၆ ဧပြီ ၂၀၂၆ - ၁၁:၅၃
နိုင်ငံတကာဥပဒေ ပညာရှင် ၁၀၀ ကျော်က အီရန်အပေါ် ပြုလုပ်သော တိုက်ခိုက်မှုများကို စစ်ရာဇဝတ်မှုများ အဖြစ် သတ်မှတ်ခဲ့ကြ

အမေရိကန်နိုင်ငံတွင် နေထိုင်သော နိုင်ငံတကာဥပဒေ ပညာရှင် ၁၀၀ ကျော်သည် အဖွင့်စာတစ်စောင်ကို လက်မှတ် ရေးထိုးခဲ့ပြီး၊ အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချကာ ဤလုပ်ရပ်များသည် ကုလသမဂ္ဂအထွေထွေစည်းမျဉ်း (UN Charter) ကို ချိုးဖောက်ခြင်းနှင့် စစ်ရာဇဝတ်မှု ဖြစ်ကြောင်းဆိုထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဲဟ်ရ် သတင်းဌာန၏ အဆိုအရ အဆိုပါစာတွင် အမေရိကန်တပ်ဖွဲ့များ ၏ လုပ်ဆောင်ပုံများနှင့် အမေရိကန် အဆင့်မြင့် အရာရှိများ၏ ပြောကြားချက်များသည် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် နိုင်ငံတကာ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်နေခြင်းနှင့် ပတ်သက်၍ စိုးရိမ်ဖွယ်ရာ အခြေအနေများ ကို ဖြစ်ပေါ်စေကြောင်း ဖော်ပြထားပါတယ်။

ပညာရှင်များက ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် စတင်ခဲ့သော အမေရိကန်၊အစ္စရေး တို့၏ တိုက်ခိုက်မှုများသည် ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ၏ ခွင့်ပြုချက်မရှိဘဲနှင့် အီရန် နိုင်ငံသည် အန္တရာယ်ရှိကြောင်း ယုံကြည် စိတ်ချ ရသည့် အထောက်အထားမရှိဘဲ စတင်ခဲ့ကြောင်း သတိပေးထားပါတယ်။

စာတွင် နိုင်ငံတစ်နိုင်ငံက အခြားနိုင်ငံကို တိုက်ခိုက်ဖို့ အင်အားသုံးမှုကို ကိုယ့် ကို တကယ်တမ်း တိုက်ခိုက် လာတဲ့အခါ (မိမိကိုယ်ကို ကာကွယ်ဖို့) ဒါမှမဟုတ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က ခွင့်ပြုထားတဲ့အခါ မှသာ ပြုနိုင်ကြောင်း ထပ်မံဖော်ပြထားပါတယ်။

သို့သော် လုံခြုံရေးကောင်စီက မည်သည့်ခွင့်ပြုချက်မျှ မပေးခဲ့သလို၊ အီရန်ဘက်မှလည်း အစ္စရေး သို့မဟုတ် အမေရိကန်အပေါ် တိုက်ခိုက်မှု မရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha