၇ ဧပြီ ၂၀၂၆ - ၂၃:၅၉
ဟော်မုဇ်ရေလက်ကြားဆိုင်ရာ ဘာရိန်း၏ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ပယ်ချ

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တင်သွင်းခဲ့သည့် ဟော်မုဇ်ရေလက်ကြားဆိုင်ရာ ဘာရိန်းနိုင်ငံ၏ ဆုံးဖြတ် ချက် မူကြမ်းကို ပယ်ချလိုက်ကြောင်း သိရပါတယ်။ ယင်းဆုံးဖြတ်ချက်မူကြမ်းအား မဲပေးဆုံးဖြတ်ရာ တွင် ရုရှားနှင့် တရုတ်နိုင်ငံတို့က ဗီတိုအာဏာကို အသုံးပြုကာ ပယ်ချခဲ့ကြောင်း ကုလသမဂ္ဂမှ သတင်းရရှိပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘာရိန်းက တင်သွင်းခဲ့သည့် အဆိုပါ မူကြမ်းမှာ ဟော်မုဇ်ရေလက်ကြားဒေသအတွင်း လုံခြုံရေးနှင့် ရေကြောင်း သယ်ယူပို့ဆောင်ရေး အခြေအနေများနှင့် သက်ဆိုင်သည့် အချက်အလက်များကို အဓိကထား ဆွေးနွေးထားသည့် မူကြမ်း ဖြစ်ကြောင်း သိရသည်။

သို့သော် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ရုရှားနှင့် တရုတ်တို့က ဗီတိုအာဏာ အသုံးပြုခဲ့ခြင်းကြောင့် ယင်းဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုနိုင်ခြင်း မရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြ ထားပါတယ်။

ယခုကဲ့သို့ ဗီတိုအာဏာ အသုံးပြု၍ ပယ်ချခြင်းကြောင့် ဟော်မုဇ်ရေလက်ကြားဒေသဆိုင်ရာ အရေးကိစ္စများကို ဆက်လက် ဆွေးနွေးရန် လိုအပ်နေဆဲ ဖြစ်ကြောင်းလည်း သိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha