၂၅ ဇန်နဝါရီ ၂၀၂၆ - ၁၉:၄၈
အမေရိကန် နိုင်ငံ မင်နီယာပိုလစ်တွင် ဖက်ဒရယ်အရာရှိများ၏ သတ်ဖြတ်ခြင်းကို ခံရသော အမျိုးသားတစ်ဦး သည် သေနတ်မဟုတ်ဘဲ ဆဲလ်ဖုန်းကိုင်ဆောင်ထားသူဖြစ်

နယူးယောက်တိုင်းမ်စ်က အမေရိကန် နိုင်ငံ မင်နီယာပိုလစ်တွင် ဖက်ဒရယ်အရာရှိများ၏ သတ်ဖြတ်ခြင်းကို ခံရသော အမျိုးသားတစ်ဦး သည် သေနတ်မဟုတ်ဘဲ ဆဲလ်ဖုန်းကိုင်ဆောင်ထားသူဖြစ် ကြောင်း ရေးသား ထားပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Iribnews သတင်းဌာန ၏ အစီရင်ခံစာအရ အသက် ၃၇ နှစ်အရွယ် Alex Preti ( နိုင်ငံသား နှင့် သူနာပြု) အသတ်ခံရသည့်နေရာမှ ဖက်ဒရယ်အေးဂျင့်များမှ ထုတ်ပြန်ခဲ့သော ဗီဒီယိုများကို ခွဲခြမ်းစိတ်ဖြာ စိစစ် ချက်အရ ဖြစ်ရပ်၏အမှန်တရားသည် အစိုးရ၏ ကြေညာ ချက် နှင့် ကွဲလွဲနေကြောင်း ပြသနေပါတယ်။ ပစ်ခတ်မှုအပြီးတွင် ဖက်ဒရယ်အရာရှိများက သေဆုံးသူသည် ရဲအရာရှိများထံ သေနတ်ဖြင့် ချဉ်းကပ်ခဲ့သည့် အတွက်ကြောင့်  ရဲအရာရှိများသည် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန် ပစ်ခတ်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ဒါပေမယ့် မီဒီယာတွေဆီ ရောက်ရှိလာတဲ့ ဗီဒီယိုတွေက တခြားပုံရိပ်တစ်ခုကို ပုံဖော်ပေးပါတယ်။ ဒီပုံတွေမှာ အဲဒီလူက ဖုန်းကိုင်ထားပြီး ရိုက်ကူးနေတာပါ။ ဒီဗီဒီယိုတွေကို frame-by-frame ခွဲခြမ်းစိတ်ဖြာ စိစစ် မှုအရ သူ့လက်ထဲမှာ လက်နက်ကိုင်ထားသည့် လက္ခဏာ မတွေ့ရပါကြောင်း သိရပါတယ်။

ဤအချက်အလက်ထုတ်ပြန်ခြင်းကြောင့် မင်နီယာပိုလစ် နှင့် အမေရိကန်ပြည်ထောင်စုရှိ အခြားမြို့များတွင် ဆန္ဒပြမှုများ ဖြစ်ပေါ်စေခဲ့ပါတယ် ။ လူသတ်မှုအမှုသည် ယခုအခါ အစိုးရ၏တရားဝင်ကြေညာ ချက် များနှင့် အထောက် အထားများ အကြား ဆန့်ကျင်ဘက်ဖြစ်မှု၏ သင်္ကေတတစ်ခု ဖြစ်လာခဲ့ပြီး ဤကိစ္စနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးမှု၏ရလဒ်များသည် ဒေသန္တရ နှင့် အမျိုးသားအဆင့်တွင် ကျယ်ပြန့်သော ဥပဒေရေးရာနှင့် နိုင်ငံရေးဆိုင်ရာ အကျိုးဆက်များ ရှိလာမည်ဟု မျှော်လင့်ရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha