အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်သည် အီရန် အစ္စလာမ်မစ် တော်လှန်ရေး၏ ခေါင်းဆောင်ကြီး ဟဇရသ် အာယာ သွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုရန် အသင့်ရှိ သော်လည်း ယင်းနှင့်ပတ်သက်၍ လက်ရှိအချိန်အထိ တရားဝင် စီစဉ်ထားခြင်း မရှိသေးကြောင်း ပြောကြား ခဲ့ပါတယ်။
ရုရှားသတင်းဌာန TASS ၏ အဆိုအရ ဒီမီထရီ ပက်စ်ကော့ဗ်က လက်ရှိတွင် သမ္မတ ပူတင်နှင့် တော်လှန်ရေးခေါင်း ဆောင်ကြီး အကြား တယ်လီဖုန်းဆက်သွယ်မှုအတွက် အချိန်ဇယား သတ်မှတ်ထားခြင်း မရှိသေး သော်လည်း ရုရှားသမ္မတသည် ထိုသို့သော ဆက်သွယ်မှုမျိုးအတွက် အဆင်သင့်ရှိကြောင်း ပြောကြား ခဲ့ပါတယ်။
ယင်းမတိုင်မီ ဗလာဒီမီယာ ပူတင်က ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ အား အီရန် အစ္စလာမ်မစ် တော်လှန်ရေး၏ တတိယမြောက် ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရခြင်းအတွက် ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး ရုရှားနိုင်ငံသည် တီဟီရန်၏ ယုံကြည်စိတ်ချရသော မိတ်ဖက်နိုင်ငံအဖြစ် ဆက်လက် ရပ်တည်သွားမည်ဟု ပြောကြားခဲ့ပါတယ်။
ကရင်မလင်က ထုတ်ပြန်သော ကြေညာချက်တွင် သမ္မတ ပူတင်က ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ သည် မိမိ၏ ဖခင် လျှောက်လှမ်းခဲ့သော လမ်းစဉ်ကို ဂုဏ်သိက္ခာနှင့် အလေး အမြတ်ဖြင့် ဆက်လက် သယ်ဆောင်သွားမည်ဟု ယုံကြည်ကြောင်း ဖော်ပြထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment