အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Irna သတင်းဌာန ၏ အစီရင်ခံစာအရ အီရန် ၊ အနောက်ပိုင်း အဇာဘိုင်ဂျန်ပြည်နယ်၏ ပညာရေးဆိုင်ရာ အကြီး အကဲက ဗုဒ္ဓဟူးနေ့တွင် အူရူမီယာရှိ မိန်းကလေးကျောင်းတစ်ကျောင်းကို အမေရိကန်နှင့် ဇီယွန်ဝါဒီ အစိုးရမှ ဒုံးကျည် ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းပေးခဲ့ပါတယ်။
ဆက်လက်ပြီး ဤကြမ်းတမ်းသော အမေရိကန်၊ဇီယွန်ဝါဒီ တိုက်ခိုက်မှုတွင် ကံအားလျော်စွာ လူအသက်ဆုံးရှုံးမှု မရှိခဲ့ သော်လည်း ကျောင်းမှာမူ လုံးဝ ပျက်စီးသွားကြောင်း ပြောကြားခဲ့ပါတယ်။
အဇာဘိုင်ဂျန်ပြည်နယ်၏ ပညာရေးဆိုင်ရာ အကြီးအကဲ က ကျောင်းများ၊ ပညာရေးဌာနများ၊ ဆေးရုံများနှင့် လူနေ ရပ်ကွက်များကို တိုက်ခိုက်ခြင်းသည် အီရန်ပြည်သူများ၏ ရန်သူများ၏ အလွန် ရက်စက်ကြမ်းကြုတ်မှုနှင့် သားရဲတိရစ္ဆာန်ဆန်မှုကို ဖော်ပြနေခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပါတယ်။

လူအခွင့်အရေးဟု ညာသံပေးနေပြီး ယခုလို လူမဆန်သည့် လုပ်ရပ်များကို ဆက်တိုက် ကျူးလွန်နေသည့် အမေရိကန် နှင့် အစ္စရေးကို ထောက်ခံ အားပေးသူများသည် ၎င်းတို့ကဲ့သို့ လူယုတ်မာ လူဆိုးလူမိုက် ၊ အကြင်နာ တရားမရှိသူများ နှင့် ထောက်ပံ့ကြေးရနေသူများသာဖြစ်ပေမည်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment