၁၈ ဇန်နဝါရီ ၂၀၂၆ - ၀၈:၂၅
မည်သည့်ကျူးကျော်မှုမဆို ပြင်းထန်စွာ တုံ့ပြန်မည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရသူက ရန်သူဘက်မှ မည်သည့်ကျူးကျော်မှုမျိုးမဆို ပြင်းထန် စွာ တုံ့ပြန်မည်ဟု ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံချက်အရ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့် ရှိသူ အီစ္စမာအီ ဗကာအီ က အမေရိကန် နိုင်ငံခြားရေးဌာန၏ ကြေညာချက်ကို ဒေသတွင်း တင်းမာမှုများ မြှင့်တင်ရန် ကြိုးပမ်းမှုအဖြစ် သတ်မှတ်ကြောင်း၊ ယင်းကြေညာချက်တွင် အမေရိကန် စစ်အခြေစိုက်စခန်းများကို တိုက်ခိုက်ရန် အီရန်က ပြင်ဆင်နေသည်ဟု စွပ်စွဲထားကြောင်း ပြောကြားခဲ့ပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရှိသူ အီစ္စမာအီ ဗကာအီက အီရန်စစ်တပ်များသည် မိမိနိုင်ငံကို ကာကွယ်ရန် အသင့်ရှိနေ ကြောင်း သတိပေးခဲ့ပြီး ရန်သူဘက်မှ မည်သည့်ကျူးကျော်မှုမျိုးမဆို ပြင်းထန်စွာ တုံ့ပြန်မည်ဟု ပြောကြားခဲ့ပါတယ်။

သတိပြုရမည့် အချက်မှာ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံသည် စစ်လိုလားသည့် နိုင်ငံ မဟုတ် ပေမဲ့ စစ်ရေးအရ မိမိနိုင်ငံ အား  ထိခိုက်လာလျင်  ငြိမ်နေမည့် နိုင်ငံ မဟုတ်ကြောင်း ဖြစ်ပါတယ်။

#သတင်းမှန်များကို အချိန်နှင့် တပြေးညီအများပြည်သူသိနိုင်ရန် မိမိတို့ အသုံးပြုသည့် Facebook / Telegram / Instagram /Twitter / Viber / Tiktok စသည်တို့တွင် Share ပေးကြပါရန် လေးစား စွာ မေတ္တာ ရပ်ခံအပ်ပါတယ်။ ကြိုတင်ကျေးဇူးတင်ရှိပါတယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha