၁၄ ဖေဖော်ဝါရီ ၂၀၂၆ - ၁၄:၄၇
အမျိုးသားညီညွတ်မှုနှင့် အားကောင်းသော အီရန်သာလျှင် ကယ်တင်ရေး၏ တစ်ခုတည်းသော လမ်းကြောင်း ဖြစ်ကြောင်း အာယာသွလ္လာဟ် ဆယက်ဒ် စအီဒီ ပြောကြား

အီရန်အစ္စလာမ်မီတော်လှန်ရေး အောင်မြင်မှုနှစ်ပတ်လည် အခမ်းအနားများ နှင့် လှည့်လည်ဆန္ဒပြချီတက် ပွဲများတွင် ပြည်သူများ အပြည့်အဝ ပါဝင်လာခြင်းကို အစ္စလာမ်မီ စနစ်အပေါ် ပြည်သူ့ထောက်ခံမှု၏ ပြတ်သား သော လက္ခဏာအဖြစ် ကြောင်း လက်ရှိ အရေးကြီး သောအခြေအနေများ အောက်တွင် အမျိုးသားညီညွတ်မှုကို ထိန်းသိမ်းကာကွယ်ခြင်းသည် အလွန်အရေးကြီးဆုံး လိုအပ်ချက်ဖြစ်ကြောင်းလည်း အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ် စအီဒီ မှ မိန့်ကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawzahnews သတင်းဌာန ၏ အစီရင်ခံစာအရ သောကြာနမာဇ် ခွသ်ဗဟ် တွင် မကြာသေးမီက ပြုလုပ်ခဲ့သော အီရန်အစ္စလာမ်မီတော်လှန်ရေး အောင်မြင်မှုနှစ်ပတ်လည် နေ့ အတွက်  လှည့်လည်ချီတက် ပွဲများတွင် ပြည်သူ များ အများအပြားနှင့် စနစ်တကျ ပါဝင်ခဲ့ခြင်းသည် အီရန်ပြည်သူများသည် မိမိ တို့၏ နိုင်ငံရေးစနစ်ကို ခိုင်မာစွာ ထောက်ခံနေကြောင်း ထပ်မံ သက်သေပြခဲ့သည်ဖြစ်ကြောင်း ထို့ပြင် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ  ၏ သတင်းစကားကို ကိုးကား၍ အမျိုးသား ညီညွတ်မှုကို မည်သည့်အခြေအနေတွင်မဆို ရခြင်းသည် ယနေ့အချိန်၏ အရေးအပါဆုံး တာဝန်ဖြစ် ကြောင်း မိန့်ကြား ခဲ့ပါတယ်။

အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ် စအီဒီ  က ဆက်လက်ပြီး “အားကောင်းသော အီရန်” ကို မဟာဗျူဟာဆိုင်ရာ အယူအဆတစ်ခုအဖြစ် သတ်မှတ်ပြီး ၎င်း၏ရည်ရွယ်ချက်မှာ စီးပွားရေး၊ ယဉ်ကျေးမှု၊ ကာကွယ်ရေးနှင့် လူမှုရေးကဏ္ဍများတွင် နိုင်ငံကို ကိုယ်တိုင်လုံလောက်ပြီး အားကောင်းစေခြင်းဖြစ်ကြောင်း အီရန်နိုင်ငံအတွက် ယင်းအရေးပါမှုသည် ပိုမိုမြင့်မားသည် ကြောင်း အကြောင်းမှာ နိုင်ငံသည် အမေရိကန်အပါအဝင် ကမ္ဘာ့ အင်အားကြီးနိုင်ငံများ ၏ ဖိအားများကို ရင်ဆိုင်နေရသောကြောင့်ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ထပ်လောင်း၍ အမေရိကန် မူဝါဒများကို ပြင်းထန်စွာ ဝေဖန်ကာ ဝါရှင်တန်က ဒေသတွင်းတွင် အီရန်ကို ဆန့်ကျင်သော စစ်ရေးအမှားကြီးတစ်ခု ပြုလုပ်ပါက ပြင်းထန်သော အကျိုးဆက်များကို ရင်ဆိုင်ရမည်ဟု သတိ ပေးမိန့်ကြားပြီး ထို့အပြင် “အမေရိကန် ကျဆုံးပါစေ” ဟူသော ကြွေးကြော်သံသည် အမေရိကန် ပြည်သူများကို မဟုတ်ဘဲ အမေရိကန် အစိုးရ၏ မူဝါဒများကို ဆန့်ကျင်ခြင်းသာဖြစ်ကြောင်းလည်း ရှင်းလင်း မိန့်ကြား ခဲ့ပါတယ်။

ယဉ်ကျေးမှုဆိုင်ရာ အမှတ်လက္ခဏာနှင့် လူနေမှုပုံစံသည် အမျိုးသားအင်အား၏ အရေးကြီးသော ထောက်တိုင် တစ်ခုဖြစ်ကြောင်း မွတ်စ်သဖွာ ကမာလ် အာသာသူရ်က် နှင့် ရေဇာရှားဟ် ပဲဟ်လဝီ တို့၏ ခေတ်များ ကို ကိုးကား ကာ အနောက်တိုင်းပုံစံ ပြုပြင်ပြောင်းလဲမှုများသည် လူ့အဖွဲ့အစည်းများကို ၎င်းတို့၏ ဘာသာရေးနှင့် ယဉ်ကျေး မှုဆိုင်ရာ အမှတ်လက္ခဏာမှ ဝေးကွာစေခဲ့ပြီး ၎င်း ၏ အပျက်သဘောဆောင်သော အကျိုး သက်ရောက် မှုများ ကို ယနေ့တိုင် ခံစားနေရဆဲဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ် စအီဒီ  က ဗလီ ဝတ်ကျောင်းတော် များသည် အစ္စလာမ် လူ့အဖွဲ့အစည်း၏ ဗဟိုချက် ဖြစ်ကြောင်း ဗလီဝတ်ကျောင်းတော်များသည် ဝတ်ပြုရာနေရာများသာမက လူမှုရေးအဖွဲ့အစည်းနှင့် ဉာဏ်ရည် ဉာဏ်သွေးခုခံမှု၏ ခိုင်မာသောခံတပ်များလည်းဖြစ်ကြောင်း မကြာသေးမီက ဖြစ်ပွားခဲ့သော အဓိ ကရုဏ်းများ တွင် ဗလီ ဝတ်ကျောင်းတော် အချို့ ပျက်စီးခဲ့သော်လည်း ပြည်သူများ က ပြန်လည် တည်ဆောက် ခဲ့ပြီး မိမိ တို့၏ ဘာသာရေးနှင့် တော်လှန်ရေးဆိုင်ရာ ကတိကဝတ်ကို သက်သေပြခဲ့ကြောင်း ဗလီများ ဝတ်ကျေင်း တော် များ နှင့် ပြည်သူများ သည် ကျွန်ုပ်တို့၏ကာကွယ်ရေးတပ်ဖွဲ့၏ စစ်မှန်သော ထောက်ခံ သူများဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

သောကြာနမာဇ် ခွသ်ဗဟ် ၏ ပထမပိုင်းတွင် အာယာသွလ္လာဟ် အနေဖြင့်  ကိုယ်ကျင့်တရား (ခ) သီလ သမာဓိ နှင့် နာမ်ပိုင်းဆိုင် ရာ အကြောင်း အရာများကို ဟောကြား ခဲ့ပြီး လောက နောက်ကို မလိုက်စားရန် ဆုံးမထား သည့် တမန်တော် မိုဟမ္မဒ် (ဆွ) ၏ ဟဒီးစ်တစ်ခုကိုဟောကြားခဲ့ပါတယ်။ ကုရ်အာန်ကျမ်းတော်မြတ် ၏ စူရာ အယ်လ်ဖသ်ဟ် ၏ အာယသ်တော် တစ်ပါး ကို ကိုးကားပြီး စစ်မှန်သော စွမ်းအားသည် အလ္လဟ်ဟို အရှင်မြတ် သခင်ထံတွင် ရှိပြီး သောင်ဗဟ် (ခ) ဝင်ချတောင်းပန်ခြင်း နှင့် နှလုံးသားကို သန့်စင်ခြင်းသည် အလ္လာဟ် ၏ ခွင့်လွှတ် ပေးသနားခြင်း ရရှိဖို့ အတွက် လိုအပ်ကြောင်းမိန့်ကြားခဲ့ပါတယ်။

အလားတူပင် အေမာမ် အလီ (အ.စ) နှင့် အေမာမ် ရေဇာ (အ.စ) တို့၏ စကားများကို ကိုးကား၍  ရှအ်ဗာန်လ၏  နောက်ဆုံး ရက်များ တွင် ဒိုအာတောင်းရန် ၊  အစ်သ်ဂ်ဖါရ် ပြုရန် နှင့် တစ်ဦး နှင့် တစ်ဦး  မကျေနပ်ချက်များကို အဆုံးသတ်ရန်  ဟောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha