျောက်ခဲလေးများ နှင့် ပစ်ပေါက်သောအခါ၊ သင် ပစ်ပေါက်ခြင်း မဟုတ်ဘဲ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ကို ပစ်ပေါက်ခဲ့ခြင်းဖြသ်ပါသည်။ ထိုသို့သောအားဖြင့် ထိုအရှင်မြတ်သည် မုအ်မင်န်များအား မိမိ၏ (ကျေးဇူးတော်များဖြင့်) ကောင်းကောင်း စမ်းသပ်တော်မူရန်ဖြစ်ပါ သည်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည်အကြွင်းမဲ့ ကြားတော်မူ ၊ သိတော်မူသည့် အရှင်ဖြစ်ပါသည်။ 

စူရဟ် အန်ဖါလ် အာယသ်တော်အမှတ် ၁၇

အင်န်ရှာအလ္လာဟ် - ကျမ်းတော်မြတ်ကုရ်အာန် အပေါ် အကြွင်းမဲ့ သက်ဝင်ယုံကြည်သူတိုင်း ကျမ်းတော်မြတ် ကုရ်အာန် ၏ အမိန့်များကို လက်တွေ့ ကျင့်သူံး ပြီ’ဘဝ တည်ဆောက် နိုင်ကြပါစေ။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha