အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ အစီရင်ခံစာအရ သမ္မတဒေါ်နယ်ထရမ့်၏ တင်းကျပ်သော လူဝင်မှုကြီးကြပ် ရေးမူဝါဒ များကို ဆန့်ကျင်သည့် လူထုတုံ့ပြန်မှုသည် အမေရိကန်ပြည်ထောင်စုတွင် ပိုမိုပြင်းထန်လာပြီး၊ နိုင်ငံ၏ မြို့ အသီးသီး တွင် ဆန္ဒပြမှုများနှင့် သပိတ်မှောက်မှုများ ဆက်လက်ဖြစ်ပွားနေပါတယ်။ ပြင်းထန်သော အအေးဒဏ်၊ နှင်းကျ ခြင်းနှင့် လေပြင်းတိုက်ခတ်မှုများကြားမှ လူထောင်ပေါင်းများစွာသည် လမ်းမများပေါ်ထွက်ခဲ့ကြခြင်း ဖြစ်ပါတယ်။
နယူးယောက်တွင် ဆန္ဒပြသူများသည် Union Square မှ ဆန္ဒပြပွဲကို စတင်ခဲ့ပြီး နောက်ပိုင်းတွင် မြို့၏ လမ်းများတစ်လျှောက် ချီတက်ခဲ့ကြပါတယ်။ သတင်းတစ်ပုဒ်အရ ဆန္ဒပြသူများသည် အမေရိကန် လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်များ၏ မကြာသေးမီက ဖမ်းဆီးမှုများ၊ အထူးသဖြင့် အသက်ငါးနှစ် အရွယ် ကလေး တစ်ဦးကို ဖမ်းဆီးခြင်းအပေါ် မကျေနပ်မှုကို ပြင်းထန်စွာဖော်ပြခဲ့ကြပါတယ်။
အခြားတစ်ဖက်တွင် မင်နီဆိုတာတွင်လည်း ကြီးမားသောဆန္ဒပြပွဲများကို တွေ့မြင်ခဲ့ရပြီး လူထောင် ပေါင်းများ စွာသည် ချီတက်ခဲ့ကြပြီး စီးပွားရေးလုပ်ငန်းရာပေါင်းများစွာသည် တစ်ရက်ကြာ သပိတ်မှောက်ခဲ့ကြပါတယ်။ဆန္ဒ ပြပွဲ များ အတွင်း သင်းအုပ်ဆရာ တစ်ရာကိုလည်း ဖမ်းဆီးခဲ့ကြပါတယ်။
ပြင်းထန်သော ရာသီဥတုအခြေ အနေများ ရှိနေသော်လည်း ဆန္ဒပြသူများသည် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ထိန်းသိမ်းရေးအဖွဲ့ (ICE) ၏ လုပ်ဆောင်ချက်များနှင့် ထရမ့်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးမူ ဝါဒများ ကို ငြင်းပယ်ကြောင်း ရှင်းရှင်း လင်းလင်း ပြောကြားခဲ့ကြပါတယ်။ ရဲများသည် မင်နီယာပိုလစ်၊စိန့်ပေါလ် အပြည်ပြည်ဆိုင်ရာလေဆိပ် အပါအဝင် နေရာအချို့တွင်လည်း ဆန္ဒပြသူများကို ဖမ်းဆီးခဲ့ကြပါတယ်။
မှတ်သားစရာနှင့် စဥ်းစားစရာအချက်မှာ မိမိနိုင်ငံ အတွင်း နိုင်အောင် မထိန်းနိုင်သူ ၊ မိမိနိုင်ငံ ၏ ပြည်သူများ၏ ဆန္ဒကို မလိုက်ရောပေးနိုင်သည့် ထရမ့်က အီရန် ပြည်သူ ဆန္ဒ ကို လိုက်ရော ကူညီမည်ဆိုသည့် အချက် ပင်ဖြစ် ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment