အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းအေဂျင်စီ၏ အစီရင်ခံချက်အရ ပါရှန်းပင်လယ်ကွေ့ဒေသတွင် အီရန်နှင့် အမေရိကန်အကြား တင်းမာမှုအဆင့်သစ်တစ်ရပ် ဆက်လက်ဖြစ်ပေါ်နေပါတယ်။ အီရန်တောင်ပိုင်းရှိ နေရာအများအပြားကို အမေရိကန် က လေကြောင်းတိုက်ခိုက်ပြီးနောက် အီရန်က ကူဝိတ်ရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို ဒရုန်းများ ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
အသေးစိတ်အရ အီရန်တောင်ပိုင်းရှိ ဒေသအမျိုးမျိုးမှာ အမေရိကန်၏ တိုက်ခိုက်မှုများကို ခံခဲ့ရသည်။ ပါရှန်း ပင်လယ် ကွေ့ ဒေသရှိ စီရီက် ၊ ဟာဂျီအာဗါဒ် နှင့် ကရှ်မ် ကျွန်းအနီးတစ်ဝိုက်တို့တွင်လည်း တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့ပါတယ်။
အီရန်စစ်တပ်၏ ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်သော ကြေညာချက်အရ အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ဆာအီကဟ် စစ်ဆင်ရေး ၏ (၁၆) ကြိမ်မြောက် အဆင့်အတွင်း ကူဝိတ်နိုင်ငံရှိ အမေရိကန်တပ်၏ အယ်လ် အဒါအီရီ စစ်စခန်း အတွင်းရှိ လက်နက်ဂိုဒေါင်နှင့် အလီ အယ်လ် ဆာလမ် လေတပ်အခြေစိုက်စခန်း ရှိ ပက်ထရီယော့ ရေဒါစနစ်နှင့် လေကြောင်းစောင့်ကြည့်ရေးစနစ်တို့ကို ဒရုန်း တိုက် ခိုက် မှုများ ဖြင့် ပစ်မှတ်ထားခဲ့ကြောင်း သိရပါတယ်။
တစ်ချိန်တည်းမှာပင် အီရတ်နိုင်ငံ အာဘီလ် မြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးအနီးတွင် ပေါက်ကွဲမှုအများအပြား ဖြစ်ပွားခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။ အီရတ်သတင်းရင်းမြစ်များ၏ အဆိုအရ ယင်း တိုက်ခိုက်မှု အတွင်း အာဘီလ်မြို့ရှိ ခွဲထွက်ရေးအဖွဲ့တစ်ဖွဲ့၏ ဌာနချုပ်ကိုလည်း ပစ်မှတ်ထားခဲ့ရာ မီးလောင် ကျွမ်းမှု များ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
အခြားတစ်ဖက်တွင် ခါသန်မိုလ်အန်ဗီယာ (ဆွ) ဗဟိုစစ်ဌာနချုပ် ၏ တပ်မှူး ဗိုလ်ချုပ်ကြီး အလီ အဗ်ဒိုလ္လာဟ်ဟီ က ၎င်း၏ သတင်းစကားတွင် အမေရိကန်ကို သတိပေးပြောကြားရာ၌ နောက်ထပ် မည်သည့် ရန်လိုကျူးကျော်မှု သို့မဟုတ် အင်အားအသုံးပြုမှုမျိုးကိုမဆို အီရန်လက်နက်ကိုင်တပ်ဖွဲ့များက ပြတ်သား၍ ပြင်းထန်သော စစ်ရေးတုံ့ပြန်မှုဖြင့် တုံ့ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ထို့အပြင် ၎င်းက နိုင်ငံတော်၏ လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန်အတွက် အမျိုးသား စည်းလုံး ညီညွတ်မှု၊ လက်နက်ကိုင်တပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် တော်လှန်ရေးခေါင်းဆောင်၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ခြင်းသည် မရှိမဖြစ်လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment