၅ မတ် ၂၀၂၆ - ၀၉:၀၄
အမေရိကန်နှင့် အစ္စရေးတို့က အီရန်၏ မိန်းကလေးကျောင်းတစ်ကျောင်းကို ထပ်မံ လေကြောင်းမှ တိုက်ခိုက်

မီနာဗ်ရှိ မိန်းကလေးကျောင်းကို အမေရိကန်နှင့် အစ္စရေးတို့က လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ကလေးငယ် ၁၆၅ ဦးကို အစုလိုက်အပြုံလိုက် ရှဟီးဒ် ဖြစ်ခဲ့ပါတယ်။ ဤရက်စက် ယုတ်မာသည့် သတ်ဖြတ်မှုအား အီရန်ပြည်သူတို့၏ စိတ်ထဲမှ မေ့ပျောက်နိုင်ခြင်း မရှိသေးမီ မတ်လ၄ရက်နေ့ ၂၀၂၆ခုနှစ် တွင်လည်း အူရူမီယာရှိ မိန်းကလေး ကျောင်းတစ်ကျောင်းကို ထပ်မံ တိုက်ခိုက်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Irna သတင်းဌာန ၏ အစီရင်ခံစာအရ အီရန် ၊ အနောက်ပိုင်း အဇာဘိုင်ဂျန်ပြည်နယ်၏ ပညာရေးဆိုင်ရာ အကြီး အကဲက ဗုဒ္ဓဟူးနေ့တွင် အူရူမီယာရှိ မိန်းကလေးကျောင်းတစ်ကျောင်းကို အမေရိကန်နှင့် ဇီယွန်ဝါဒီ အစိုးရမှ ဒုံးကျည် ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းပေးခဲ့ပါတယ်။

ဆက်လက်ပြီး ဤကြမ်းတမ်းသော အမေရိကန်၊ဇီယွန်ဝါဒီ တိုက်ခိုက်မှုတွင် ကံအားလျော်စွာ လူအသက်ဆုံးရှုံးမှု မရှိခဲ့ သော်လည်း ကျောင်းမှာမူ လုံးဝ ပျက်စီးသွားကြောင်း ပြောကြားခဲ့ပါတယ်။

အဇာဘိုင်ဂျန်ပြည်နယ်၏ ပညာရေးဆိုင်ရာ အကြီးအကဲ က ကျောင်းများ၊ ပညာရေးဌာနများ၊ ဆေးရုံများနှင့် လူနေ ရပ်ကွက်များကို တိုက်ခိုက်ခြင်းသည် အီရန်ပြည်သူများ၏ ရန်သူများ၏ အလွန် ရက်စက်ကြမ်းကြုတ်မှုနှင့် သားရဲတိရစ္ဆာန်ဆန်မှုကို ဖော်ပြနေခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပါတယ်။

အမေရိကန်နှင့် အစ္စရေးတို့က အီရန်၏ မိန်းကလေးကျောင်းတစ်ကျောင်းကို ထပ်မံ လေကြောင်းမှ တိုက်ခိုက်

လူအခွင့်အရေးဟု ညာသံပေးနေပြီး ယခုလို လူမဆန်သည့် လုပ်ရပ်များကို ဆက်တိုက် ကျူးလွန်နေသည့် အမေရိကန် နှင့် အစ္စရေးကို ထောက်ခံ အားပေးသူများသည် ၎င်းတို့ကဲ့သို့ လူယုတ်မာ လူဆိုးလူမိုက် ၊ အကြင်နာ တရားမရှိသူများ နှင့်  ထောက်ပံ့ကြေးရနေသူများသာဖြစ်ပေမည်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha