၂၄ ဇန်နဝါရီ ၂၀၂၆ - ၂၃:၅၇

အေမာမ် ဟိုစိုင်းန် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် မြင့်မြတ်သော ပန်းတိုင်များကို ရရှိရန် အလျင်စလို လုပ်ဆောင်ခြင်း ဆိုင်ရာဆုံးမ စကား နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الحسین علیه السلام :

نافِسوا فی‌المكارِمِ و سارِعوا فی ‌الـمَغانمِ.

အေမာမ် ဟိုစိုင်းန်(အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« အကောင်း တကာ အကောင်း ဆုံးအခွင့်အရေးများ ကို အလျင် အမြန်အသုံးချပြီး မြင့်မား သည့် ပန်းတိုင်သို့ ရောက်ဖို့  တစ်ယောက်ထက် တစ်ယောက် သာအောင် ကြိုးစားပါလေ။   »

ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၇၈ ၊ စာမျက်နှာ ၃၅၅

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် မိမိတို့ ၏ မြင့်မြတ် သည့်  ရည်ရွယ်များ ကို ဆွတ်ခူး နိုင် ရန် သူထက်ငါ  အလျင် ကြိုးစားရမည် ဖြစ်ပါတယ်။ မြင့်မြတ် သည့် ရည်ရွယ် ချက် များ ကို ဆွတ်ခူးနိုင်ရန် မြတ်အလ္လာဟ် ပေးသနားထားသည့် အခွင့် အခါများ ကို အမြန်ဆုံး အသုံး ချ နိုင် အောင် ကြိုးပမ်း နိုင်ရမည် ဖြစ်ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha