၆ ဧပြီ ၂၀၂၆ - ၂၂:၃၅
အစ္စလာမ်မီ တော်လှန်ရေးအစောင့် တပ် (IRGC) ၏ ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲဗိုလ်ချုပ်ကြီး ဆယက်ဒ် မဂျီးဒ် ခါဒမီ ရှဟီးဒ် ဖြစ်

အစ္စလာမ်မီ တော်လှန်ရေးအစောင့် တပ် (IRGC) ၏ ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲဗိုလ်ချုပ်ကြီး ဆယက်ဒ် မဂျီးဒ် ခါဒမီ သည် အမေရိကန်၊ ဇီယွန်ဝါဒီ ရန်သူများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဖြစ်ပွားသော တတိယ စစ်ပွဲ အတွင်း ယနေ့ မနက်အစောပိုင်းတွင် ရှဟီးဒ်ဖြစ်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Nournews သတင်းဌာန၏ အစီရင်ခံစာအရ အစ္စလာမ်မစ် တော်လှန်ရေးအစောင့် တပ် (IRGC) က ထုတ်ပြန်သော ကြေညာချက်တစ်ရပ်အရ IRGC ထောက်လှမ်းရေးအဖွဲ့၏ အင်အားကြီးပြီး ပညာရည်မြင့်သော ဥက္ကဌ ဆယက်ဒ် မဂျီးဒ် ခါဒမီ ၏ ရှဟီးဒ်ဖြစ်မှုကို အတည်ပြုကြေညာခဲ့ပါတယ်။

ကြေညာချက်တွင် ဖော်ပြထားသည်မှာ ဤ မြင့်မြတ်သော စစ်ဗိုလ်ချုပ်သည် တော်လှန်ရေး၊ အစိုးရစနစ်နှင့် အစ္စလာမ်မစ် နိုင်ငံအတွက် သစ္စာရှိစွာနှင့် သတ္တိရှိစွာ တာဝန် ထမ်းဆောင် ခဲ့သော အနှစ် ၅၀ နီးပါးအတွင်း ထောက် လှမ်း ရေးနှင့် လုံခြုံရေးကဏ္ဍများတွင် အရေးပါပြီး ရေရှည်တန်ဖိုးရှိသော အောင်မြင်မှုများကို မှတ်တမ်း တင်ထားခဲ့ပါတယ်။

၎င်း၏ လုပ်ဆောင်ချက်များသည် အနာဂတ်နှစ်များအတွင်း နိုင်ငံ၏ ထောက်လှမ်းရေးအသိုင်းအဝိုင်းအတွက် အထူးသဖြင့် ပြည်ပရန်သူများ၏ ထိုးဖောက်ဝင်ရောက်မှုနှင့် အီရန်နိုင်ငံ၏ လုံခြုံရေးနှင့် တည်ငြိမ်မှုကို လှုပ်ရှားစေလိုသော မကောင်းသော အစီအစဉ်များကို ရင်ဆိုင်ရာတွင် လမ်းညွှန်ပေးနိုင်ခဲ့ပါတယ်။

ဤဂုဏ်ပြုထိုက်သော ရှဟီးဒ်ကျဆုံးမှုအတွက် အလ္လာဟ်၏ နောက်ဆုံးကိုယ်စားလှယ် အေမာမ် မဲဟ်ဒီ (အ.ဂျ) နှင့် ၎င်း၏ တရားဝင် ကိုယ်စားလှယ်တော် အစ္စလာမ်မစ် တော်လှန်ရေး၏ ခေါင်းဆောင်ကြီးနှင့် တပ်မတော် အထွေထွေ အမိန့်ပေးချုပ် ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ ထို့ပြင် မိသားစုဝင်များ၊ နိုင်ငံ၏ ထောက်လှမ်းရေးအသိုင်းအဝိုင်းနှင့် အထူးသဖြင့် IRGC ရှိ ၎င်း၏ အဖော်တပ်ဖွဲ့ဝင်များအား ဝမ်းနည်းကြောင်းနှင့် ဂုဏ်ပြုကြောင်း ပေးပို့ထားပါတယ်။

ထို့ပြင် အလ္လာဟ်ဟို အရှင်မြတ် ထံမှ အဆိုပါ ရှဟီးဒ်အတွက် အဆင့်မြင့်သော အကျိုးတရားများနှင့် ကရ်ဗလာ၏ ရှဟီးဒ်ခေါင်းဆောင် အေမာမ် ဟိုစိုင်းန် (အ.စ) နှင့် အတူ နေထိုင်ခွင့်ရရှိစေရန် ဆုတောင်းပြီး ကျန်ရစ်သူများနှင့် ၎င်း၏ အဖော်များအတွက် ကြံ့ကြံ့ခံခုခံ မှုနှင့် ရှဟီးဒ်ခေါင်းဆောင်များ၏ လမ်းစဉ်ကို ဆက်လက် လိုက်နာနိုင်ရန် ဆုတောင်းထားပါတယ်။

ဤရှဟီးဒ်၏ ရုပ်အလောင်းအား လိုက်ပါပို့ဆောင်ခြင်းနှင့် သင်္ဂြိုဟ်ခြင်း အခမ်းအနားများကို နောက်ပိုင်းတွင် ကြေညာပေးမည် ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha