၅ မတ် ၂၀၂၆ - ၁၅:၀၉
အေမာမ်ခါမေနာအီ (ရ.ဟ)ကို ရှဟီးဒ်လုပ်ခဲ့သည့်အတွက်  ကြီးမားသော ပေးဆပ်မှုကို ပေးဆောင် ရမည် ဖြစ် ကြောင်း ထရမ့် အား လာရီဂျာနီ ပြောကြား

အီရန် အမျိုးသား လုံခြုံရေးကောင်စီ ဥက္ကဋ္ဌက ဒေါ်နယ် ထရမ့်အား အေမာမ်ခါမေနာအီ (ရ.ဟ)ကို ရှဟီးဒ် လုပ်ခဲ့ သည့် အတွက် ကြီးမားသော ပေးဆပ်မှုကို ပေးဆောင် ရမည် ဖြစ်ကြောင်း သတိပေးပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ အစီရင်ခံစာအရ အီရန် အမျိုးသား လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ အလီ လာရီဂျာနီ က ထရမ့်သည် နေတန်ယာဟု ၏ ဒရာမာဆန်သော လှုပ်ရှားမှုများနှင့်အတူ အမေရိကန် ပြည်သူများကို အီရန်နှင့် ဆန့်ကျင်သည့် ကြောက်ရွံ့မှုအပြည့် စစ်ပွဲအတွင်း သွင်းပို့လိုက်ကြောင်း ပြောကြားခဲ့ပါတယ်။

လာရီဂျာနီက  ဆက်လက်ပြီး  ယခု ရက်အနည်းငယ်အတွင်း အမေရိကန် စစ်သား ၅၀၀ ကျော် သေဆုံးခဲ့ပြီး နောက် ယခုတိုင်အောင်ပင် အမေရိကန်က ပထမလား?  ဒါမှမဟုတ် အစ္စရေးလား? ဟု စဥ်းစားရန် မေးခွန်း ထုတ်ခဲ့ပါတယ်။

လာရီဂျာနီက နိဂုံးချုပ် ပြောကြားရာတွင်  အေမာမ်ခါမေနာအီ (ရ.ဟ)ကို ရှဟီးဒ်လုပ်ခဲ့ သည့် အတွက်  အင်န်ရှာ အလ္လာဟ်  ကြီးမားသော ပေးဆပ်မှုကို ပေးဆောင် ရမည် ဖြစ်ကြောင်း  ထပ်မံ ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha