၈ ဧပြီ ၂၀၂၆ - ၂၃:၅၅
အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ် က လက်ဘနွန်အရေးအပေါ် တုံ့ပြန်မည်ဟု သတိပေး

အီရန်၏ အစ္စလာမ်မစ်တော်လှန်ရေးအစောင့် တပ်ဖွဲ့ (IRGC) က လက်ဘနွန် နှင့် ပတ်သက်သည့် အခြေ အနေများအပေါ် မိမိတို့၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သွားမည်ဖြစ်ကြောင်းနှင့် ကျူးကျော်မှု များကို ပြင်းထန်စွာ တုံ့ပြန်သွားမည်ဟု ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ် (IRGC )အဖွဲ့ဘက်မှ ထုတ်ပြန်ချက်အရ လက်ဘနွန်ဒေသ၏ လုံခြုံရေးနှင့် ဒေသတွင်း မိတ်ဖက်အဖွဲ့များကို ကာကွယ်ရန် အီရန်ဘက်မှ တာဝန်ရှိကြောင်း အလေးပေး ပြောဆိုခဲ့ပါတယ်။ ထို့အပြင် ဒေသတွင်း၌ ကျူးကျော်မှုများ သို့မဟုတ် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွား လာပါက “ကျူးကျော်သူများ နောင်တရစေမည့်” အထိ ပြင်းထန်သော တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဟု သတိပေးခဲ့ပါတယ်။

လက်ဘနွန်နှင့် အနီးအနားဒေသများတွင် တင်းမာမှုများ မြင့်တက်နေသည့်အချိန်တွင် IRGC ၏ ထုတ်ပြန်ချက် သည် ဒေသတွင်း လုံခြုံရေးအခြေအနေများအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း သုံးသပ်သူများက ပြောကြားထားပါတယ်။

မှတ်သားစရာအချက်တစ်ခုမှာ အမေရိကန် နှင့် အစ္စရေးသည် ကတိမတည်သည့်နိုင်ငံ၊ သစ္စာမဲ့သည့် နိုင်ငံများ ဖြစ်ကြပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha