အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Irna သတင်းဌာန ၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီစ္စမာအီ ဗကာအီ က အလ်အာရဗီယာ (Al‑Arabiya) တီဗွီ နှင့် အမေးအဖြေ ပြုချိန် အတွင်း အီရန်သည် အမေရိကန်နှင့် ဇီယွန်နစ်အစိုးရတို့၏ တရားမဝင်ကျူးကျော်တိုက်ခိုက်မှုများ၏ ပစ်မှတ်ဖြစ် နေကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အီရန်၏ လတ်တလော ဒေသအတွင်း လှုပ်ရှားရေးများသည်မိမိ ကိုယ်ကိုယ် ကာကွယ် နိုင်ရေး အပေါ် အခြေခံ၍ ပြုလုပ်ခြင်းများ ဖြစ်ပြီး အီရန်သည် မိမိ ၏ အိမ်နီးချင်း နိုင်ငံများကို ရန်သူ လုပ်ရန် တိုက်ခိုက်ရန် မည်သည့် ရည်ရွယ်ချက်မှ မရှိကြောင်း ပြောကြားခဲ့ပါတယ်။
အီစ္စမာအီ ဗကာအီ က အီရန်တပ်ဖွဲ့များသည် အလွန်တိကျစွာ အမေရိကန် စစ်စခန်းများ အဆောက်အဦများကို သာ ပစ်မှတ်ထား တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment