၁၁ ဖေဖော်ဝါရီ ၂၀၂၆ - ၂၃:၄၄
အီရန် နိုင်ငံတစ်ဝှမ်းမှာ အစ္စလာမ့်တော်လှန်ရေး အောင်ပွဲ ၄၇ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် လူထုလှုပ်ရှားမှုများ ပြုလုပ်

အစ္စလာမ့်တော်လှန်ရေးအောင်ပွဲ (၄၇) နှစ်မြောက် အခမ်းအနား ၊ ဗဲဟ်မန် ၂၂ရက်နေ့ ၏ အဓိက ချီတက်ပွဲများကို အီရန်နိုင်ငံ တစ်ဝှမ်းတွင် တရားဝင် စတင်ခဲ့ပြီး (၄၇) နှစ်ကြာ ရုန်းကန်မှု ၊ ဇွဲလုံ့လနှင့် နိုင်ငံတော်အာဏာကို ဂုဏ်ပြုရန် အတွက် ပြည်သူများ အများအပြား ၎င်းတို့၏ နေအိမ်များမှ ထွက်ခွာလာခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ အစီရင်ခံစာအရ အီရန် နိုင်ငံ မြို့တော် တီဟီရန် တွင် ပါဝင်သူများသည် နံနက် ၉ နာရီ ၃၀ မိနစ်တွင် အဓိကစုဝေးပွဲကျင်းပမည့် နေရာအသီးသီးမှ အာဇာဒီ ရင်ပြင်သို့ လာရောက်ခဲ့ကြပါတယ်။

အီရန်အစိုး အရာရှိများ၏ အဆိုအရ နိုင်ငံတစ်ဝှမ်းရှိ နေရာပေါင်း ၁၄၀၀ ကျော်တွင် စုဝေးပွဲများ ကျင်းပခဲ့ ကြောင်းသိရပါတယ်။

တရားဝင်စာရင်းဇယားများအရ ပြည်တွင်းသတင်းထောက် ၇၂၀၀ ခန့်နှင့် နိုင်ငံခြားသတင်းထောက် ၂၀၀ ခန့်သည် အခမ်းအနားများကို သတင်းယူရန် တက်ရောက်ကြခဲ့ကြပါတယ်။

မကြာသေးမီရက်များအတွင်း အဆင့်မြင့်အရာရှိများနှင့် အဖွဲ့အစည်းအမျိုးမျိုးက ပြည်သူလူထုအား အပြည့် အဝပါ ဝင်ရန် မေတ္တာရပ်ခံခဲ့ကြပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ က မိမိ ၏သဝဏ်လွှာတွင် လူအများအပြား တက်ရောက်လာခြင်းကို အမျိုးသားစည်းလုံးညီညွတ်မှု၏ လက္ခဏာ တစ်ရပ်အဖြစ် မိန့်ကြားခဲ့ပြီး အီရန်  သမ္မတကမူ လူအများအပြား တက်ရောက်လာခြင်းသည် ပြင်ပ ဖိအားများ အပေါ် အများပြည်သူ၏ တုံ့ပြန်မှုတစ်ခုအဖြစ် ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့ညတွင် နှစ်ပတ်လည် ဖဂျ်ရ်ပွဲတော်၏ တစ်စိတ်တစ်ပိုင်းအဖြစ် တီဟီရန်ပြည်နယ် အပါအဝင် မြို့အသီးသီးတွင် မီးရှူးမီးပန်းများနှင့် ကြွေးအလ္လာဟ်ဟို အက္က်ဗရ် ၏ ကြွေးကြော်သံများ ပဲ့တင်ထပ်ခဲ့ပါတယ်။

တီဟီရန် မြို့တော်တွင် စုဝေးပွဲအတွက် လမ်းကြောင်းများစွာကို သတ်မှတ်ထားပြီး ဗလီဝတ်ကျောင်းတော် အသီးသီး နှင့် အရေးကြီးသောနေရာများမှ စတင်ကာ အာဇာဒီရင်ပြင်တွင် အဆုံးသတ်ခဲ့ပါတယ်။

လက်ရှိအခြေအနေများတွင် ဤစုဝေးပွဲများသည် နိုင်ငံရေးနှင့် လူမှုရေးအရ အရေးပါမှုရှိပြီး အများပြည်သူ ပါဝင်မှုကို ပြသခြင်းဖြစ်သည်ဟု အစိုးရ အရာရှိများက ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha