၇ ဧပြီ ၂၀၂၆ - ၂၃:၃၈
အီရန်နိုင်ငံ ခါ့ကျွန်းပေါ်ရှိ အခြေအနေ ထိန်းချုပ်နိုင်ပြီဟု အာဏာပိုင်များ ပြောကြား

အီရန် နိုင်ငံ ခါ့ကျွန်းပေါ်တွင် ဖြစ်ပွားခဲ့သည့် အခြေအနေများအား လက်ရှိတွင် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Irannews Ur သတင်းဌာန၏အစီရင်ခံစာအရ အကြမ်းဖက် အမေရိကန် နှင့် အကြမ်းဖက် အစ္စရေးတို့၏ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ကျွန်းပေါ်ရှိ အခြေအနေများကို လုံခြုံရေးအဖွဲ့များက ချက်ချင်း တုံ့ပြန်ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ ထိုသို့ ဆောင်ရွက်ခဲ့ခြင်းကြောင့် လက်ရှိတွင် ကျွန်းပေါ်ရှိ အခြေ အနေများ ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ဆိုပါတယ်။

ထို့ပြင် တိုက်ခိုက်မှုများကြောင့် ကျွန်းပေါ်ရှိ အခြေခံအဆောက်အအုံများတွင် ထင်ရှားသော ပျက်စီးမှုများ မရှိကြောင်းလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားထားပါတယ်။

လက်ရှိတွင် လုံခြုံရေးအခြေအနေများကို ဆက်လက် စောင့်ကြည့်လျက်ရှိပြီး ဒေသခံများ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများကို ဆက်လက် လုပ်ဆောင်နေကြောင်း သိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha